အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် Eleven Media Group ၏ သဘောထား |
|
|
Friday, 10 August 2012 18:56 |
၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သဘောမတူပါ။
(က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့်
ဒုဥက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေးအရာ
ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး
စနစ်သည် လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့်
ဂုဏ်သိက္ခာပိုင်းသည် လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍
အများပြည်သူကြား မေးခွန်းထုတ်စရာများ ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။
၎င်းအခြေအနေမျိုးတွင် အငြိမ်းစားတရားသူကြီး တစ်ဦးအား စတုတ္ထမဏ္ဍိုင်အား
ထိန်းကွပ်ပေးမည့် ဦးဆောင်နေရာတွင် ထားခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သော
အရာဟု Eleven Media Group မှ ရှုမြင်ပါသည်။
(ခ) ပါဝင်သောသူအများစုမှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့်
အများပြည်သူ၏ ယုံကြည်ကိုးစားမှုမခံရသော စာပေစာနယ်ဇင်း အဖွဲ့မှ
အဖွဲ့ဝင်အများစု ဖြစ်နေပါသည်။(ဂ) ပါဝင်သောသူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့် ပတ်သက်ပြီး လေးစားလိုက်နာခြင်း မရှိဘဲ ကျင့်ဝတ်ကို ဖောက်ဖျက်သော သမိုင်းကြောင်း ရှိနေသူများ ဖြစ်နေသဖြင့် စာနယ်ဇင်း အမြုတေကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့် ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်မည်ဟု မယူဆနိုင်ပါ။ (ဃ) စာနယ်ဇင်းကောင်စီတွင် ပါဝင်သောသူများမှာ ဤလောက၌ အလုပ်လုပ်ကိုင် နေထိုင်သော သူများဖြစ်သဖြင့် Conflict of intrest အကျိုးစီးပွားတူ ပြဿနာများ ဖြစ်ပေါ်လာနိုင်သော အခြေအနေတွင် ရှိနေပါသည်။ အတွင်းရေးမှူး ဦးကိုကို၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ သာထွန်းဦး၊ ဦးမောင်မောင်မြင့်အေး၊ ဒေါက်တာ တင်ထွန်းဦး၊ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဦးသီဟစော (သီဟစော)တို့မှာ ထုတ်ဝေသူများဖြစ်သဖြင့် အကျိုးစီးပွားဆိုင်ရာ ပြဿနာများရှိနိုင်ပါသည်။ ၂။ အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ကြေညာချက်ပါ အပိုဒ်(၂)မှ အောက်ပါအပိုဒ်ခွဲများကို သဘောမတူပါ။ "(ခ) စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားအား မထိပါးအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်၊" အထက်ပါအချက်သည် စာပေစိစစ်ရေးမှ ရေးသားခြင်းကိုသာ စိစစ်ခဲ့သော်လည်း ယခု အမြုတေ စာနယ်ဇင်းကောင်စီသည် ရေးသားခြင်းသာမက ဟောပြောခြင်း ကိစ္စများကိုပင် ကြီးကြပ်ဆောင်ရွက်ရန် အခွင့်အာဏာကို အလွန်အကျွံ ပေးထားကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကိုသာမက ပြောဆိုခွင့်ကိုပါ ထိပါးထားသည့်အတွက် ၎င်းအဖွဲ့၏ တာဝန်ဝတ္တရားသည် စာပေစိစစ်ရေးထက် ပိုဆိုးသော တာဝန်ဝတ္တရားများဖြစ်ကြောင်း တွေ့ရှိရပါသည်။ "(င) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဌာန်းရန်။ (စ) စာနယ်ဇင်းဆိုင်ရာ အတတ်ပညာနှင့်ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိနားလည် လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာပေးရန်။" စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြဌာန်းရန်အတွက် ပါဝင်သော