Saturday, November 17, 2012

မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးမဆက်ဆံဖို့ အိုဘားမားပြောမည်


မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးမဆက်ဆံဖို့ အိုဘားမားပြောမည် 

အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
BBC News, 17 November 2012  —  မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံ ကို ရောက်လာတဲ့အခါ အမေရိကန်သမ္မတ ဘရက်အိုဘားမား က မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့ပညာရေး တိုးတက်အောင် အိန္ဒိယကူညီဖို့ ဒေါ်စုတိုက်တွန်း


မြန်မာ့ပညာရေး တိုးတက်အောင် အိန္ဒိယကူညီဖို့ ဒေါ်စုတိုက်တွန်း 

အိန္ဒိယနိုင်ငံ Lady Shri Ram ကောလိပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်စဉ်။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
VOA News, 17 November 2012  —-   မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် ပိုမို ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ အိန္ဒိယအနေနဲ့လည်း မြန်မာကို နည်းပညာဆိုင်ရာ အကူအညီတွေ ပေး သွားဖို့ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွား ပါတယ်။

ဒေါက်တာအေးမောင် ကို ပြည်ထောင်စုလွှတ်တော် နာယက သတိပေး


ဒေါက်တာအေးမောင် ကို ပြည်ထောင်စုလွှတ်တော် နာယက သတိပေး 


The Voice Weekly , 16 November 2012  —- ယနေ့ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လူထု က တိုက်ရိုက် ရေးဆွဲခြင်း ဟုတ် ၊ မဟုတ် နှင့် တပ်မတော်သား ကိုယ်စာလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ကိစ္စ နှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည့် ဒေါက်တာအေးမောင် ကို ပြည်ထောင်စု လွှတ်တော် နာယက က ဥပဒေကြမ်း တွင်ပါရှိသော နိုင်ငံတော် သမ္မတ ၏ သဘောထား မှတ်ချက်ကိုသာ ဆွေးနွေး ရန် သတိပေးခဲ့ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက် က သတင်းပေးပို့သည်။

မြန်မာနိုင်ငံမှရွှေများပြည်ပသို့မှောင်ခိုတင်ပို့မှုရှိနေသော်လည်းတားမြစ်နိုင်ခြင်းမရှိသေး



မြန်မာနိုင်ငံမှရွှေများပြည်ပသို့မှောင်ခိုတင်ပို့မှုရှိနေသော်လည်းတားမြစ်နိုင်ခြင်းမရှိသေး 

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဒသမအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်ဥက္ကဌဦးသူတော်မိန့်ခွန်းပြောကြားနေပုံ
Messenger News Journal, 16 November 2012   —–  မြန်မာနိုင်ငံမှရွှေသတ္တုများကိုပြည်ပနိုင်ငံများသို့နယ်စပ်လမ်းကြောင်းများမှတဆင့် မှောင်ခိုတင်ပို့ကာတနိုင်တပိုင်
သယ်ယူရောင်းချမှုများရှိနေခြင်းကိုသက်ဆိုင်ရာမှသိရှိသော်လည်းယနေ့ အထိ ထိရောက်စွာတားမြစ်နိုင်ခြင်းမရှိသေး
ကြောင်းမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသူတော်ကဒသမအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်း
အဝေးတွင်ပြောကြားခဲ့သည်။

ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး


ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး

စစ်တပ်က ရိတ်သိမ်းပြီး စပါးများကို တပ်ရင်းသို့ ကားဖြင့် သယ်ယူနေစဉ် (ဓါတ်ပုံ- RSV)
နိရဉ္စရာသတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်းသွားသော လယ်မြေဧကများကို မြို့နယ် ဦးစီးမှူးရုံးက ယနေ့တွင် ကွင်းဆင်း  စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။

မြန်မာသို့ နိုဝင်္ဘာအတွင်း ဘင်္ဂလီ ၄၇၅ ဦး BGB ပို့ဆောင်ခဲ့


မြန်မာသို့ နိုဝင်္ဘာအတွင်း ဘင်္ဂလီ ၄၇၅ ဦး BGB ပို့ဆောင်ခဲ့ 


Arakan Times, 16 November 2012  —-  မြန်မာလူထုနှင့် အစိုးရက ဘင်္ဂလီလူမျိုးဟု သတ်မှတ်ပြီးဖြစ်သော ၆၆ ဦးအား ဘင်္ဂလာမှ မြန်မာသို့ တရားမ၀င် နယ်စပ်မှောင်ခိုလမ်းများမှ အတင်းအဓမ္မ ယမန်နေ့က ပို့ဆောင်ခဲ့ရာ နိုဝင်္ဘာအတွင်း စုစုပေါင်း ဘင်္ဂလီ ၄၇၅ ဦး ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှု အကျဉ်းသား ၂ ဦး သေဆုံး


ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှု အကျဉ်းသား ၂ ဦး သေဆုံး 


DVB News, 16November 2012  —-  ကချင်ပြည်နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတပ်က အရပ်ဘက်ယာဉ်တန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွား တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ရေးသားထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။