၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၅)
မဇ္ဈိမသတင်းဌာန
|
သောကြာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၁ မိနစ်
(အမှတ် ၅) တိုင်းရင်းသားများနှင့် အပစ်ရပ်စဲမှုများ တိုးချဲ့ခြင်း
မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲကို အနောက်မီဒီယာများက မကြာခဏပင် စိတ်ဇွဲသန်ပြီး ဉာဏ်ပညာကြီးမား၍ ကြင်နာ သနားတတ်သော အမျိုးသမီးနှင့် တဘက်တွင် ခေါင်းမာ၊ စဉ်းစားတွေးခေါ်လိုစိတ် မရှိဘဲ အလယ်ခေတ် တွေးခေါ်ပုံ အမူအကျင့်များသာ ရှိသည့် စစ်တပ်အရာရှိတစုအကြား ဖက်ပြိုင်နေကြသည့် စာရိတ္တ ပြိုင်ပွဲတခုအဖြစ်သာ ရှုမြင်ကြသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ မငြိမ်မသက် ဝရုန်းသုန်းကား အခြေအနေကြီးသည် ဘယ်တုံးကမျှ ထိုမျှလောက် ရှင်းလင်းလွယ်ကူခြင်း မရှိပါ။ သို့သော် တကယ်တမ်း တက်တက်စင် လွဲမှားသောအမှားမှာ လွတ်လပ်ရေး ရချိန်မှ စတင်၍ တိုင်းပြည်တွင်း ဒုက္ခပင်လယ် ဝေစေခဲ့သော တိုင်းရင်းသား ပဋိပက္ခများကို လျစ်လျူရှု စဉ်းစားခြင်းပင်ဖြစ်သည်။
အဓိကကျသည့်မေးခွန်းမှာ နိုင်ငံတော်၏ သဘောသဘာဝသည် မည်သို့ဖြစ်ရမည်နည်း ဆိုသည့် မေးခွန်းပင် ဖြစ် သည်။
အစဉ်အဆက်သော အစိုးရများသည် တိုင်းရင်းသားများ၏ အဓိကတောင်းဆိုချက် ဖြစ်သော ဖက်ဒရယ်မူကို ပယ်ချပြီး ယင်းကို ခြိမ်းခြောက်မှုတရပ်အဖြစ် သို့မဟုတ် ပိုဆိုးသွားစေနိုင်သည့် စနစ်အဖြစ် ရှုမြင်ကာ ဗဟိုမှချုပ်ကိုင်သည့် တပြည်ထောင်စနစ်ကို တည်ထောင်ရန် သန္နိဋ္ဌာန် အခိုင်အမာ ချထားကြသည်။
ဤရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေရန်နှင့် ခိုင်မာစေရန်အတွက် အစိုးရများသည် သွေးခွဲအုပ်ချုပ်ခြင်း၊ ယင်းတို့ကိုယ်စား ပြည်သူ့စစ်များ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကြီးမားသော စစ်ဆင်ရေးများ ဆင်နွှဲခြင်း စသည့် နည်းပရိယာယ်များကို နှစ်ပေါင်းများစွာ အသုံးပြုခဲ75N]Oှ ၁၉၉၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် လက်နက်ကိုင် ပဋိပက္ခကို လျော့ပါး သက်သာသွားစေခဲ့သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သက်သက်မျှ
လောက် ကြိုးပမ်းမှုများ ဟုတ်ပုံမရပါ။ ယင်းတွင် ထို့ထက်ပိုသော နည်းဗျူဟာမြောက် စစ်ကစားမှုများ ပါဝင်နေပါ သည်။ လူနည်းစုများကို မည်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးပေးပေး တချိန်ချိန်တွင် ယင်းအခွင့်အရေးကို အင်အားချည့်နဲ့သွားအောင် သော်လည်းကောင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သော်လည်းကောင်း ပြုမည်သာ ဖြစ်သည်။
နိုင်ငံတော်ကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုမည်ကို မပြောသေးသော်လည်း ယခုနှစ်တွင် အစိုးရသည် တိုင်းရင်းသား လူနည်းစုများဆီသို့ ပိုမိုရိုးရိုးသားသား ချဉ်းကပ်လာခဲ့သည်။ ရထားဝန်ကြီးဟောင်းသည် နယ်လှည့်ပြီး ကရင်အမျိုးသားအစည်းအရုံး ကဲ့သို့သော အဖွဲ့အစည်းကြီးများနှင့် လေးလေးနက်နက် ဆွေးနွေးပွဲများပြုလုပ်ကာ အကြို သဘောတူညီချက် များရယူနိုင်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အများအပြား သော်လည်းကောင်း၊ နိုင်ငံရေးအဖွဲ့အများအပြား သော်လည်းကောင်းမှာ ဂိုဏ်းဂဏဝါဒ၏ ဖိစီးနှိပ်စက်ခံနေရပြီး သူတို့တိုင်းရင်းသားများ အကြားလည်း စစ်မှန်ပြီး တူညီသော ဘုံအရေးတော်ပုံ ကိုလည်း ထိုအရေးအတွက် ထူထောင်ထားရှိသော ညွန့်ပေါင်းနှင့် ထီးရိပ်အဖွဲ့အစည်း အများအပြားရှိလင့်ကစား ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် အခြားဒုက္ခသုက္ခ အများအပြားလည်း ရှိနေသည့်အတွက် အချို့က သတိကြီးစွာထား ၍ ထိုကမ်းလှမ်းချက်များကို တုံ့ပြန်ခဲ့ကြသည်။
ရှေ့တွင် ဖက်ဒရယ်မူကို ဆွေးနွေးခွင့်မှ ရပါ့မလားဟူသည့် ခက်ခဲသော ပြဿနာများ ရှိနေလင့်ကစား ဆယ်စုနှစ်များ စွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တကယ်စစ်မှန်သော ငြိမ်းချမ်းရေး အလားအလာများ ပေါ်ထွက်လာခဲ့သည်။
ယခုရှိနေသော ဖြစ်စဉ်သည် မည်မျှပင် ပျက်စီးလွယ်သည်ဖြစ်စေ ထပ်မံပြီး လုံလောက်အောင် ဖိအားပေးဘို့ မဖြစ်နိုင် ပါ။ မြန်မာပြည် မြောက်ပိုင်းတွင် ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့်အစိုးရတပ်ဖွဲ့များအကြား ပြန်လည်
ဖြစ်ပွါးခဲ့သော သွေးထွက်သံယို ပဋိပက္ခမှာ ယခုတိုင် ဆက်လက်ဖြစ်ပွါးလျက်ရှိသည်။ ထို့ကြောင့် ပူပန်ကြောင့်ကြ
နေကြသော မြန်မာ့အရေး အကဲခတ်များအနေဖြင့် ၂ဝ၁၂ ခုနှစ် အတွင်း ရှေ့သို့ ဆက်လက် ချီတက်သွားနိုင်သည်ကို
မြင်တွေ့ခွင့်ရနိုင်သလို ဆန့်ကျင်ဘက် လမ်းအတိုင်း နောက်ပြန် ပြေးကြသည်ကိုလည်း တွေ့မြင်ရနိုင်ပါသည်။

No comments:
Post a Comment