ပုဂ္ဂိုလ်အချို့၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများမှာ သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့်ပုဂ္ဂိုလ်များဖြစ်သည်၊ မည်သည့်အချက်များဖြင့် အကျင့်စာရိတ္တပိုင်း၊ စာနယ်ဇင်း ကျင့်ဝတ်ပိုင်း ငြိစွန်းမှုရှိသည်မှာ စိစစ်သင့်သောအရာများ ဖြစ်ပါသည်။ ၃။ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ လိုအပ်သည့်ထက် ပိုပေးထားသော လုပ်ပိုင်ခွင့်များဖြစ်ကြောင်း အောက်ပါအချက်များအရ တွေ့ရှိရပါသည်။ ၎င်းကြေညာချက်ပါ အပိုဒ်(၃)မှ အပိုဒ်ခွဲများမှာ - "(က)စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulations & Procedure of the Press Council) ကိုရေးဆွဲပြဌာန်းခြင်း။ (င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။" ကျင့်ဝတ်ဟူသော စကားလုံးကို ပိုင်းခြားဆုံးဖြတ်ရာ၌ Bias အဂတိတရား မပါမှုမှာ အလေးထားရမည် ဖြစ်ပါသည်။ ၎င်းအဖွဲ့၌ ပါဝင်သောသူအချို့၏ အဂတိတရားနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသော အချက်အလက်များစွာ ရရှိထားပါသည်။ "(စ) အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေနှင့် တရားမ နစ်နာမှုဥပဒေ Tort တို့ပါ ပြဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်း။" ယင်းဥပဒေများ ထည့်သွင်းထားခြင်းမှာ သတင်းဆိုင်ရာ ဖြစ်ပွားသော ပဋိပက္ခများတွင် လိုအပ်ပါက သက်သေခံ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှုရန် သက်သေခံ ဥပဒေကိုလည်းကောင်း၊ သတင်းရေးသားခြင်းနှင့် ပတ်သက်၍ တရားမကြောင်းအရ တရားစွဲဆိုခြင်း ဆိုင်ရာများကို ဖြေရှင်းရာတွင် အထောက်အကူပြုရန် တရားမနစ်နာမှု ဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ကို လည်းကောင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ ထို့ပြင် ဖြစ်ပေါ်လာသည့် သတင်းဆိုင်ရာ ဖြစ်ပွားသော ပဋိပက္ခများတွင် သမ္မာန်စာ ထုတ်ဆင့်ခြင်းနှင့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ထည့်သွင်းထားသည်ဟု သုံးသပ်ရပါသည်။ "(ဆ)ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန် ပေးအပ်ခြင်း ခံရသူများအား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း။" ဤအဖွဲ့တွင်ပါဝင်သူအများစုသည် စာရေးဆရာနှင့် ဂျာနယ်လစ်များ ဖြစ်ပါသည်။ ၎င်းတို့အား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးထားခြင်းသည် ဥပဒေ၏ အထက်သို့ ရောက်ရှိနေသည့်အတွက် လက်မခံနိုင်ပါ။ "(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သော အရေးယူဆောင်ရွက်ခြင်း။" စာနယ်ဇင်းကျင့်ဝတ်ဆိုသည်မှာ Moral Values စိတ်ပိုင်းဆိုင်ရာ တန်ဖိုးဖြတ်မှုများသာ ဖြစ်သည်။ ကျင့်ဝတ်ဖောက်ဖျက်၍ မည်သည့်ဥပဒေနှင့် မည်သည့် အဖွဲ့အစည်းကမှ အပြစ်ပေး၍မရပါ။ ဤသည်ကို ယခုအဖွဲ့မှ အသိပညာပေး၍ လိုအပ်သလို အရေးယူ ဆောင်ရွက်မည် ဆိုသည်မှာ လုံးဝလုပ်ဆောင်သင့်သည့် ကိစ္စမဟုတ်ပါ။ အဆိုပါ အဖွဲ့ဝင်များကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ နေုထိုင်ပါသလားဆိုသည်မှာ ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ ၄။ "မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်း တစ်ဦး၏ အခွင့်အာဏာများကို ရရှိစေရမည်" ဆိုသည့်အချက်မှာလည်း အာဏာကို လိုအပ်သည်ထက် ပိုပေးထားသလို ဖြစ်နေသည်။ ပြည်သူ့ဝန်ထမ်းများကဲ့သို့ ၎င်းတို့၏ တာဝန်ဝတ္တရားများကို နှောင့်ယှက်မှုဟုဆိုပြီး တရားစွဲဆိုခွင့်များ စသည်ဖြင့် အခွင့်အရေးကို မလိုအပ်ဘဲ ပေးထားခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီအား သတင်းမီဒီယာများက ပြန်လည်ချေပရေးသားခြင်း မပြုနိုင်ရန်လည်းကောင်း၊ ပါဝင်သော အဖွဲ့ဝင်များအား ဝေဖန်ခြင်း မပြုနိုင်ရန် ဖြစ်သည်။ မကြာသေးမီက မီဒီယာများအား တရားစွဲဆိုမှုများ၊ ထုတ်ဝေခွင့် ပိတ်ပင်မှုများ၊ စာနယ်ဇင်းသမားများအား ခေါ်ယူသတိပေးမှုများကို တွေ့ကြုံခဲ့ကြရပါသည်။ ထိုအခြေအနေမျိုးတွင် အမြုတေ စာနယ်ဇင်းကောင်စီအား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းခြင်းကို စာနယ်ဇင်းများအား တိုင်ပင်ခြင်းမရှိဘဲ အစိုးရမှ တိုက်ရိုက်ခန့်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်း မရှိဟု ယူဆပါသည်။ ထို့ပြင် စာနယ်ဇင်း လွတ်လပ်ခွင့်အား နောက်ပြန်သွားစေနိုင်သည့် လုပ်ဆောင်မှုဟုလည်း Eleven Media Group မှယူဆပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မလိုလားအပ်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သလို ကန့်သတ်ချုပ်ခြယ် ခြင်းများသည် ဒီမိုကရေစီ အပြောင်းအလဲအား နောက်ပြန်သွားစေခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဒီမိုကရေစီ အပြောင်းအလဲအား ရှေ့သို့သွားမည်ဆိုပါက ယခုကိစ္စအား ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ |
ဆောင်းပါးတွေကိုအမြဲဖတ်ရှုနေတဲ့ပရိသတ်တစ်ဦး
အနေနဲ့ဆရာတို့နဲ့ပြည်သူ့သဘောထားတစ်ထပ်
တည်းကျတယ်လို့နားလည်ထားပါတယ်
ဒါပေမယ့်ဘာကြောင့်ဒီကောင်စီထဲမှာပါရတာလဲ
ဆိုတာနားမလည်လို့ပြည်သူကိုရှင်းပြပေးစေချင်ပါတယ်
ဆရာတို့ရဲ့ကိုယ်ပိုင်ဆန်ဒ ကိုယ်ပိုင်ဆုံးဖြတ်ချက်
မဟုတ်ရင် ရဲဝံ့စွာ လူသိရှင်ကြားငြင်းဆိုပေးပါ၊
ဆရာတို့ဟာကြိုးဆွဲရာကမယ့်သူ၊ကိုယ့်အကျိုးစီးပွား
အတွက် ပြည်သူ့သဘောထားကိုဆန့်ကျင်မယ့်သူ
မဟုတ်ဘူးလို့မျှော်လင့်ပါတယ်....
I would like request them to officially reject the inclusion of their name in the council. Otherwise, both of your name are dead. This is do or die choice for both of you.
This is selection. Who selected? Who authorize him/her to select?
This selection is just a big joke. Nobody is going to accept that council except mentally ill persons (selfish people, people with conflict of interests, power mongers, etc.)
We all have to unite and against this council for the sake of our country. Thanks EMG for leading us.
ခေတ်မှီဖွံ့ဖြိုးတိုးတက်တော့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့...
ရွှေပြည်တော် မျှော်တိုင်းဝေးပါ....
ပြန်ဖျက်သိမ်းဖို့ တောင်းဆိုပါတယ်...
ဒီကောင်စီမှာ အတွင်းရေးမှူးအဖြစ် အမည်စာရင်းထဲမှာ ဖော်ပြခြင်း ခံထားရတဲ့ ကိုကို(စက်မှုတက္ကသိုလ်) ကလည်း သူ့အနေနဲ့ ကောင်စီအတွင်းရေးမှူး အဖြစ် ပါမယ်ဆိုတာ ကြိုတင် သိခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်
စာနယ်ဇင်း လွတ်လပ်ခွင့် ဆုံးရင် ဒီမိုကရေစီ ပျိုးပင်လေးသေပါပြီ..
