ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကမ္ဘောဇ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်နှင့် ရွှေတောင် ကုမ္ပဏီတို့နှင့် အခြားကုမ္ပဏီကြီး ၁၂ ခုသို့ လုပ်ကိုင်ခွင့် ချထားပေး |
Thursday, 06 September 2012 02:17 |
ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၁၂ ခုမှာ Apex Insurance International Co,ltd ၊ I.K. B.Z Insurance International Co,ltd၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြ၀တီအာမခံကုမ္ပဏီလီမိတက်၊ Great Future International Insurance Co,ltd၊ Capital Life Ltd Insurance Application ၊ Global Standard Insurance Public Co,Ltd ၊ Green Asia Insurance Co,Ltd၊ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ၀န်ဆောင်မှုကုမ္ပဏီလီမိတက်၊ Pillar of Truth Insurance Co,Ltdိ၊ နိုင်ငံသားစီးပွားရေး အာမခံအများပိုင်လီမိတက်၊ မြင့်မိုရ်မင်းအာမခံကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံအမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေအာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံနှင့် သမာဓိအာမခံတို့ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်သူများသည် Paid-up Capital မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်းလုပ် ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းခြောက်ထောင်(၄၆ဘီလီယံ)ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံမြေနေရာတို့ကိုလည်း တင်ပြရပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း ရှစ်ချက်ဖြင့်လည်း ကိုက်ညီသူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''အခုပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ အေးရှားဝေါလ်၊ Diamond Star၊ ရွှေတောင်အုပ်စု၊ ရေနံပိုက်လိုင်းကုမ္ပဏီ၊ ကားကုမ္ပဏီ အစရှိတဲ့ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ပါဝင်ပါတယ်။ ဒီအထဲကမှ Capital Life Ltd Insurance Application၊ နိုင်ငံသား စီးပွားရေးအာမခံအများပိုင်လီမိတက်နဲ့ မြင့်မိုရ်မင်းအာမခံကုမ္ပဏီတွေက အသက်အာမခံလုပ်ငန်းကိုပဲ သီးခြားလုပ်ကိုင်သွားမှာပါ။ ကျန်တဲ့ကုမ္ပဏီကိုးခုကတော့ အသက်အာမခံ နဲ့ အထွေထွေအာမခံတွဲပြီး လုပ်ကိုင်သွား မှာပါ။ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုတော့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ပြီးဆုံးပြီး အာမခံလုပ်ငန်းနဲ့ ပတ်သက်တဲ့ Training တွေပြီးဆုံးမယ့် ခြောက်လနဲ့တစ်နှစ်အတွင်းမှာ ဖွင့်လှစ်လုပ်ကိုင်ခွင့် ချပေးသွားမှာပါ''ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ဆိုသည်။ လက်ရှိတွင် ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အာမခံအမျိုးအစား ၄၁ မျိုးရှိသည့်အနက်မှ ခြောက်မျိုးကိုသာ လုပ်ကိုင်ခွင့်ချပေးသွားမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ငန်း၏ ခိုင်မာရပ်တည်နိုင်မှုပေါ် မူတည်ပြီး တိုးချဲ့ပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။ |
Comments
တစ်ခါလာလဲ ဒီလူတွေ၊ နောက်တစ်ခါလာလဲ ဒီလူတွေ...
လုပ်ငန်းကိုင်ငန်းကောင်းတွေဆို ဒီလူတွေမပါ၊ ဒီလူတွေမရပဲနေဦးမယ်ဗျ...
ဒါနဲ့  ရွှေတောင်ကုမ္ပဏီဆိုတာကရော အရင်က အာရှဓနဘဏ်က ဦးအိုက်ထွန်းရဲ့  အိုလံပစ်ကုမ္ပဏီကို အမည်ပြောင်းထားတာထင်ရဲ့ နော်..
အဲဒီကုမ္ပဏီကိုလဲ ပြည့်သူ့လွှတ်တော်ဥက္ကဌကြီးက စောင့်ရှောက်ကြည့်ရှုလာတာ ဗိုလ်ချုပ်ခင်ညွန့်အဖမ်းခံရပြီးကတည်းက ပါပဲတဲ့ဗျာ...
Otherwise just a Black Magic Show.
