"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ချက်ချင်း ဖျက်သိမ်းရန် အ
တွက်လူထုဆန္ဒပြပွဲ တနိုင်ငံလုံးပြုလုပ်ကြဖို့  ကြွေးကြော်နေကြ

သည်။ လက်ပံတောင်းတောင် ကျေးရွာ -၂၆-ရွာက ပတ်ဝန်း ကျင်ကျေးရွာများ၏တောင်းဆိုသံသည် ခုတော့ သင်္ဃာများကို မီးခိုးဗုံးနှင့် ဖြိုခွဲခဲ့ ၍အနာရင့်လာသည့် အခြေအနေမျိုး ဖြစ်လာသည် ။ အပ်နှင့်ထွင်ရမည့် အနာကိုခုတော့ဖြင့် ပေါက်ဆိန်နှင့် ထွင်းဖေါက် ပေါက်ခွဲရမည့်ပြသနာဖြစ်လာပြီ ။
ဆိုရလျှင် ပြည်သူတွေ မသိရှိခဲ့ သော မြန်မာ့စီးပွါးရေးဦးပိုင် အခဏ်းကဏ္ဍကို
သိလာကြရသည် ။ ၄င်းသည်ပင် ဤပေါက်ဆိန်နှင့် ဖြေရှင်းရမည့်ပြသနာဖြစ်လာပါတော့သည် ။
တရုပ်နိုင်ငံက ၀မ်ပေါင်ကုမဏီသည် ကနေဒါနိုင်ငံက အိုင်ဗင်ဟိုကုမဏီနှင့် ဦးပိုင်တို့ ဖက်စပ်လုပ်မည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်းခဲ့ ပြီးနောက် အစားဝင်လာသော
ကုမဏီဖြစ်သည် ။ ယင်းသို့  မြန်မာ့ဦးပိုင်က အစားထိုး စာချုပ်ပြုလုပ်ခဲ့ ရသောကြောင့်
ဦးတေဇမှာ ပွဲစားခ-မြန်မာငွေ သန်း( ၅၀ ) ရရှိခဲ့ သည်ဟု သိရသည် ။
ထို့ကြောင့် ယခုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် မည်ရွေ့ မည်မျှလုပ်ပိုင်ခွင့် ရှိသည်ကို အကောင်းဆုံးသိရှိသူမှာ ပွဲစားကြီး ဖြစ်သည် ။
ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလက်ပံတောင်းတောင်စုံစမ်းစစ်ဆေရးကော်မရှင်အဖွဲ့ သည် ပွဲစားကြီး ဦးတေဇအားစုံးစမ်းစစ်ဆေးပါက တိကျသော သတင်းအချက်အလက်များကို ရရှိမည်ဖြစ်သည် ။
ဝမ်ပေါင်ကုမဏီသည် အမေရိကန်ဒေါ်လာ -၁-ဘီလီယံကို အရင်းစိုက်ကာ
ဤစီမံကိန်းကို ဆောင်ရွက်ခွင့်ရသည် ။ ၄င်းစီမံကိန်းကို နှစ်(၃၀ )လုပ်ပိုင်ခွင့်ရသည် ။ အကျိုးအမြတ်မှာ သူ့ ခမြာတနှစ်လျှင် ( ၁၃.၈ )သန်းရရှိခံစားရမည်ဖြစ်သည် ။ ၀မ်ပေါင်ကုမဏီသည် အရင်းစိုက်ပြီးမည်သည့်လုပ်ငန်းခွင်သုံးပစ္စည်း(အဆောက်အဦ) နှင့်မည်သည့်စီမံကိန်းနယ်မြေအနီးအနားမှာ
လူထုများကို ပေးလျှော်ခြင်း၊၀ယ်ယူခြင်းများကို ပေးရသည့်သူဖြစ်သည် ။ ဤကဲ့ သို့ပေးဆောင်ပြီးဖြစ်ပါကြောင်း တရုပ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးမစ္စတာလီကျွင်းဟွာက သတင်းစာရှင်းလင်းပွဲမှာ တိကျစွာ ရှင်းလင်းပြောဆိုခဲ့ သည် ။