စာနယ်ဇင်း ထဲကဖေါ်ထုတ်နေလို့ အ၇င် ကလောက် မတရား မှုတွေထင်သလို လုပ်မရတော့တာပါ..
စာနယ်ဇင်း အဖွဲ့ မှာ ငါမင်းဆွေ လို ကောင်တွေဝင်လာရင်တော့ တိုင်းပြည် နဲ့ ပြည်သူ တွေ ဒုက္ခ ကအရင်ထက်ဆိုးလိမ့် မယ်...
ပူပင်သောက ရောက်တယ်... အားလုံးပါဘဲ .. စိတ်မချရသေးတဲ့ ဧရာဝတီ အတွက် ပိုလို့သောကရောက်တယ်
သတင်းစာ အရမ်းထုတ်ချင်နေတဲ့ EMG ကို သတင်းစာ ပေးထုတ်မယ်လို့ ပျားရည်နဲ့ ၀မ်းချ၊ ကမ်းလှမ်းမှုတွေလုပ် ကျန်တဲ့သူတွေကို စီစစ်ရေးမှာ တင်စရာမလိုတဲ့ ထုတ်တင်စနစ်သုံးမယ်လို့ မက်လုံးပေး။ ဒါမျိုး ဆန်ပေး၊ ဆီရ၊ အပေးအယူလုပ်နေကြ မီဒီယာ အခါပေး ဦးကိုကို အခုကျတော့ အရှက်မရှိ သူမသိဘူးလို့ ဗြောင်ငြင်းနေရှာလေတယ်။ (ဦးကိုကို ကျွန်တော်တို့က ခင်ဗျားလိုတော့ လက်သိပ်ထိုး အညှိခံမယ့်သူတွေတော့ မဟုတ်ဘူး။ Principle မမှန်ရင် မရဘူး။ သတင်းစာထုတ်ခွင့်ယူပြီး ပါးစပ်ပိတ်နေမှာ မဟုတ်ဘူး။)
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ပြည်သူ့အခွင့်အရေးပဲ။ ဒါကို စာနယ်ဇင်းသမားတွေက ကိုယ်ကျိုးအတွက် လဲလို့မရဘူး။ ပြန်ကြားရေးနဲ့ သမ္မတရုံးက လူတွေ မှတ်ထားကြဗျာ။ ဘာကြီးပေးပေး လဲလို့မရဘူး။ ပြည်သူတွေကလည်း မအဘူး။ စာနယ်ဇင်းသမားတွေက သူတို့ရဲ့ ကိုယ်ကျိုးအတွက်နဲ့ လဲရင်တော့ ပြည်သူတွေက မုန်းသွားမှာပါ။
စာနယ်ဇင်းကောင်စီကို သူတို့အလိုကျဖွဲ့၊ မီဒီယာဥပဒေကို အခုလွှတ်တော်မှာ ဘယ်သူမှ မဆွေးနွေး မဝေဖန်နိုင်အောင် ပြီးကာနီးမှ ကပ်တင် ဒါကတော့ မီဒီယာဂေါ့ဖားသား လုပ်ချင်တဲ့ သာမာန်လွှတ်တော် ကိုယ်စားလှယ်လို့ ပြောထွက်တဲ့ ကလိန်ကကျစ် ဦးရဲထွဋ်ရဲ့ အကြံပါဗျာ။
ဒါဆိုရင် မီဒီယာတွေ လှုပ်လို့မရတော့ဘူး။ ဒီမိုကရေစီနောက်ပြန်သွားပြီ။ သူတို့လျှော့တွက်တာက ပြည်သူတွေကိုပါ။ ပြတ်ပြတ်ပြောလိုက်မယ်။ ဘယ်သူမှ ခေါင်းငုံ့ခံမှာ မဟုတ်ဘူး။
ဆရာအော်ပီကျယ်ရဲ့ အိုင်ဒီယာမဂ္ဂဇင်းမှာရေးဆွဲခဲ့တဲ့ကာတွန်းလေးပါ
တိုက်ဆိုင်လို့ လင်္ကာဆိုဒ်ထဲကနေ copy/paste လုပ်ပေးလိုက်တာပါ...