သူငယ်ချင်း သို့ ပေးစာ
သူငယ်ချင်းရေ
မြန်မာပြည် ကို ခွဲခွါသွားပြီး နိုင်ငံခြားကို ရိုးသားစွာ အသက်မွေးဝမ်းကြောင်းဖို့ ထွက်ခွါစဉ် အခါက
တိုင်းတပါးကို အထင်ကြီးသူ ဆိုပြီး မင်းတို့ရဲ့ ဝေဖန် သုံးသပ်ချက်ကို ငါ အပြုံးမပျက် ခံယူခဲ့သူပါ...။
သမာအာဇီဝ ကျကျ အသက်မွေးဝမ်းကြောင်းချင်တဲ့ ငါဟာ တိုင်းပြည်ဘဏ္ဍကို အလွဲသုံးစားလုပ်နေကြတဲ့
လူယုတ်မာများ ကြီးစိုးနေတဲ့ တိုင်းပြည်မှာ ရိုးသားစွာ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူးလို့ မင်းတို့ကို
ငါ ကိုယ်တွေ့အချက်အလက်ပေါင်းများစွာနဲ့ ရှင်းပြခဲ့တာ မှတ်မိအုံးမှာပါ.......။
အဲဒီ အချိန်က ကြားနာမှတ်သားဖူးတဲ့ စာပေဗဟုသုတ အခြေခံလေးနဲ့ ရှင်းပြခဲ့လို့ မင်းတို့ သိပ်ဘ၀င်မကျခဲ့ဘူး ။နောက်တော့
မြန်မာပြည် အနေအထားကို ငါရောက်ခဲ့ဘူးတဲ့ တိုင်းပြည်များနဲ့ နှိုင်းယဉ်ပြီး လက်တွေ့ကျကျ ရှင်းလင်းပြခဲ့တော့လည်း
မင်းတို့က လက်မခံချင်ကြဘူး ။
(အောက်သို့ဆက်ဖတ်သွားပါရန်....)
အဖြေရှာပေးဖို့ အချိန်ပေးကာ စဉ်းစားခဲ့ပါတယ် ။ ငါတွေ့ရှိခဲ့ရတဲ့ အဖြေတွေကို သူတို့ လက်မခံနိုင်ရင်တောင်
အကျိုးအကြောင်းနဲ့ ဆက်စပ်နေတဲ့ ဒီကမ္ဘာကြီးမှာ ပျက်စီးခြင်း အကြောင်းတရားကို သိရရင် ချမ်းသာခြင်း အကြောင်းတရားကိုလည်း
သိရှိနိုင်မှာ အမှန်ပါဘဲ ။ အမှားကြာ အမှန်ဖြစ်ဆိုတဲ့ ခပ်ညံ့ညံ့ လူသားတွေ သုံးစွဲနေတဲ့ စကားတွေကို နားရည်ဝပြီး အမှန်တရားကို
လက်မခံနိုင်သေးတဲ့ လူတန်းစား တရပ်ဟာ တိုင်းပြည်ကို ဖျက်စီးနေကြသူများဆိုတာတော့ အားလုံးအသိပါ........။
အဲဒီလို စိတ်ဓါတ် ယုတ်မာတဲ့ လူတွေက ဒို့ တိုင်းပြည်မှာ အထက်တန်းစား အမည်ခံထားတာတွေကို ငါ သိရှိခဲ့ရတယ် ။
ဒီလို လူတန်းစားတွေကို နေရာ အနှံ့အပြားမှာ တွေ့ရှိခဲ့ရတယ် ။
မင်းတို့ ကျင်းပတဲ့ တင်ဒါ အောင်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို မင်းဖိတ်ခေါ်လို့ ငါရောက်လာခဲ့ပါတယ် ။
မင်းတို့တွေ အစိုးရတင်ဒါ အောင်မြင်မှု အတွက် ဒေါ်လာ သန်းနဲ့ချီပြီး အမြတ်ရတဲ့ ဒီညစာစားပွဲရဲ့ ခမ်းနားမှုကိုတော့
ငါ အသိအမှတ်ပြုပါတယ် ။ ဒါပေမယ့် မင်းတို့တွေ အချင်းချင်း ပြောလိုက်တဲ့ စကားတွေက ငါ့ပါးစပ်ဖျားက
စားစရာလေး ပြုတ်ကျသွားစေခဲ့သလို ၊ ကိုင်ထားတဲ့ အရက်ခွက်လေး ဖိတ်စင်ကျသွားစေခဲ့တယ် ။
ဆုံးဖြတ်ချက် တခုကို သေချာစွာ ချပြီး ငါထပြန်ခဲ့တော့ ဘာအလိုမကျတာ ရှိလည်း သူငယ်ချင်းဆိုတဲ့ မင်းမေးခွန်းကို
ငါမဖြေချင်ခဲ့လို့ ဒီအတိုင်းဘဲ လှည့်ထွက်သွားခဲ့တာပါ ။
