၂၀၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁ဝ ခု (အမှတ် ၇)
မဇ္ဈိမသတင်းဌာန
|
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်
(အမှတ် ၇) လက်ပံတောင်း ကြေးနီသတ္တုတွင်းတွင် ရဲက အင်အားသုံးတုံ့ပြန်
မီဒီယာသမားများကဖြစ်စေ၊ ပညာရှင်များကဖြစ်စေ၊ ထင်ရှား
သော အကြံပေး ပုဂ္ဂိုလ်အဖွဲ့များကဖြစ်စေ ပြောနေကြ
သော ခန့်မှန်းမှုများ မှန်ခဲ့ပါလျှင် လာမည့် ရာစုနှစ်များတွင် သယံဇာတ စစ်ပွဲများ ပြတ်တောင်းပြတ်တောင်း တခြိမ်းခြိမ်း
ဖြစ်နေတော့မည် ဖြစ်သည်။ တိုင်းပြည်များအနေဖြင့်
ကြီးထွားလာနေသော စီးပွါးရေးကို တွန်းတင်ရန်လည်း
ကောင်း၊ ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို လက်ခံနိုင်လောက်သော
နှုံးတွင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေစေရန် လည်းကောင်း လိုအပ်သော သယံဇာတ အရင်းအမြစ်များကို ရအောင် သိုလှောင်ထားမှ ဖြစ်မည်။ ထိုအရင်းအမြစ်များ ဆိုသည်ကလည်း နောက်ထပ် 78 စစ်ပွဲတွေမှာ
ထိတွေ့ပစ်ခတ်မှု ရှိမြဲပင် ဖြစ်သည်။ မြန်မာစစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့်
တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ကိုင်နေကြသော
မုံရွာမြို့ တဖက်ကမ်းမှ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းတွင် ဖြစ်ပျက်ခဲ့
သည်တို့မှာလည်း ထိုအတိုင်းပင် မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုဖြင့်
ပဋိပက္ခကို ဖော်ပြခဲ့ကြသည်။ ထို ထိတွေ့တိုက်ခိုက်မှုမှ ပေါ်ထွက်လာသော
အကျိုးဆက်သည် အံ့အားသင့်ဖွယ်ပင် ဖြစ်ပြီး မီးလောင်ကျွမ်းထားသော
သံဃာတော်များ ဆေးရုံရောက်လာခြင်းဖြင့် ဇာတ်သိမ်းသွားခဲ့သည်။
ထိုသို့ ဒေသခံတို့၏ မကျေနပ်မှုကို အကြီးအကျယ်ဖော်ပြခဲ့ရာတွင် အခြားသော အရေးပါသည့် အကြောင်းအချက်များ လည်း ရှိသေးသည်။ အကြောင်းတရပ်မှာ စစ်တပ်၏ နိုင်ငံစီးပွါးရေးတွင် ပါဝင်နေသည့် အတိုင်းအတာ ဖြစ်သည်။ သတ္တုတွင်း အနီးတွင်သာမဟုတ် အခြား ကြီးမားစွာ ရှိနေသည့် ပြဿနာကြီးမှာ လယ်ယာလုပ်ပိုင်ခွင့်ကိစ္စ ဖြစ်သည်။
လယ်ယာလုပ်ပိုင်ခွင့် ဆုံးရှုံးရသည့်အခါ ကိုလိုနီခေတ်ကပင်လျှင် လူအများ နေရာပြောင်းရွှေ့ရခြင်းများ ရှိခဲ့သည်။ ယခုလာမည့် လများ နှစ်များတွင်လည်း ထိုအတိုင်း ဖြစ်ဦးမည့် အလားအလာများ ရှိနေပါသည်။
ထို့အပြင် တရုတ်ပြည်မှ မော်စီတုံးခေတ် ခေါင်းဆောင်ဟောင်းများ ပြောခဲ့သည့် `နယ်ချဲ့´ `ဗိုလ်ကျလွှမ်းမိုးရေး´ ဆိုသည့် အခြားသူများကို ပြောဆိုစွပ်စွဲခဲ့သည့် စကားလုံးများကို ရီစရာကောင်းလောက်အောင်ပင် သူတို့ဘက်ပြန်၍ လက်ညှိုးထိုး ပြန်ပြောခံရတော့မည့် အရေးလည်း ရှိသေးသည်။
သတ္တုတွင်းတူး လုပ်ငန်းဆိုသည်မှာ လွယ်ကူရှင်းလင်းသောလုပ်ငန်း မဟုတ်ပေ။ ကြေးနီ သတ္တုတွင်းတူးလုပ်ငန်းတွင် အဆိပ်အတောက် အညစ်အကြေး စွန့်ပစ် ပစ္စည်းများ အတော်လေး ထွက်ပါသည်။ အချို့သော ဒေသခံများအတွက် သတ္တုတွင်းမှ အကြွင်းအကျန်လေးများနှင့် ရှင်သန်ရသလို တချို့ကိစ္စတွေကျတော့ ရေရှည် ကျန်းမာရေးအတွက် ထိခိုက်စရာတွေ ရှိနေသည်။
