KNU အတွင်း ပြေလည်မှု ရရှိ
KNUဗဟိုကော်မတီဝင်များ။လာမည့်၂၂ရက်နေ့တွင်ဗဟိုကော်မတီအစည်းအဝေးစတင်ကျင်းပမည်ဖြစ်သည် (ဓာတ်ပုံများ - ဧရာဝတီ)KNU ဗဟိုကော်မတီဝင်တဦးက ”ဗဟိုကော်မတီအစည်းအဝေးလုပ်ဘို့ မနေ့က လေးဝါးစခန်းမှာ ဗဟိုကော်မ တီ နဲ့ခရိုင်ဥက္ကဌအချို့ ဆွေးနွေးခဲ့ကြတာ အဆင်ပြေသွားပြီ။ အစည်းအဝေးကို အရံဗဟိုကော်မတီဝင်များအပါ အ၀င် ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်ကြမှာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ပြောသည်။
KNU အဖွဲ့၏ ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း နောက်ဆုံးအစည်းအဝေးဖြစ်သည့် ဗဟိုကော်မတီ အစည်းအဝေးသို့ ယခုလ ၂ ရက်နေ့က အဖွဲ့မှ ထုတ်ပယ်ခြင်းခံရသူ ၃ ဦးကိုလည်း ဖိတ်ကြားထားသည်။
ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့် နေရာနှင့်အချိန် သတ်မှတ်နိုင်ရန်အတွက် ယမန်နေ့ က လေးဝါးတပ်စခန်းတွင် ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဖာပွန်ခရိုင်ဥက္ကဌ ပဒိုစော ထဲဒယ် က ပြဿနာများပြေလည်မှုရရှိခဲ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောသည်။
KNU အရပ်ဘက် ခေါင်းဆောင်များ၊ စစ်ဘက်ခေါင်းဆောင်များ၊ တပ်မှူးများကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေး ဌာနတာဝန်ခံဗဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကို ဗဟို၏ခွင့်ပြုချက်မရဘဲ ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်မှုအပါအ၀င် အဖွဲ့၏စည်း မျဉ်းစည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်ဟုဆိုကာ ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်အ သီးသီးမှရပ်စဲကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဗဟိုက အမိန့်စာထုတ်ပြန်ခဲ့သည်။
KNU အဖွဲ့အတွင်း ပြည်လည်ရင်းကြားစေ့နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိကရင်အမျိုးသားရေး ဆောင် ရွက်နေကြသည့် ကရင်နိုင်ငံရေးပါတီနှင့် လူထုအခြေပြု အဖွဲ့အစည်းများ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြားမဟာမိတ်အဖွဲ့အစည်းက တိုက်တွန်းမှုနှင့် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြ သည်။
လိုအပ်ပါက အကူအညီများပေးရန် အသင့်ရှိသည်ဟုလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနှင့် ထိုင်းအာဏာပိုင်အချို့က သဘောထားများပေးကာ ချဉ်းကပ်မှုအချို့ ပြုလုပ်ခဲ့သည် ဟု KNU ခေါင်းဆောင်တဦးကပြောသည်။
အဖွဲ့၏ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးပါက ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး လာမည့် ၄ နှစ် ညီလာခံ သက်တမ်း အတွက် ခေါင်းဆောင်များကိုလည်း အသစ် ရွေးချယ်ကြမည် ဖြစ်သည်။
ပြည်တော်မြင့် ~

No comments:
Post a Comment