မြန်မာအစိုးရသည် ဤစီမံကိန်းမှ နိုင်ငံတော်ကိုယ်စား အကျိုးအမြတ်ကိုမြန်မာငွေ -၁၃.၈-သန်းအား တနှစ်လျှင် ရရှိမည်ဖြစ်သည် ။ မြန်မာနိုင်ငံတော်တွင် ပြုလုပ်သောစီမံကိန်းမျိုးဖြစ်၍ ရသောငွေကြေးကြောင့်မြန်မာနိုင်ငံသားတို့  လက်ခံကြေနပ်နိုင်သော အနေအထားဖြစ်ပါသည် ။
ဝမ်ပေါင်စီမံကိန်းနှင့် ဖက်စပ်လုပ်သည်ဆိုသော မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီကလည်း တပြားတချပ်မျှ မထည့်ဝင်ရဘဲ မြန်မာငွေ - ၁၃.၃ သန်းကိုနာမည်ခံရုံနှင့် ရရှိခံစားရပါတော့သည် ။
သို့ သော် စီမံကိန်း၏အမြတ်ငွေတရာတွင် ( ၅၆.၁) သန်း ဆိုသော အမြတ်ငွေ
က ပျောက်နေပါတော့သည် ။ ၄င်းငွေကြေးအမြတ်ငွေကို မည်သူက ရရှိသွားသည်ကို တရုပ်သံအမတ်ကြီးမစ္စတာလီကျွင်းဟွာက မရှင်းလင်းဘဲ နေခဲ့ သည် ။
သို့ ဆိုလျှင် မြန်မာအစိုးရသည်၎င်း ၊ ဦးပိုင်ကုမဏီသည်၎င်းအတူတူပင်ဖြစ်နေပြီး
နောက်ထပ် အမေရိကန် ဒေါ်လာ ( ၅၆.၁) သန်းကိုလည်းမြန်မာအစိုးရမှရရှိသွားပြီဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နေအိမ်မှ ထမင်းချက်တို့ ကားဒရိုင်ဘာတို့  မာလီတို့ အတွက်ပေးစရာငွေမရှိ၍ လွှတ်တော်မှတောင်းခံသည်ဆိုခြင်းမှာလူအများရယ်စရာဖြစ်နေပါတော့သည် ။
သို့ သော် ၀မ်ပေါင်ကုမဏီနှင့်ဦးပိုင်တို့  ဖက်စပ်လုပ်သည့် -၂၀၀၈-ခုနှစ်စာချုပ်အရဆိုလျှင် ယခုလက်ရှိ
သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိကြောင်း သိနိုင်ပါတော့သည် ။ မည်သို ပင်ဆိုစေ လောလောဆယ်တွင် တနှစ်ပြည့်နေသောစီမံကိန်းလုပ်ငန်းအရမြန်မာအစိုးရဘဲခေါ်ခေါ် ဦးပိုင်ဘဲ ခေါ်ခေါ် အမေရိကန် ဒေါ်လာ
( သန်း-၅၆-၁)သန်းကို စာရင်းပျောက် ကာ သူတို့  ရရှိခံစားနေကြပါပြီ ။
၎င်းငွေကြေးရရှိခံစားနေသူများသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုဖျက်သိမ်းပေးဖို့  မည်သို့ မျှ လုပ်ချင်သည့်ဆန္ဒရှိမည်မဟုတ် ။ ရဟန်းသင်္ဃာတော်တွေကို အကြမ်းဖက် လုပ်ကိုင်ခြင်းကို ကြည့်ရုံမျှ
သိနိုင်ပါတော့သည် ။ အခြားတဖက်မှာ တရုပ်နိုင်ငံကလည်း စီမံကိန်းနှင့်ဆက်စပ်နေသည့် ကျေးရွာများကိုလည်း နစ်နာကြေးများ ပေးချေထားပြီးဖြစ်သည်ဟု
ပြောဆိုထားသည် ။ ယခုမှ မည်သို့ ကြောင့်ဖြစ်လာသည်မသိတော့ပါဆိုပြီးတရုပ်သံအမတ်ကြီးက
