Sunday, March 17, 2013

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာပြီးနောက် နှစ်ရက်အကြာတွင် လက်ပံတောင်းတောင် စီမံကိန်းအား ကန့်ကွက်နေသည့် သပိတ်စခန်းများ ဖျက်သိမ်း  

AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာပြီး နောက်နှစ်ရက် အကြာတွင် စီမံကိန်းအား ကန့်ကွက်ဆန္ဒ ဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဆန္ဒပြသူများ ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်နေ့ ညနေ ၆ ၀န်းကျင် အချိန်ခန့်တွင် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာထိပ်၌ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ် နေကြသည့် ဒေသခံများသည် ၎င်းတို့ကိုယ်တိုင် သပိတ်စခန်းများကို လူအင်အား ၅၀ ခန့်ဖြင့် ဖျက်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဆည်တည်းကျေးရွာမှ ဖွင့်လှစ်ထားသည့် လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်း တစ်ခုကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း သိရှိရသည်။

“ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒေသခံတွေကို ပြောသွားတဲ့ ဆန္ဒပြမယ်ဆိုရင် ဥပဒေဘောင် အတွင်းကနေ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်၊ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေ ရှိမှာပဲဆိုတဲ့ စကားကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းတွေကို ဖျက်သိမ်းပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ဥပဒေနဲ့အညီပဲ စီမံကိန်းကို ရပ်ဆိုင်းဖို့အတွက် ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ဒေသခံများက ပြောပြခဲ့ကြသည်။
သပိတ်စခန်း ဖွင့်လှစ်ခဲ့သော တုံရွာမမှ ဦးဇေယျက “ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာ ဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေပြီး သက်ဆိုင်ရာကို ပြုလုပ်ခွင့် တင်ပြထားပါတယ်” ဟူ၍ ပြောပြခဲ့သည်။

Comments  

 
0 # kinglakeshore 2013-03-18 10:55
သောဝစဿတာ….. ဧတံ မင်္ဂလ မုတ္ကမံ
 
 
+50 # KO KYAW - BUTALIN 2013-03-18 08:31
မိခင်သည်သားငယ်ကိုချစ်သကဲ့သို့  တိုင်းသူပြည်သားတို့ အားရင်ဝယ်သားကဲ့သို့ ချစ်ခင်သည့် အဖြစ်ကြောင့် အမေတို့ ၏ဂုဏ်နှင့်ပြည့်စုံသည့်အဖြစ်ကြောင့် အမေဟုခေါ်ကြခြင်းဖြစ်ပါသည်။ အမိမဲ့သားရေနည်းငါးသို့  အမေမရှိမှ တောင့်တချင်းထက် သက်ရှိထင်ရှားမိခင်အား မပစ်မှားမိရန် တန်ဖိုးထားတတ်ရန်လိုပါသည်။

အယင်ကနဲ့ မတူသော ညီညွတ်ခြင်း မျှတခြင်းလမ်းသစ်ကို တွေ့ ရှိကြပြီဟုထင်မြင်မိပါသည်။ အလွန်ပင်ဝမ်းသာကြည်နူးမိပါသည်။
 
 
+10 # Zawtika 2013-03-18 06:13
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ဦးပိုင် နဲ့ ၀မ်ပေါင် ကတော့ လုပ်စရာရှိတာ ဆက်လုပ် ကြတော့မှာပါ...

ဒီနေရာမှာ ကိုယ့်လူ ဖြစ်တဲ့ ဦးပိုင် နှင့် နိုင်ငံတော် အစိုးရကို တောင်းဆိုချင်တာကတော့
ဦးပိုင် နဲ့ ပါတ်သက်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပါအ၀င် တရုတ်စီမံကိန်း အားလုံးမှာ
၁.) မြန်မာနိုင်ငံသား စစ်စစ်များကိုသာ ရာနှုံးပြည့် ချွင်းချက်မဲ့ ခန့်ထားရန်
၂.) တရုတ်စီမံကိန်းအားလုံးမှာ မြန်မာနိုင်ငံသား အမျိုးသမီး များ၏ ဘ၀လုံခြုံရေး နှင့်
ဂုဏ်သိက္ခာ ကို ရာနှုံးပြည့် တာဝန်ယူရန်...

......... ( အရှုပ်အရှင်း တစုံတရာ ပေါ်ပေါက်၍ မြန်မာနိုင်ငံသား အမျိုးသမီး များမှ မြှူဆွယ်ဖျားယောင်းကြောင်း စစ်ဆေးပေါ်လွင်ထင်ရှားလျှင်ပင် မြန်မာနိုင်ငံသား အမျိုးသမီး များ၏ တောင်းဆိုချက် အတိုင်းသာ အတည်ဖြစ်စေရန်)
၃.) တရုတ်စီမံကိန်းအားလုံးတွင် မြန်မာနိုင်ငံသား အမျိုးသမီး များ၏ ဘ၀လုံခြုံရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှု မရှိစေရန်
တရုတ်စီမံကိန်းများအတွင်းအပြင်
မြန်မာအမျိုးသမီးများလုံခြုံရေး အထူး စုံစမ်းထောက်လှမ်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့