အခြား ရေအားလျှပ်စစ် စီမံကိန်းများရှိရာနှင့် မြေအောက်သယံဇာတ ထုတ်ယူရေး လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ်နှင့် အကျိုးရှိမှုအရ စိစစ်လျှင် အငြင်းပွါးစရာတွေ ဆန့်ကျင်ဘက်အမြင်တွေ ရှိနေသည်။ တိုင်းပြည် အတွက် ခြုံကြည့်လျှင် အကျိုးရှိသည်ဟု မြင်စရာရှိသလို ထိုစီမံကိန်းများရှိရာ ဒေသတွင် နေသူများအတွက်၊ အနီးအနား ရှိသူများအတွက်တော့ အနာဂါတ်မျှော်လင့်ချက် ကြီးကြီးမားမား ရနိုင်စရာ မရှိပေ။ အကျိုးရှိရေးဘက်က ကြည့်လျှင် ဝင်ငွေ တိုးလာမည်၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်မြင့်လာမည်။ အခြားတဘက်ကကြည့်လျှင် သူတို့နေထိုင်ရာဒေသရေ လွှမ်းမည်၊ သူတို့ပြူတင်းပေါက်များတွင် ကြပ်ခိုးစွဲမည်။
အာဏာနိုင်ငံရေးက ဤနေရာတွင် စကားပြောမည် ဖြစ်သည်။ စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုချက်သည် အတော် များများအတွက် လေးနက်သော ရည်မှန်းချက် ဖြစ်နေလျှင် လက်ပံတောင်း ဒေသခံများအနေဖြင့် သူတို့ထင်ထား သလောက် ထောက်ခံမှုရလိမ့်မည် မဟုတ်ပေ။
ဒီမိုကရေစီ ခေါင်းဆောင်ကလည်း စီမံကိန်း ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေခြင်းကို “နိုင်ငံတော်၏ ဂုဏ်သိက္ခာ” ဟူသော စကားလုံး သုံးစွဲ ပြောကြားသွားခဲ့သည်။ နောက်ထပ် မြစ်ဆုံလို ရပ်ဆိုင်းသွားမည့် စီမံကိန်းမျိုး ပေါ်ပေါက် လာဖွယ် မရှိပါ။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများအနေဖြင့် နောက်ထပ် အပြောင်းအလဲ အများအပြားကို အားတင်းစောင့်ဆိုင်းနေ ချိန်တွင် ဤသို့သောပြဿနာမျိုးနှင့် အခြား အလားတူ ပြဿနာများကို မည်သို့ဖြေရှင်းမည်ဆိုသည်မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် အရေးပါသောကိစ္စ ဖြစ်ပါလိမ့်မည်။
မီဒီယာသမားများကဖြစ်စေ၊ ပညာရှင်များကဖြစ်စေ၊ ထင်ရှား
သော အကြံပေး ပုဂ္ဂိုလ်အဖွဲ့များကဖြစ်စေ ပြောနေကြ
သော ခန့်မှန်းမှုများ မှန်ခဲ့ပါလျှင် လာမည့် ရာစုနှစ်များတွင် သယံဇာတ စစ်ပွဲများ ပြတ်တောင်းပြတ်တောင်း တခြိမ်းခြိမ်း
ဖြစ်နေတော့မည် ဖြစ်သည်။ တိုင်းပြည်များအနေဖြင့်
ကြီးထွားလာနေသော စီးပွါးရေးကို တွန်းတင်ရန်လည်း
ကောင်း၊ ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို လက်ခံနိုင်လောက်သော
နှုံးတွင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေစေရန် လည်းကောင်း လိုအပ်သော သယံဇာတ အရင်းအမြစ်များကို ရအောင် သိုလှောင်ထားမှ ဖြစ်မည်။ ထိုအရင်းအမြစ်များ ဆိုသည်ကလည်း နောက်ထပ် 78
ထိုသို့ ဒေသခံတို့၏ မကျေနပ်မှုကို အကြီးအကျယ်ဖော်ပြခဲ့ရာတွင် အခြားသော အရေးပါသည့် အကြောင်းအချက်များ လည်း ရှိသေးသည်။ အကြောင်းတရပ်မှာ စစ်တပ်၏ နိုင်ငံစီးပွါးရေးတွင် ပါဝင်နေသည့် အတိုင်းအတာ ဖြစ်သည်။ သတ္တုတွင်း အနီးတွင်သာမဟုတ် အခြား ကြီးမားစွာ ရှိနေသည့် ပြဿနာကြီးမှာ လယ်ယာလုပ်ပိုင်ခွင့်ကိစ္စ ဖြစ်သည်။