အမြုတေစာနယ်ဇင်းကောင်စီ = ဘာဘူကြီး
ကုလားကြီး = ဘာဘူကြီး
ဒီကောင်စီမှာပါတဲ့လူအကုန်လုံးကသာကူးတွေဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်တွေ ဖြစ်ပေါ်ခဲ့ရတာ၊ အာဏာမက်လို့ချည်းပဲ မဟုတ်ဘူး။ အာဏာရလာရင် တန်ခိုးကြီးလာရင် အနီးအနားမှာ အရည်အချင်းမရှိတဲ့ လူတွေ၊ အခွင့်အရေးသမားတွေ ၀ိုင်းလာတယ်။ မြှောက်ပင့်၊ ဖားယား၊ စိတ်တော်သိ၊ ဗေါင်းတော်ငြှိမ့်တွေ ၀ိုင်းပြီး မြှောက်ပင့်၊ ပျက်ဆီးပြီး နောက်တော့ အာဏာရှင် ဖြစ်တော့တာပါပဲ။ အခုလည်း သမ္မတနား ပေါကြောင်ကြောင် အရည်အချင်းမရှိတဲ့ ၀န်ကြီးတွေ၊ ဖယောင်းတိုင် ကိုကိုလှိုင်လို ခပ်ကြောင်ကြောင် အကြံပေးတွေ၊ ခရိုနီအခွင့်အရေးသမားတွေ စုဖွဲ့ထားတဲ့ ကိုယ်ကျိုးရှာ အကြံပေးကောင်စီနဲ့ ဒီသမ္မတကြီးလည်း အာဏာရှင် ဖြစ်လာတော့မှာပေါ့။ အာဏာရှင်တွေဟာ အာဏာရှင် ဖြစ်ကာစမှာ သတင်းမီဒီယာကို ဖိနှိပ်ချုပ်ကိုင်ဖို့ အရင်ကြိုးစားတယ်။ ပြီးရင် သွေးခွဲတယ်၊ ဟန်ပြ၊ အရောင်ပြတွေ လုပ်တယ်။ အသိသာဆုံးက ကိုယ့်ကို ဆန့်ကျင်နိုင်တဲ့ အင်အားစုတွေကို သွေးခွဲတယ်။ ရန်တိုက်ပေးတယ်။ အခု Media ကို လက်ကိုင်တုတ်မွေးမယ်၊ ရန်တိုက်မယ်။ ၈၈ နဲ့ ဒေါ်အောင်ဆန်စုကြည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ ......... ဒီလိုလုပ်မယ်ဆိုရင်တော့ မှားသွားလိမ့်မယ်။
သမ္မတကြီးလည်း အနားက တိုင်းပြည်ဖျက်ဆီးမယ့်သူတွေရဲ့ ရန်၊ အကြံဆိုးတွေရဲ့ ဘေးက ဝေးပါစေ။
But I have some suspect on authorities that they did purposely စာနယ်ဇင်းအမြုတေကောင်စီ to make some arguments among journalists.
I heard interview with Mg Wintha and U Ko Ko saying that they are also not agree to control on journalists.
I think all the journalists need to be united and against on unproper rules.
Same campaign of "STOP KILLING MEDIA"
ခေါင်းစဉ်တွေအမျိုးမျိုးပြောင်း လုပ်ထုံးလုပ်နည်းတွေမပြောင်းဆိုရင်တော့ . . .
