၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၃)
မဇ္ဈိမသတင်းဌာန
|
တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၅၇ မိနစ်
(အမှတ်စဉ် ၃) ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခများ
သည်။ ဒါကလည်း သင့်စိတ်ကို မဆွနိုင်သေးခင်၊ သင့် ပါးချိတ်ကို မထိုးခံရသေးခင်အထိသာ ဖြစ်ပေမည်။
အမေရိကန်ပြည်ထောင်စုတွင် ကျေးကျွန်နှင့် လူမျိုးခွဲခြားဆက်ဆံခြင်းက ပြဿာတစ်ခုဖြစ်ခဲ့သည်။ ဂျပန်တွင်တော့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားများနှင့် အရာရှိများကို ထိပါးခြင်းက ပြစ်မှုဖြစ်ခဲ့သည်။ တရုတ်ပြည်တွင်တော့ တရုတ်သမ္မတဟောင်း မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးနှင့် လူပေါင်းများစွာသေစေခဲ့သော မဟာခုန်ပျံ
ကျော်လွှား တော်လှန်ရေးကို ထိပါးလျှင် ပြဿနာတစ်ခုဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင်တော့ ရိုဟင်ဂျာအရေးသည် ပြဿနာတစ်ခုဖြစ်ပြီး ယင်းပြဿနာကို မထိန်းနိုင်ပါက ၂၀၁၂ ခုနှစ်
တွင် မြန်မာနိုင်ငံသည် လမ်းချော်သွားသော ရထားတစ်စင်း ဖြစ်သွားနိုင်သည်။ ရိုဟင်ဂျာများ၏ အိမ်များပျက်စီးခံရ
ခြင်း၊ အသက်အိုးအိမ်များ ဆုံးရှုံးခြင်း၊ အိုးအိမ်မဲ့ ထွက်ပြေးရခြင်းအပါဝင် များစွာသော ပြဿနာများက ဖြေရှင်းနိုင်
ဖွယ် မမြင်သေး။
ယင်းပဋိပက္ခများနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးအသိုင်းဝိုင်းထဲတွင် စာနာထောက်ထားမှုများစွာ မပြနိုင်သေး။ ဘယ်သူက နယ်စပ်ကိုဖြတ်ကျော်တာလဲ၊ ဘယ်တုန်းကလဲ မေးခွန်းများက အဖြေမရှိသေးပေ။ ကိုလိုနီခေတ်မှ မှတ်တမ်းတင်ထားသော အထောက်အထားများ၊ရှေးဟောင်းသုတေသန မှတ်တမ်းများကိုသာ ပြန်လှန်ရတော့မည့် အနေအထားဖြစ်သည်။
“ရိုဟင်ဂျာ”ဟူသော ဝေါဟာရကပင် အငြင်းပွားဖွယ်၊ ဝေဖန်သူတစ်ချို့က ဆိုကြသည် ထိုလူများသည် ဘင်္ဂလားဒေရှ်
မှ တရားမ၀င်ဝင်ရောက် လာသူများဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ ပေးဆပ်သူများနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် တိကျပြတ်သားသော အဖြေမပေးနိုင်ပေ။ ဤ
သည်ပင် နိုင်ငံတကာ အလှူရှင်များနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများအကြား လမ်းခွဲရမည့် ရှေးပြေးနိမိတ်ဖြစ်
သည်။
အခွင့်ရေးအတွက်ဖြစ်စေ၊ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော ယုံကြည်မှုများအတွက်ဖြစ်စေ သူတို့တွေ စိတ်ခံစားမှုများ
ဖြင့် ဆုံးဖြတ်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။
No comments:
Post a Comment