ဒေါ်လာ တစ်ရာတန် ပစ္စည်းတခုကို ဒေါ်လာ တစ်သောင်းနဲ့ တင်ရောင်းလိုက်လို့ ရရှိလာတဲ့ ဒီအမြတ်အစွန်းကို
မင်းတို့ အချင်းချင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတဲ့ အသံကို ကြားတော့ ၊ မင်းတို့ ပြင်ဆင်ထားတဲ့ ဈေးအကြီးဆုံး စားကောင်း
သောက်ဖွယ်တွေ ငါကြည့်နေပေမယ့် ငါ့မျက်လုံးထဲမှာ စားစရာ မရှိလို့ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်လေးတွေ ၊
ပညာမသင်နိုင်လို့ အလုပ်ကြမ်းတွေ လုပ်နေကြတဲ့ ကလေးငယ်လေးတွေ ၊ မီးမလာလို့ ဒုက္ခများနေကြတဲ့ အခြေခံ လူတန်းစားတွေ ၊ ဘေးဒုက္ခအမျိုးမျိုးကြောင့် စိတ်ဆင်းရဲကာ ဒုက္ခရောက်နေကြသူတွေကိုငါမြင်ယောင်မိတယ်..........။
ဒို့ တိုင်းသူပြည်သားတွေရဲ့ အသွေးအသားတွေကို ပွဲတော်တည်နေကြတဲ့ မင်းတို့ အသိုင်းအ၀ိုင်းက အောင်ပွဲခံတဲ့
အခမ်းအနားတွေမှာ ၀င်ရောက် ဆင်နွှဲဖို့ အသာထား ၊ သတင်းကြားရရင်တောင် စိတ်ပျက်စရာကောင်းလွန်းလို့
နောက်ဆို မဖိတ်ပါနဲ့လို့ တောင်းပန်ပါတယ် သူငယ်ချင်းရယ် ။
ငါ့အတွေးအခေါ် အတွက် မင်းတို့လို စိတ်ဓါတ်အောက်တန်းကျသူတွေ ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ် ၊ အများမိုးခါးရေ သောက်သုံးနေကြ
တဲ့ အချိန်မှာ သောက်သုံးရမှာဘဲလို့ တွေးနေကြသူတွေကို ငါမေးချင်တာ တခုကတော့ အဲဒီလို မိုးရေ ခါးသွားအောင် လုပ်ဆောင်
သွားတာ ဘယ်သူတွေလည်း ။ စနစ်ကို လွဲချပြီး တိုင်းပြည်ကို နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နေတာ ဘယ်သူတွေလည်း ။
ကိုယ်နေထိုင်တဲ့ တိုင်းပြည် အတွက် အကျိုးရှိအောင် ဘာတခုမှ မလုပ်ပေးနိုင်ရင်တောင် တိုင်းပြည်ကို ၀ိုင်းပြီး
ဖျက်စီးတဲ့ထဲမှာ ကိုယ်တိုင် ၀င်မပါမိအောင်တော့ ကြိုးစားနေထိုင်သင့်ပါတယ်ကွာ။
လူယုတ်မာတွေထဲမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတယ် ဆိုတာကို မသိတဲ့ မင်းလို လူစားတွေ အများကြီး ရှိသေးတယ် ဆိုတာ
ငါသိခဲ့ရလို့ စဉ်းစားမိအောင် ဒီစာလေးကို ရေးပြီး အသိပေးတာပါ ။
အစိုးရဆိုတာ နဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ကို ရိုက်ဂွင် လို့ ယူဆထားတဲ့ စီးပွားလုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာ ၉၉ ရာခိုင်းနှုန်းခန့်ရှိပါတယ် ။
အစိုးရ တင်ဒါ ဆိုတာ တိုင်းပြည် အတွက် အမှန်တကယ် လိုအပ်နေသော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အသုံးချပြီး ဈေးနှုန်း ချိုသာစွာ
