ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း တရားဝင်မထုတ်ပြန်ရန် တရုတ်အစိုးရက တောင်းဆိုထားကြောင်း
(The Voice Weekly) ယခင်အစိုးရနှင့် ကေအိုင်အေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
7Day News Journal, 29 October 2012 —-
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးအောင်မင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ
ရွှေလီ(တရုတ်-မြန်မာ နယ်စပ်)မြို့တွင် အောက်တိုဘာ၃၀-၃၁ရက်တွင် ပြုလုပ်မည့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မြန်မာအစိုးရမီဒီယာများတွင်
တရားဝင်သတင်းမထုတ်ပြန်ရန် တရုတ်အစိုးရမှ တောင်းဆိုထားကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌနှင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ယနေ့(အောက်တိုဘာ၂၉)နံနက်တွင် ပြောကြားသည်။
ထို့ကြောင့် ဦးအောင်မင်းက ယခုအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုသို့ ပြည်တွင်းမီဒီယာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး၍ ခေါ်ဆောင်မလာခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်းက ရန်ကုန်-လားရှိုးမြန်မာ့လေကြောင်း လေယာဉ်ပေါ်တွင် သတင်းထောက်များကို ရှင်းပြခဲ့သည်။
သို့သော် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ပြည်တွင်းသတင်းဂျာနယ်အချို့မှာ ကိုယ်ပိုင်အစီအစဉ်ဖြင့်သွားရောက်၍ သတင်းယူနေကြပြီဖြစ်သည်။
ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIO မှ ကိုယ်စားလှယ်တို့မှာ ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေဖြစ်သော မိုင်ဂျာယန်တွင် အလွတ်သဘော နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး၊
ယခု ရွှေလီတွင် တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံးဆွေးနွေးမှုဖြစ်လာမည်ဖြစ်သည်။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအုန်းမြင့်၊ဦးဝင်းထွန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စသောပုဂ္ဂိုလ်များပါဝင်သည်။
No comments:
Post a Comment