Wednesday, December 12, 2012

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး


ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး   PDF Print
Wednesday, 12 December 2012 10:27
AddThis Social Bookmark Button
Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ ဦးသိန်းအောင်က ပြောပြသည်။
ယင်းဒေသတွင် Max Myanmar ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီပေါင်း ၃၀ ခန့်မှ ၂၀၀၁ ခုနှစ်မှစ၍ လယ်နှင့်တောင်မြေ ဧကပေါင်းတစ်သောင်းကျော်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများအနက်မှ  ဒေသခံ တောင်သူများအား ယခုကဲ့သို့ ကရုဏာကြေးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ငွေကြေးအားဖြင့် အများဆုံးဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
ယခုကဲ့သို့ တောင်သူများအား ကရုဏာကြေး သွားရောက်ပေးအပ်ရာတွင် Max Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းဦး ဦးဆောင်သည့်အဖွဲ့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်နှင့် အဖွဲ့ဝင်ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဥပဒေပညာရှင်တစ်ဦးတို့က ပုသိမ်ဟိုတယ်တွင် ဒေသခံတောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီနဲ့ ထိပ်တိုက်တရားဝင်ညှိနှိုင်းတာ လွန်ခဲ့တဲ့ သုံးလလောက်ကမှပါ။ သုံးကြိမ်ပဲ ညှိနှိုင်းခဲ့တာ၊ အခုလိုအခြေအနေမျိုးတွေ ရရှိခဲ့ပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေကိုလည်း ဆက်လက်ညှိနှိုင်းသွားပါမယ်” ဟု တောင်သူများအခွင့်အရေး ဆောင်ရွက်ပေးသူ ဦးသိန်းအောင်က ပြောသည်။
Comments 
0 #5 Leo zu 2012-12-13 09:45
max ရဲ့ လုပ်ဆောင်ချက် ၇ပ်တည်ချက်ကို ဂုဏ်ယူပါတယ်. ပြည်သူတွေ နင်းပြားတွေ ဘက်က နေ သတ္တိရှိရှိ ပြန်ပေးဆပ်ပေးတဲ့ အတွက် ပါ။ သူလိုဘဲ တခြား ကုမ္ပဏီတွေ ပါဝင်လာအောင် ဆွဲဆောင်ပေးကြပါအုံး။။ max ကအလှူအတန်းရက်ရောတာ လိုအပ်လျှင် ပြည်သူအတွက် ၇ပ်တည်ပေးတာ ကျေးဇူးတင်ပါတယ်..ခရိုနီတွေ သည်လို ပြောင်းလဲလာအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားသင့်တယ်. ဒါမှသူတို့လည်း နားလည်လားပြီး ပူးပေါင်းဆောင်ရွက်လာမယ်. ကျွန်တော်တို့ က အနှုတ်ချည်းဘဲ ပြောနေရင် သူတို့ ဆီက ကျွန်တော်တို့ ၇သင့်ရထိုက်တာတွေ မရရှိဘဲ သူတို့အတွက်ဘဲ ကျန်ခဲ့မဲ့အပြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး။
 
+9 #4 myo1 2012-12-12 22:18
ရရှိသွားတဲ့တောင်သူများ နဲ့ အတူရောပြီးပျော်ရွှင်မိပါတယ်....
 
+5 #3 zerohero79 2012-12-12 14:51
Quoting smart_grid:
သူများပိုက်ဆံ ဝင်လေကန် လိုက်ဦးမယ်၊
ဒီငွေတွေက အခွန်ဆောင်ပြီးသား ဆိုရင်တော့ ရတဲ့ ဒေသခံတွေ အတွက် အတိုင်းထက်အလွန် တန်ဘိုးရှိနေမှာဖြစ်ပြီး၊ မဆောင်ရသေးတာဆိုရင် ဒီငွေကို နှုတ်ပြီးမှ ဆောင်မှာလား လို့။
ခင်ဗျားတို့လို စောက်ဖိုးမတန်တဲ့ သူတွေ ရှိနေလို့ ကျုပ်တို့ နိုင်ငံ မငြိမ်းချမ်းသေးတာ. သူများ ဘာလုပ်လုပ် စောက်ပြစ်ဘဲမြင်နေတယ်. ကိုယ်တိုင်ကျ ဘာမှ မစွမ်းဆောင် နိုင်ဘူး။ သူအခွန်ဆောင်တာမဆောင်တာ နောက်မှ အခု ကြည့် ဒေသခံတွေအတွက် ဘယ်လောက် အကျိုးရှိသလဲ။ ခင်ဗျားရော အစိုးရကို သတ်မှတ်ထားတဲ့ အခွန်ဆောင်ရဲ့လား. ကိုယ်ဘာသာကိုယ် ပြန်မေးအုံး. ချီးကျူးသင့်တဲ့အရာကို ချီးကျူးရမယ် ရှုံချသင့်တာကိုရှုံချရမယ် ကိုယ့်လူ..
 
+14 #2 smart_grid 2012-12-12 12:27
သူများပိုက်ဆံ ဝင်လေကန် လိုက်ဦးမယ်၊
ဒီငွေတွေက အခွန်ဆောင်ပြီးသား ဆိုရင်တော့ ရတဲ့ ဒေသခံတွေ အတွက် အတိုင်းထက်အလွန် တန်ဘိုးရှိနေမှာဖြစ်ပြီး၊ မဆောင်ရသေးတာဆိုရင် ဒီငွေကို နှုတ်ပြီးမှ ဆောင်မှာလား လို့။
 
+46 #1 USaytanar 2012-12-12 11:32
Good news! How about "Zay Kabar"?

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။