ဝယ်ယူခွင့်ရနိုင်ဖို့ သုံးစွဲတဲ့ စနစ် တမျိုးပါ ဆိုတာ စီးပွားရေးလောက မှာ ကျင်လည်နေတဲ့ လူသားအားလုံး နည်းလည်ပြီးသားပါကွာ။
ဒါပေမယ့် ဒို့တိုင်းပြည်မှာတော့ တရားဝင် လဘ်စားနိုင်ရန် ကုန်ပစ္စည်း ပေးသွင်းသူ စိတ်ကြိုက် ဈေးနှုန်းဖြင့် ၀ယ်ယူရန် အတွက်
လာဘ်ငွေ အများဆုံးပေးနိုင်သူကို ရွေးချယ်သော စနစ်လို့တောင် အမည်ပြောင်းပေးရမလို ဖြစ်နေပြီ ။
အစိုးရ ဌာနတိုင်းဟာ အသေးအဖွဲ ပစ္စည်းလေးက စလို့ တင်ဒါခေါ်နေကြတာကို ပြုပြုင်ပြောင်းလဲရေး လုပ်ဆောင်နေပါတယ်
ဆိုတဲ့ အစိုးရက ခွင့်ပြုထားတာတွေ့ရတော့ ငါ တကယ် အံ့သြမိသလို တိုင်းပြည်ဘဏ္ဍာတွေ အမြောက်အများ ဆုံးရှုံးမှု အတွက်လည်း
ငါဝမ်းနည်းမိပါတယ် ။
ရေအားလျှပ်စစ် စီမံကိန်း အတွက် ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော် သုံးစွဲခဲ့ပေမယ့် ထင်တိုင်း မပေါက်ဘဲ ယခင် အတိုင်းလောက်ဘဲ
လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်ခဲ့တယ်လို့ သမ္မတကြီး နှုတ်ဖျားက ၀န်ခံသွားတဲ့ စကားကို ကြားရတော့ ငါဝမ်းနည်းပေမယ့် မအံ့သြတော့ပါဘူး ။
အဲဒီ သန်းပေါင်း ၆၀၀၀ ကျော်မှာ သန်းပေါင်း တစ်ထောင်လောက်က လုပ်ပိုင်ခွင့် အာဏာရရှိသူများက ကိုယ်ပိုင်ဘဏ္ဍအဖြစ် သိမ်းယူသွားကြပြီး
သန်းပေါင်း နှစ်ထောင်ကျော်လောက်က စီးပွားရေး လုပ်ငန်းရှင်များက သိမ်းပိုက်သွားကာ ကျန်ငွေများကို သက်ဆိုင်သူများက ၀ိုင်းဝန်းလဘ်စားသွားခဲ့ကြတာကို ငါတွေ့ရှိခဲ့ရတယ် ။
ဒါဟာ ငါ လေ့လာတွေ့ရှိခဲ့ရတဲ့ အချက်တွေအပေါ်ကို အခြေခံပြီး ခန့်မှန်းပြတာပါ ..တကယ့်လက်တွေ့မှာ ဒီထက်တောင် ပိုဆိုးသွား
နိုင်တယ်လို့ ငါ ယူဆမိတယ်.။
အဲဒီလို ဘက်ပေါင်းစုံက ၀ိုင်းဝန်းသုံးဆောင်ပြီး ကျန်ရစ်တဲ့ ငွေပမာဏနဲ့ တည်ဆောက်ခဲ့လို့ ဒို့တိုင်းပြည်မှာ အခုချိန်ထိလည်း လျှပ်စစ်
ဓါတ်အား မလောက်ငသေးပါဘူး ။ ဒီလိုဖြစ်အောင် လုပ်ဆောင်သွားတဲ့ လူတွေ ကိုယ်တိုင်ကဘဲ လျှပ်စစ်ဓါတ်အား အပြည့်အဝ
မရရှိခြင်းကို ပြည်သူအားလုံးနှင့် အတူ ခံစားရတဲ့ အခါ အစိုးရကို ပြန်ပြီး လက်ညိုးထိုး စွပ်စွဲနေကြတာ တွေ့ရပြန်သေးတယ် ။
ထိပ်ဆုံးက သူဌေးနဲ့ သက်ဆိုင်ရာ အရာရှိကြီးများကတော့ မီးမလာတာကို အစားထိုးဖို့ မီးစက်မောင်းနိုင်ပေမယ့် မင်းတို့ ၊ ငါတို့လို
လူတန်းစားကြတော့ ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ခံစားရတာပါဘဲ မဟုတ်ဘူးလား ။
မှန်ပေမယ့် ၊ အဲဒီလို ဖျက်စီးချင်တိုင်း ဖျက်စီးခွင့်ရတာ ကတော့ သူတို့ လုပ်သမျှကို အားပေးအားမြှောက် ပြုလုပ်နေကြတဲ့