ဖွဲ့စည်း လျှက် စဉ်ဆက်မပြတ်စုံစမ်းထောက်လှမ်းကြီးကြပ်ကွပ်ကဲစေပြီး
ယင်းအဖွဲ့ ထူထောင်လည်ပါတ်ရန် ကုန်ကျစရိတ် အ၀၀ ကို တရုတ်စီမံကိန်း များမှ ကျခံ သုံးစွဲရန်
၎.) တရုတ်စီမံကိန်းအားလုံးတွင် စီမံကိန်း အကြောင်းပြ၍ ၀င်ရောက်လာသော တရုတ်နိုင်ငံသား အားလုံး ရာဇ၀တ်မှုကင်းရှင်းကြောင်း တရုတ် ကောင်စစ်ဝန်ရုံး၏ ထောက်ခံချက်(အလိမ်ဖြစ်ရင်ဖြစ်ပါစေ) ရယူရန်
၅.) တရုတ်စီမံကိန်းအားလုံးတွင် စီမံကိန်း အကြောင်းပြ၍ ၀င်ရောက်လာသော တရုတ်နိုင်ငံသားများ အား စီမံကိန်း ဧရိယာ ပြင်ပတွင် တွေ့ရှိပါက အချိန်မရွေး နေရာမရွေး အစိုးရဖက် အရပ်ဖက် အဖွဲ့အစည်း အားလုံးမှ (ခန္ဓာကိုယ်ထိခိုက်နစ်နာစေခြင်းမှတပါး) ရပ်တန့်တားဆီးပိုင်ခွင့် စစ်ဆေးမေးမြန်းပိုင်ခွင့် အကန့်အသတ် မရှိ ပေးရန်...
၆.) တရုတ် စီမံကိန်းဧရိယာ ပြင်ပတွင် တွေ့ရှိသော တရုတ်နိုင်ငံသားများ အား အစိုးရဖက် အရပ်ဖက် အဖွဲ့အစည်း အားလုံးမှ ရပ်တန့်တားဆီး စစ်ဆေးမေးမြန်းခြင်း အပေါ် တာဝန်ရှိ အဖွဲ့အစည်းများမှအပ မည်သူ တစ်ဦးတစ်ယောက်မျှ ၀င်ရောက် စွက်ဖက် နှောက်ယှက် ဟန့်တားခြင်း မပြုရန်
၇.) တရုတ် စီမံကိန်းဧရိယာ ပြင်ပတွင် တွေ့ရှိသော တရုတ်နိုင်ငံသားများ အား အစိုးရဖက် အရပ်ဖက် အဖွဲ့အစည်း အားလုံးမှ ရပ်တန့်တားဆီး စစ်ဆေးမေးမြန်းခြင်း အပေါ် နောက်ကြောင်းပြန် စုံစမ်း စစ်ဆေး အရေးယူခြင်း မပြုရန်
၈.) တရုတ်စီမံကိန်းအားလုံးရှိ မြန်မာနိုင်ငံသား ၀န်ထမ်းများ ထိခိုက်ဖျားနာ နစ်နာမှု တစုံတရာ ပေါ်ပေါက်လာခဲ့ပါက လတ်တလော နစ်နာမှုလျော်ကြေး အပြင် ရာသက်ပန် ထိခိုက် နစ်နာမှု အတွက် ရာသက်ပန် လျော်ကြေး ပေးရန် ....

စတာတွေဘဲ ဖြစ်ပါတယ်။
 
 
+62 # Zawtika 2013-03-18 05:53
Quote:
ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက ရိုင်းပြစွာ ဆက်ဆံတဲ့သူ အချို့ကြောင့် ရွာနာမည်သမိုင်း မပျက်စေဖို့ တုံရွာက လက်မခံတဲ့သူတွေ ပေါင်းစုပြီး အဲဒီလူတစ်စု လုပ်ရပ်ကို ရှုတ်ချပွဲ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲ ပြုလုပ်သွားဖို့  စီစဉ်နေ...
တောင်းပန်တာ ထောက်ခံတာထက် နောက်ကွယ်က ဘယ်သူ သွေးထိုးလှုံ့ဆော်တယ် ဆိုတာ ဖွင့်ချရင် ပိုမကောင်းဘူးလား....
တောသား လူရိုး ဆိုတာ ရင်ထဲရှိတာကို သူတတ်သလို ဖွင့်ထုတ်မှာဘဲ... ဒီလိုရိုးသားတဲ့ လူတွေရဲ့ ဒေါသကို ဒေါ်အောင်ဆန်းစုကြည် မပြောနဲ့ ဘုရားတောင် ခွင့်လွှတ်ပါတယ်...
အဓိက ကတော့ ကပ်ရောက်တဲ့ ပယောဂ က ဘာလဲ ဆိုတာ သိဘို့ပါဘဲ....
မသိ မတတ် နားမလည်လို့ လူလည် လူညစ်ပါတ် တွေရဲ့ သွေးဆောင် ဖျားယောင်းမှုခံရတဲ့ ကျေးတောသားတွေကို ရှုတ်ချမဲ့ အစား ပယောဂရှင် သွေးထိုးလှုံ့ဆော်သူ လူလည် လူညစ်ပါတ် ကို ဖွင့်ချခြင်းကသာလျှင် ပိုလုပ်သင့်ပါတယ်...
ဒီလို နှစ်ဖက်ခွ လှီးတတ်တာလဲ ကြံ့ဖွံ့ နဲ့ ဦးပိုင် က ပါပဂြိုလ် ဂိုဏ်းသားတွေ ရယ်
ပီးတော့ပါပဂြိုလ်တွေ နဲ့ လဲ အကြောင်းမသင့် NLD နဲ့လဲ ပနာမစားတဲ့ ဒီမိုကရက်တစ်ဇာတ်ပျက်တွေ တနည်းအားဖြင့် ပြည်တွင်းပြည်ပ ခြံစည်းရိုး ခွထိုင်နေတဲ့ ခေတ်သစ်ခွချက် ဖျက်မြင်း တွေဘဲ ဖြစ်တယ်...

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။