ရှင်းရှင်းလေးပဲဗျာ ဟုတ်တာမှန်တာလုပ် ဟုတ်တဲ့မှန်တဲ့အတိုင်း နိုင်ငံတော်နဲ့ ပြည်သူလူထုကိုတင်ပြ
အမျိုးသားအကျိုးစီးပွါး တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ နိုင်ငံတော်လုံခြုံရေး ဘာသာယဉ်ကျေးမှု့တွေကို ထိခိုက်လာပြီဆိုရင် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားအရေးယူ
နိုင်ငံနဲ့လူမျိုးအတွက် အားလုံးပွင့်ပွင့်လင်းလင်း လုပ်သင့်ပြီဗျာ
အပြင်စာနယ်ဇင်းတွေကို သတ္တိရှိရှိရင်မဆိုင်ရဲတာ သိသာလှပါတယ်။
အမျိုးစုံ လှည့်ကွက်တွေ ထုတ်သုံးနေတာတော့ clean and good governance အမည်ပျက်ပါတယ်ဗျာ။
စာပေနဲ့ စာနယ်ဇင်းကို လွတ်လပ်စွာပြောဆိုရေးသား ဖော်ပြခွင့် အပြည့်အဝ ပြုလိုက်ပြီးတော့..... သူတို့ လောကသားတွေကပဲ တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ စာနယ်ဇင်း အဖွဲ့အစည်း တစ်ခု ထူထောင်ခွင့်ပေးလိုက်၊ လိုအပ်ရင် အာဏာပိုင်အစိုးရဘက်က သူတို့လောကသားတွေ လွတ်လပ်စွာ ရွေးချယ်ထားတဲ့ အဖွဲ့အစည်း၇ဲ့ တောင်ဆိုးမှုရှိလာတဲ့အခါ အကူအညီတွေ ပေးနေယုံသာရှိတဲ့ ကိစ္စကို အတင်းကြီး ဟိုအဖွဲ့၊ ဒီအဖွဲ့ လိုက်ဖွဲ့ပေးနေတာကို ကြည့်ရတာနဲ့တင် ရွာက သူကြီး ထစ်ခနဲရှိ ထိပ်တုံးပဲ အားကိုးတယ် ဆိုတာမျိုးလို ဖြစ်နေပါပေါ့ကွာ..... (( EMG ရဲ့ သဘောထားကိုတော့ အပြည့်အဝ ထောက်ခံတယ် ဗျာ ))
သူတို့မဟုတ်တာ လုပ်တာတွေဖော်ကောင်လုပ်မှာစိုးလို့ မီဒီယာကို သူတို့စိတ်ကြိုက်ချုပ်ချယ်ဖို့ ...
မီဒီယာလောကသားတွေအားလုံးသွေးတိုးစမ်းလှမ်းလိုက်တဲ့အကွက်ပါ စည်းစည်းလုံးလုံးနဲ့ကန့်ကွက်ဆန္ဒပြကြပါ... သူတို့လွှတ်တော်အမတ်တွေလို နှဖားကြိုးအထိုးမခံကြပါနဲ့...
တချို့မီဒီယာတွေကလည်းယုံချင်စရာမှမကောင်းတာ။
တာဝန်ယူမှု၊ဆင်ခြင်ရေးသားမှုမှမရှိတာ။
ဒါပေမယ့်ဒီအတိုင်းဆိုမီဒီယာအရေးက မိုက်ကယ်ဂျက်ဆင်အကလိုတော့ဖြစ်နေပြီဗျို့ ။
ဘယ်သူကပိုက်ဆံပေးလွှတ်လိုက်တာတုန်း!....
ရပ်ကွက်ထဲကကြံ့ဖွတ်တွေပါခေါ်လာခဲ့ကွာ.....
အားပြိုင်ရအောင်!....
ဒီစာပိုဒ်ကို ဖတ်လိုက်တာနဲ့ ကျွန်တော်ကတော့ ဟိန်းလတ်ရဲ့ မျက်နှာကြီးပြေးမြင်တယ်။ သူများစာကို သူ့နာမည်တပ်ပြီး ခပ်တည်တည်နဲ့ လုပ်စားတာ ။ ဒီလူ ကံကောင်းချင်တော့ အစိုးရက ပေးထားတယ့် ဆုရထားတာနဲ့ အစိုးရရဲ့ ကာဗာ ပေးတာကိုခံရတော့ သောက်ရှက် သိပ်မကွဲသွားဘူး (သူခိုးကိုမှ ဆုပေးရက်မိသားဖြစ်နေတာကိုး)
တခြားသူသာ သူ့နေရာမှာဆို ရှက်တာနဲ့ စာပေလောက ထဲက ထွက်ပြေးလောက်တယ် ၊ ဒါပေမယ့် ဒီလူကတော့ မရှက်တတ်တာပဲလား အရေထူတာပဲလားတော့ မသိဘူး အခုထက်ထိ ခပ်တည်တည်နဲ့ ဆရာကြီးလုပ်နေတုန်းပဲ
"အမြှုပ်တွေစာနယ်ဇင်းကောင်စီ"