စစ်အာဏာရှင်များနှင့် မခြား အမြတ်ကြီးစား စီးပွားရေး လုပ်ငန်းရှင်တွေ ၊ အဲဒီလို စီးပွားရေး လုပ်ငန်းရှင်များရဲ့ လုပ်ငန်းများကို
အဓိက ကူညီပံ့ပို့ပေးနေတဲ့ မင်းတို့လို တနပ်စား အလုပ်သမားတွေကြောင့်ပါကွာ ။
တိုင်းပြည်ကို ကိုယ်တိုင် ဖျက်စီးနေမှန်း မသိ ဖျက်စီးနေကြတဲ့ မင်းလို လူမျိုးတွေ ဒို့တိုင်းပြည်မှာ အများကြီးပါ ဆိုတာကို
ငါ့လေ့လာတွေ့ရှိခဲ့ရလို့ အမှားကို သိကာ အမှန်ပြင်ပါစေ ဆိုတဲ့ စေတနာနဲ့ ရေးပြီး လေးလေးနက်နက် အသိပေးလိုက်တာကို
မင်း သေချာ စဉ်းစားစေချင်ပါတယ် ကွာ ။
ငါတို့ မင်းတို့ သိပ်ကို မြတ်နိုး တန်ဖိုးထားကာ လေးစားလွန်းလို့ မြန်မာနိုင်ငံရဲ့ ကျေးဇုးရှင်လို့ တင်စားခေါ်ဝေါ်ကြတဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ( "အမှန်တရားရဲ့ လိပ်ပြာ ခုံရုံးမှာ အချိန်မရွေး ကိုယ့်ကိုကိုယ် မှတ်ကျောက်အတင်ခံရဲဖို့ လိုအပ်တယ် " )ဆိုတဲ့
လက်သုံးစကားလေး မင်းအမှတ်ရအုံးမလား မသိဘူး ။
အကယ်၍များ ငါတို့ တိုင်းပြည်က လူတွေ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒို့ဗိုလ်ချုပ် ပြောတဲ့ စကားလေးကို
မကောင်းတာ လုပ်ခါနီးတိုင်း ပြန်စဉ်းစားပေးကြရင် သိပ်ကို ကောင်းမှာလို့ ငါတွေးမိတယ် ။
တကယ်ပါ ......ငါတို့ တိုင်းပြည်ကို အခြားသော တိုင်းပြည်တွေလို အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်စေချင်တယ် ဆိုရင်
ဒို့အားလုံး ရိုးသားကြဖို့ လိုအပ်သလို ၊ အစိုးရကလည်း တရားမျှတသော စနစ်ကို မှန်ကန်စွာ ကျင့်သုံးဖို့ လိုအပ်ပါတယ် ။
လက်ရှိ အစိုးရဟာ လဘ်ပေးလဘ်ယူမှုတွေကို ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ် ကြွေးကြော်နေကြပေမယ့်
အခုချိန်ထိတော့ ဒို့တိုင်းပြည်မှာ အဲဒီ စနစ်ကြီးက အရှိန်အဟုန် ပြင်းစွာနဲ့ လည်ပတ်နေဆဲပါဘဲ ။
အဲဒါ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ စနစ်ကြီးနဲ့ ရှင်သန်ကြီးပြင်းခဲ့တဲ့ လူတန်းစားတစုက အုပ်ချုပ်သူနေရာကို ရယူထားသလို
အဲဒီစနစ်ကို အားပေးခဲ့သူများက တိုင်းပြည်ရဲ့ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်နေကြလို့ပါဘဲ သူငယ်ချင်းရေ ။
တိုင်းပြည်ကို တိုးတက် ကောင်းမွန်အောင် မလုပ်နိုင်ကြရင် နေပါစေ.....။တိုင်းပြည်ကို ၀ိုင်းဝန်း ဖျက်စီးကြတဲ့ လူတွေထဲမှာ
မင်းတို့ မပါအာင် ကြိုးစားစေချင်တာ ငါတို့ တိုင်းပြည်လေးကို ငါတကယ်ချစ်လို့ပါဆိုတာ တနေ့ မင်းနားလည်လာမှာပါကွာ...။
ခင်မင်လေးစားလျှက်
ဗမာ့သွေး