၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်မှ အထူးခြားဆုံး အဖြစ်အပျက်ကြီး ၁၀ ခု
မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်
အမှတ် ၁၀ - ပြည်ပရောက်တို့ အိမ်အပြန်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ကိုမိုးသီးဇွန် (ဝဲ) ရန်ကုန်လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က စကားပြောကြားနေပုံ။ မြန်မာပြည်သို့ပြန်လာခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း အခု လာရောက်ကြသူ အားလုံးကိုလည်း မိမိနည်းတူ ပျော်ရွှင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) |
များသည် မကြာခဏပင် သမိုင်းဝင်
ဇာတ်လမ်းများဖြစ်လာကြသည်။ ပြင်သစ် ဘုရင့်ဝါဒီတို့ ပြင်သစ်တော်လှန်ရေး ဝရုန်းသုန်းကား အခြေအနေကြီးအပြီး အိမ်ပြန်လ7z<]း ထိုသို့ပင် ဖြစ်ခဲ့သည်။ နပိုလီယံခေတ် တခေတ်လုံး ဘေးထွက် ထိုင်နေသူတို့လည်း ထိုသို့ပင် ပြန်လာခဲ့ကြသည်။
ဆိုဗီယက်ယူနီယံ ပြိုကွဲအပြီးတွင်လည်း အတိုက်အခံအများအပြား အိမ်ပြန်လာခဲ့ကြသည်။ သို့သော် သူတို့၏အမိမြေမှာမူ တနိုင်ငံတည်း မဟုတ်တော့ဘဲ အစိတ်စိတ် ကွဲနေပြီ ဖြစ်သည်။
လှိုင်းဒဏ်လေဒဏ် ပင်လယ်ဓားပြရန်ကို အံတုကာ အင်ဒိုချိုင်းနားဒေသမှ ထွက်ပြေးလာကြသော လှေစီးပြေးဒုက္ခသည်
များ (အိမ်နီးချင်းနိုင်ငံများမှ ကမ်းရိုးတန်း တလျှောက်တံငါများ) အများအပြားသည် ၁၉၉၀ စုနှစ်များမှ စတင်၍ တဖွဲဖွဲအိမ် ပြန်လာခဲ့ကြသည်။ သူတို့သည် မိမိတို့ အိုးအိမ်ဟောင်းတွေ ပြန်နေရန် ပြန်လာကြသူ အများအပြားဖြစ်ပြီး တချို့မှာ ပို၍ပင် ချမ်းသာကြွယ်ဝလာကြသည်။
မိမိတို့အိမ်မှ ဝေးကွာနေကြသော ပြည်ပရောက်တို့၏ ဘဝကို လွယ်လွယ်နှင့်စာဖွဲ့၍ မရပါ။ အချို့အတွက် စိတ်ထိခိုက်ဖွယ် အထီးကျန်နေရပြီး လမ်းပျောက်နေရသူများ ဖြစ်သည်။ အချို့သောသူများ အတွက်တော့ ဘဝသစ်ကို စရန် အခွင့်အရေးတရပ် ဖြစ်သည်။ အတော်များများအတွက်တော့ သူတို့ဘဝသည် တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ခံစားမှု ဝန်ထုပ်ဝန်ပိုး၊ ထွက်ခွါသွားရသည့် အကြောင်းရင်းတို့အပေါ်တွင် တည်နေပါသည်။
ထို့နည်းတူ အဝေးရောက် ဘဝသစ်တွင် မည်ကဲ့သို့သော အခွင့်အလမ်းများ ရှိနေသည် ဆိုသည်ကလည်း ထိုကိစ္စအတွက် အရေးပါပါသည်။ အဆင့်အတန်း မြင့်မြင့်နေလာ၊ ပညာသင်လာခဲ့သော နိုင်ငံရေးဒုက္ခသည်တဦးက သာမန်လယ်သမား တဦးထက် လောကဓံတရားကို ပိုမိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု ပြောရန်မှာလည်း ခက်လှသည်။
ဒီမှာလည်း ဒီလိုပင် ၂၀၁၂ ခုနှစ်အတွင်း မြန်မာအဝေးရောက်တချို့ တဖွဲဖွဲ သွေးတိုးစမ်း ပြန်လာခဲ့ကြသည်။ တချို့
ခဏတာ အလည်အပတ်၊ တချို့က အပြီးပြန်။ ပြန်လာကြသူများမှာ မယုံနိုင်လောက်အောင်ပင် များလာနေသည်။ သူတို့ထဲတွင် မြန်မာနိုင်ငံ ယခင် စစ်အစိုးရဟောင်းကို ခုခံဆန့်ကျင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့မှ
ဒေါက်တာနိုင်အောင်နှင့်ကိုမိုးသီးဇွန်တို့လို လူတွေလည်း ပါသည်။ တချို့ကတော့ ဟန်ညောင်ရွှေလို နိုင်ငံရေးနယ်ပယ်
တွင် လှုပ်ရှားလုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။
မဇ္ဈိမကလည်း ပြည်ပရှိ မီဒီယာလုပ်ငန်းများနှင့် ဝန်ထမ်းများကို ရန်ကုန်သို့ လုပ်ငန်း လိုအပ်ချက်အရ ပြန်ရွှေ့လာခဲ့
သည်။ နေရာရွှေ့ပြောင်းခံရသူ လယ်သမားများနှင့် အလုပ်သမားများလို မထင်မရှား လူပုဂ္ဂိုလ်တို့လည်း စတင်ပြန်လာနေကြသည်။
နိုင်ငံတွင်း ကျန်နေခဲ့သူများနှင့် ပြည်ပသို့ ထွက်ခွါသွားသူများအကြားတွင် တင်းမာမှုများ နာကျည်းမှုများ မကြာခဏပင် ရှိနေတတ်ပါသည်။ အထူးသဖြင့် အဝေးရောက်များအတွက် အိမ်အပြန်ခရီးသည် အိမ်မှ ထွက်သွားတုန်းကလိုပင် ကမောက်ကမ အခြေအနေ၊ သောကဖြစ်စရာ အခြေအနေပင် ဖြစ်နေပါသည်။
သာမန်အားဖြင့်တော့ ဤပြဿနာများကို အချိန်ကသာ ကုစားသွားနိုင်မည် ဖြစ်သည်။ မြန်မာပြည်တွင် လုပ်စရာအလုပ်တွေ ရှေ့တွင် တပြုံတခေါင်းကြီး ရှိနေသည်ကြောင့် ရှိနေသော တင်းမာမှုမှန်သ၍ အချိန်မီ နေသားတကျ ဖြစ်သွားလိမ့်မည်ဟုမူမျှော်လင့်နိုင်ပါသည်။
No comments:
Post a Comment