လယ်ယာလုပ်ပိုင်ခွင့် ဆုံးရှုံးရသည့်အခါ ကိုလိုနီခေတ်ကပင်လျှင် လူအများ နေရာပြောင်းရွှေ့ရခြင်းများ ရှိခဲ့သည်။ ယခုလာမည့် လများ နှစ်များတွင်လည်း ထိုအတိုင်း ဖြစ်ဦးမည့် အလားအလာများ ရှိနေပါသည်။
ထို့အပြင် တရုတ်ပြည်မှ မော်စီတုံးခေတ် ခေါင်းဆောင်ဟောင်းများ ပြောခဲ့သည့် `နယ်ချဲ့´ `ဗိုလ်ကျလွှမ်းမိုးရေး´ ဆိုသည့် အခြားသူများကို ပြောဆိုစွပ်စွဲခဲ့သည့် စကားလုံးများကို ရီစရာကောင်းလောက်အောင်ပင် သူတို့ဘက်ပြန်၍ လက်ညှိုးထိုး ပြန်ပြောခံရတော့မည့် အရေးလည်း ရှိသေးသည်။
သတ္တုတွင်းတူး လုပ်ငန်းဆိုသည်မှာ လွယ်ကူရှင်းလင်းသောလုပ်ငန်း မဟုတ်ပေ။ ကြေးနီ သတ္တုတွင်းတူးလုပ်ငန်းတွင် အဆိပ်အတောက် အညစ်အကြေး စွန့်ပစ် ပစ္စည်းများ အတော်လေး ထွက်ပါသည်။ အချို့သော ဒေသခံများအတွက် သတ္တုတွင်းမှ အကြွင်းအကျန်လေးများနှင့် ရှင်သန်ရသလို တချို့ကိစ္စတွေကျတော့ ရေရှည် ကျန်းမာရေးအတွက် ထိခိုက်စရာတွေ ရှိနေသည်။
အခြား ရေအားလျှပ်စစ် စီမံကိန်းများရှိရာနှင့် မြေအောက်သယံဇာတ ထုတ်ယူရေး လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ်နှင့် အကျိုးရှိမှုအရ စိစစ်လျှင် အငြင်းပွါးစရာတွေ ဆန့်ကျင်ဘက်အမြင်တွေ ရှိနေသည်။ တိုင်းပြည် အတွက် ခြုံကြည့်လျှင် အကျိုးရှိသည်ဟု မြင်စရာရှိသလို ထိုစီမံကိန်းများရှိရာ ဒေသတွင် နေသူများအတွက်၊ အနီးအနား ရှိသူများအတွက်တော့ အနာဂါတ်မျှော်လင့်ချက် ကြီးကြီးမားမား ရနိုင်စရာ မရှိပေ။ အကျိုးရှိရေးဘက်က ကြည့်လျှင် ဝင်ငွေ တိုးလာမည်၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်မြင့်လာမည်။ အခြားတဘက်ကကြည့်လျှင် သူတို့နေထိုင်ရာဒေသရေ လွှမ်းမည်၊ သူတို့ပြူတင်းပေါက်များတွင် ကြပ်ခိုးစွဲမည်။
အာဏာနိုင်ငံရေးက ဤနေရာတွင် စကားပြောမည် ဖြစ်သည်။ စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုချက်သည် အတော် များများအတွက် လေးနက်သော ရည်မှန်းချက် ဖြစ်နေလျှင် လက်ပံတောင်း ဒေသခံများအနေဖြင့် သူတို့ထင်ထား သလောက် ထောက်ခံမှုရလိမ့်မည် မဟုတ်ပေ။
ဒီမိုကရေစီ ခေါင်းဆောင်ကလည်း စီမံကိန်း ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေခြင်းကို “နိုင်ငံတော်၏ ဂုဏ်သိက္ခာ” ဟူသော စကားလုံး သုံးစွဲ ပြောကြားသွားခဲ့သည်။ နောက်ထပ် မြစ်ဆုံလို ရပ်ဆိုင်းသွားမည့် စီမံကိန်းမျိုး ပေါ်ပေါက် လာဖွယ် မရှိပါ။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများအနေဖြင့် နောက်ထပ် အပြောင်းအလဲ အများအပြားကို အားတင်းစောင့်ဆိုင်းနေ ချိန်တွင် ဤသို့သောပြဿနာမျိုးနှင့် အခြား အလားတူ ပြဿနာများကို မည်သို့ဖြေရှင်းမည်ဆိုသည်မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် အရေးပါသောကိစ္စ ဖြစ်ပါလိမ့်မည်။
No comments:
Post a Comment