နောက်ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင်ဆိုသည်မှာ ပြည်သူများ၏ လက်တွင်သာရှိဟုဆို
Photo..Dvb
Messenger News Journal, 10 December 2012 —-
မြန်မာနိုင်ငံ၏တိုးတက်နေ သော နိုင်ငံရေးအခြေအနေများ နောက်
ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင်ဆို သည်မှာ ပြည်သူများ၏လက်ထဲတွင်
သာရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမ ဆုံး သတင်းစာရှင်းလင်းပွဲကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်တွင် ပြု လုပ်ခဲ့ပြီး၊ ယင်းသတင်းစာရှင်းလင်း ပွဲတွင် သူမက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
”နောက်ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင်တာ ကျွန်မတို့ရဲ့ နိုင်ငံသား တွေ လက်ထဲမှာပဲရှိတယ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာမှ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
လတ်တလောအခြေအနေတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအ ဝင်
အခြားသောမြို့များတွင် ကြေးနီ တောင်သပိတ်စခန်းများကို အင်အား
သုံးဖြိုခွင်းမှုများကြောင့် ဒဏ်ရာရရှိခဲ့ သည့် သံဃာတော်များအတွက် ဆန္ဒ
ထုတ်ဖော်မှုများပြုလုပ်လျက်ရှိသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုများအနက်
ရန်ကုန်မြို့တွင် ဆန္ဒပြခေါင်းဆောင် များကို ဖမ်းဆီး၍ ပုဒ်မ ၅ဝ၅(ခ)ဖြင့်
အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ်
နောက်ကြောင်းပြန်ခြင်းရှိမရှိ မေး ခွန်းထုတ်မှု များလည်းရှိနေကြောင်း
သိရသည်။
”နောက်ကြောင်းပြန်လှည့် တဲ့ ကိစ္စက သူရဲဘောကြောင်တဲ့ကိစ္စပါ၊ ကလေးကစားသလို လုပ်လို့မရပါ ဘူး။ သူတို့လည်း မလုပ်လောက်ဘူး လို့ယုံကြည်တယ်။ နောက်ကြောင်း ပြန်လှည့်တယ်၊ မလှည့်ဘူးဆိုတာက ပြည်သူတွေဆီမှာပဲ တာဝန်ရှိတာမ ဟုတ်ဘူး။ အစိုးရမှာလည်း တာဝန်ရှိ တယ်။ ဆန္ဒတွေပြလို့ အစိုးရအကျပ် ရိုက်ပေမယ့် ဒါကိုတော့ ဖြေရှင်းရ မှာပဲ။ ဒီအခြေအနေလောက်နဲ့လည်း နောက်ကြောင်းပြန်လှည့်မှာတော့ မ ဟုတ်လောက်ပါဘူး”ဟု နိုင်ငံရေး သတင်းဆောင်းပါးများ ရေးသားနေ သူ ဦးထင်လင်းဦးကပြောသည်။
ယခုကဲ့သို့ ဆန္ဒပြမှုများကို အင် အားသုံးဖြိုခွင်းမှုများ ပြုလုပ်ခြင်း ကြောင့် နောက်ကြောင်းပြန်လှည့်မ လှည့်အတွက် ပြည်သူများကလည်း မရောထွေးရန် လိုအပ်ပြီး၊ အကြောင်း အရာအလိုက် ခွဲခြားထား၍ သီးခြား ဖြေရှင်းသင့်ကြောင်းနှင့် အချို့သော ကြေညာချက်များသည် မိမိတို့ကိုယ် ကိုကာကွယ်ရင်းဖြင့် ပြည်သူများ ကို ဆွပေးသလိုဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားဦးကိုကိုကြီး က The Messenger ဂျာနယ်သို့ ပြောသည်။

No comments:
Post a Comment