ချဲလ်ဆီးကို အနိုင်ယူပြီး ရာသီကြို ကွန်မြူနတီဒိုင်း မန်စီးတီးသိမ်းပိုက်
သြဂုတ် (၁၃)အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနှင့် အက်ဖ်အေချန်ပီယံ ချဲလ်ဆီးအသင်းတို့၏ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ဗီလာပတ်ခ်ကွင်းတွင် ယနေ့ ယှဉ်ြ့ပိုင်ကစားခဲ့ရာ မန်ချက်စတာစီးတီးက ၂-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအကြို ကွန်မြူနတီဒိုင်းကို သိမ်းပိုက်သွားခဲ့သည်။
ကစားချိန် မိနစ် ၄၀ တွင် ချဲလ်ဆီးက တောရက်စ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။
ပွဲကစားချိန် ၄၂ မိနစ်တွင် ချဲလ်ဆီးနောက်ခံကစားသမား အိုင်ဗန်နိုဗစ် ကစားပုံကြမ်းတမ်းသဖြင့် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။
ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ တစ်ယောက်လျှော့ ချဲလ်ဆီးအသင်းအား မန်ချက်စတာစီးတီးက ၁၂ မိနစ်အတွင်း ၃ ဂိုးပြန်သွင်းကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
မန်ချက်စတာစီးတီးအတွက် ချေပဂိုးကို ပွဲကစားချိန် ၅၃ မိနစ်တွင် ယာယာတိုရေးက သွင်းယူခဲ့သည်။ ဆက်လက်၍ ၅၉ မိနစ်တွင် တီဗက်ဇ်က အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ၂-၁ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ပွဲကစားချိန် ၆၅ မိနစ်တွင် မန်ချက်စတာစီးတီးအတွက် ဒုတိယဦးဆောင်ဂိုးကို နာဆရီက ထပ်မံသွင်းယူခဲ့သည်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ပွဲကစားချိန် မိနစ် ၈၀ တွင် လူစားဝင်ကစားသမား ဘာထရန်က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ကစားသမားစာရင်း
ချဲလ်ဆီး
No comments:
Post a Comment