မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ပရိဘောဂစက်ရုံတွင် တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား |
|
|
Thursday, 06 September 2012 02:48 |
မီးလောင်ရသည့် အကြောင်းအရင်းမှာ စက်ရုံညစောင့်- - -(၁၉နှစ်)သည် အိပ်ယာပေါ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ တစ်နာရီနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းမီးလောင်မှုကြောင့် သွပ်မိုးထရံကာ အဆောက်အဦလေးလုံး၊ သစ်မာပယ်သား ၁၀ တန်နှင့် ၀ါပိဿာချိန် ၂၀၀ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၈၀၄၀၀၀၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၅၂ စီး၊ မိတ်ဘက်ရေသယ်ယာဉ်တစ်စီး၊ မီသတ်တပ်ဖွဲ့ဝင် ၄၀ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀တို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်းနှင့် ညစောင့်---အား ပ-၅၂၃/၂၀၁၂၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။ |
No comments:
Post a Comment