အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်
ရွှေဟင်္သာသတင်းဌာန. ၁၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —- အစိုးရ၏ ပန်ဝါ ဒေသ ဗျူဟာမြောက် စစ်ဆင် ရေးများကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က တန်ပြန် တိုက်ခိုက် နေပြီ ဖြစ်ကြောင်း ပြော ခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။
“ ပထမတော့ ဗျူဟာမှုး အဆင့်နဲ့ ကျနော် တပ်ဖွဲ့ကို တိုက်ခိုက်တယ်။ သူတို့ဘက်က ကျဆုံးမှုတွေ များလာတော့ တပ်မမှူး ကိုယ်တိုင်က ပန်ဝါကို လာပြီး ဦးစီး ကွပ်ကဲ ရတဲ့ အထိ ဖြစ်လာတယ်။ ဒါလဲ သူတို့ ဘက်က အကျအဆုံး များနေပြန်တော့ အရင် က တပ်မ (၈၈)မှာ တပ်မမှူး လုပ်ခဲ့ ဖူးတဲ့ အခု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင် ရှေ့တန်း လာပြီး စစ်ဆင် ရေးကို ကြီးကြပ် ရတဲ့ အခြေ အနေကို ရောက်လာ တယ်လို့ သိရပါတယ်။” ဟုဆိုပါသည်။
ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်တွင်လည်း အစိုးရတပ်ဖွဲ့ဘက်က ရှရှားလုပ် MI24 ရဟတ်ယာဉ် (၂) စင်းနှင့် ဝေဟင် မှမြေပြင်ပစ်ဒုံးများဖြင့် KIA တပ်စခန်းများရှိရာကို မကြာမကြာ လိုက်လံ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ တပ်များသည် ဒီဇင်ဘာ လဆန်းက စပြီး၊ KIA ပန်ဝါ စခန်းများကို စတင် ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့ ပါသည်။ သို့သော် အစိုးရဖက်မှ အကျအဆုံးများလာနေသဖြင့် KIA က ဤအခြေ အနေကို အခွင့်ကောင်း ယူပြီး တန်ပြန် လာခြင်း ဖြစ်ဖွယ်ရှိ ပါသည်။
လတ်တလော တိုက်ပွဲ များတွင် အစိုးရ ဖက်မှ (၆၀) ခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာ ရဖွယ် ရှိသဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အပါဝင် လူနာတင် ရဟတ်ယာဉ် (၇) စင်းပါ အသုံးပြု လာခဲ့ ရပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2475-kia-.html
“ ပန်ဝါ ဒေသမှာ တိုက်ပွဲ ကတော့ နေ့တိုင်း ဖြစ်တယ်။ တစ်နေကုန် ဖြစ်နေ တတ်တယ်။ ဒီနေ့ မနက် မှာလည်း တိုက်ပွဲကြားက M1-24 ရဟတ် ယာဉ် (၂) စင်းနဲ့ ကျနော်တို့ စခန်းကို လာပစ်တယ်။ ကျနော်တို့ ဘက်ကလဲ သူတို့ တပ်စခန်း တွေကို စတင် ပြန်တိုက် လာတော့ တိုက်ပွဲ တွေက ပိုပြီး ပြင်းထန် လာတယ်လို့ ပြောရ မှာပါ” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် ဒီဇင်ဘာလ (၁) ရက်နေ့ စစ်ဆင်ရေး၌ ဗျူဟာမှူး အဆင့်များ စေလွှတ်ပြီး KIA တပ်မဟာ (၁) တပ်စ ခန်း များကို တိုက်ခိုက် စေခဲ့ပါသည်။ သို့သော် တိုက်ပွဲ၌ အကျ အဆုံး များလာ သဖြင့် ဗျူဟာမှူး များပင် စစ်ခုံရုံး တက်ခဲ့ရ သည်အထိ ဖြစ်ခဲ့ရ ပါသည်။
ဤသို့ကြောင့် ဒီဇင်ဘာ(၄) ရက်နေ့တွင် တပ်မ (၈၈) တပ်မမှူးကိုယ်တိုင် ပန်ဝါအထိလာရောက်ပြီး ရဟတ်ယာဉ် စစ်ဆင်ရေး နည်းပါ သုံးပြီး စစ်ဆင်ရေးကို ကွပ်ကဲ ပြန်ပါသည်။
ဤတိုက်ပွဲ များ၌လည်း ထိရောက်မှု မရှိလှသဖြင့် ဒီဇင်ဘာလ (၈) ရက်နေ့သို့ ရောက်သည့်အခါ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ပန်ဝါသို့ ရောက်လာပြီး စစ်ဆင် ရေးကို ထပ်မံ ကွပ်ကဲ ပြန်သည်ဟု ဆိုပါသည်။
အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် KIA ကို အပိုင်းလိုက် ချေမှုန်းရန် အစိတ်အပိုင်း တရပ် ဖြစ်သည်ဟု စစ်ရေး သုံးသပ်သူများ က ဆိုပါသည်။ သို့သော် အစိုးရ တပ်များတွင် စစ်ရေး စွမ်းရည် ကျဆင်းပြီး တိုက်ခိုက် မှုများ လျှော့ရဲ လာသဖြင့် တိုင်းမှူးအဆင့် အထိ ရှေ့တန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
Written by အဲာပိုန်
No comments:
Post a Comment