ၾသစေၾတးလ် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ Woodside မြန်မာတွင် ရေနံဓာတ်ငွေ့ တူးဖော်ရေး ဒုတိယစာချုပ် လက်မှတ်ရေးထိုး
7 Day News Journal, 10 December 2012 —- ဆစ်ဒနီ၊ ဒီဇင်ဘာ – ၁၀
သြစတြေးလျအခြေစိုက် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီ Woodside Ptroleum
သည် မြန်မာတွင် ၎င်း၏ ဒုတိယမြောက် ရေ နံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ
တူးဖော်ခွင့် စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
woodside ကုမ္ပဏီသည် မြန်မာအခြေစိုက် MPRL နှင့်အတူ မြန်မာ့ကမ်းလွန်မှ
လုပ်ကွက် A-6 တွင် အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းစီဖြင့် သဘောတူစာချုပ်
ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
သဘောတူကန်ထရိုက်စာချုပ်တွင် လုပ်ကွက်တိုင်းတာခြင်း၊ အနာဂတ်၌
ရေနံဓာတ်ငွေ့တူးဖော်ရေးအတွက် နေရာရွေးချယ်ခြင်းများ လည်း ပါဝင်မည်ဖြစ်သည်။
ထို့အပြင် ကုမ္ပဏီနှစ်ခုစလုံးသည် အနာဂတ်ကာလတွင် ကမ်းလွန်ရေနက်ပိုင်း
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများ၌ ပူးတွဲလုပ်ဆောင်ရန်လည်း စဉ်းစားနေကြောင်း
သတင်းရရှိသည်။ Woodside ကုမ္ပဏီသည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း
တောင်ကိုရီးယား၏ ဒေ၀ူးအင်တာနေရှင်နယ် ကုမ္ပဏီမှ လုပ်ကိုင်နေသော
ရခိုင်ကမ်းလွန်လုပ်ကွက် တစ်ခုတွင် ရေနံဓာတ်ငွေ့ဖက်စပ်တူးဖော်ရေး
လုပ်ကိုင်ခွင့် စာချုပ် ချုပ်ဆိုထားခဲ့သည်။
Woodside ကုမ္ပဏီသည် သြစတြေးလျ ပြည်တွင်း၌သာမက ပြည်ပ၌ပါ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေပြီး မကြာမီကလည်း အစ္စရေးကမ်းလွန်တွင် ပင်လယ်ရေ နက်ပိုင်းဓာတ်ငွေ့တူးဖော်ရေးအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိစာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။
Ref: Financial Review
Woodside ကုမ္ပဏီသည် သြစတြေးလျ ပြည်တွင်း၌သာမက ပြည်ပ၌ပါ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေပြီး မကြာမီကလည်း အစ္စရေးကမ်းလွန်တွင် ပင်လယ်ရေ နက်ပိုင်းဓာတ်ငွေ့တူးဖော်ရေးအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိစာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။
Ref: Financial Review

No comments:
Post a Comment