ညီးညူပြောဆိုသွားသည်ကို တွေ့ ရပါသည် ။ ဤသို့ပြောဆိုခြင်းသည် နစ်နာကြေးများ လျော်ကြေးများ နည်းပါးနေသောကြောင့်ဖြစ်ပွါးလာသလို ထောက်ပြပြောဆိုခြင်းမျိုး
ဖြစ်နေသည် ။ စင်စစ်အားဖြင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးများ နှင့်သမ္မတဦးသိန်းစိန်အပါအ၀င် အာဏာလက်ကိုင်ထားသူများသည် အမေရိကန် ဒေါ်လာ(၆၇-သန်း ) ခန့် ကို ဤစီမံကိန်းမှ ငွေကြေားတပြားတချပ်မျှ အရင်းမစိုက်ဘဲခံစားနေရခြင်းဖြစ်သည် ။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက်ဆန္ဒပြပွဲဖြိုခွင်းမှုသည်ဤစစ်အာဏာရှင်များကို အကာကအကွယ်ပေးထားခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောစုံစမ်းစစ်ဆေးရေးကော်မီသည် ဤဒေါ်သန်း( ၆ရ ) ဖိုးခန့်  ခံစားနေမှုကိုစုံစမ်းစစ်ဆေးနေချိန်တွင်ဖေါ်ထုတ်ရှာဖွေ တွေ့ ရှိလာမည်ဖြစ်သည် ။
နိုင်ငံတော်အတွက်ဆိုလျှင် မည်သူမဆို လက်ခံနိုင်ပါသည်ဟု လက်ပံတောင်းတောင်ဆန္ဒပြသူများက ထုတ်ဖေါ်ပြောဆိုထားရာ ၄င်းဒေါ်လာ-၆ရ-သန်းသည်လည်းနိုင်ငံတော်ဘဏ္ဍာငွေသို့  ၀င်ရောက်သွားရမည်ဖြစ်သည် ။ မည်သည့်စစ်အာဏာရှင်တိုထံသို့  မရောက်ရှိသင့် ။ အကယ်၍ ရောက်ရှိနေအုံးမည်ဆိုပါကအစိုးရပြုတ်လျှင် ပြုတ် -မပြုတ်လျှင် ပြည်သူတို့ 
ခါးစည်းခံရပေတော့မည်သာဖြစ်သည်မို့  တိုက်ပွဲကို ရေကုန်ရေခန်း
တိုက်ကြရမည်ဖြစ်ကြောင်း သိနိုင်သည် ။ သို့ သော် မြန်မာနိုင်ငံသူများအဖို့ ယခုအချိန်တွင် အကောင်းဆုံးအတိုက်အခံသမားဆို၍ ရှာမတွေ့ တော့ပြီဖြစ်ရာဤတကြော့လည်း စစ်အာဏာရှင်တို့ 
၏ လက်ခုပ်ထဲက ရေလို ဖြစ်သွားရပြီဟု ပြောစရာဖြစ်လာနိုင်သည် ။သွေးတို့ သည် အေးစက်သွားပြီဟု ပြော၍ရနိုင်ကောင်းသည် ။
၁၉၈၈-ခုနှစ်က ဒေါက်တာမောင်မောင်မှ ပါလီမန်ရွေးကောက်ပွဲကို ခေါ်ပေးမည်ဆိုကာ
ဆန္ဒပြနေကြသော မြန်မာနိုင်ငံသားများကို ချွေးသိပ်လိုက်ရာ လူတိုင်းသည်
သွေးအေးသွားပြီး ခဏတာလေး အုပ်ချုပ်ရေးအာဏာကို မိမိတို့  သဘောအတိုင်း
ပြုလုပ်ခွင့် ရခဲ့ ကြသည် ။
သို့ သော် စစ်တပ်မှ အာဏာသိမ်းလိုက်သောအခါအရာခပ်သိမ်းတို့ သည် ပျောက်ကွယ်ဆုံးရှုံးသွားခဲ့ ရပါတော့သည် ။
ခိုင်အောင်ကျော် ( နယူးယောက် ) http://shwemyanmarmediagroup.blogspot.com/2012/12/blog-post_3305.html#more

No comments:
Post a Comment