Monday, December 10, 2012

စီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူများကို မေတ္တာရပ်ခံစကား ပြော ကြားသင့်


စီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူများကို မေတ္တာရပ်ခံစကား ပြော ကြားသင့် 

article.wn.com
Messenger News Journal, 10 December 2012  —  နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကြောင့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍
နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူများကို မေတ္တာရပ်ခံစကားပြောသင့်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများက ပြောကြားသည်။


”အခုအခြေအနေတွေက ကာ ကွယ်ဖို့အတွက် မေတ္တာရပ်ခံရမယ်။ စီမံကိန်းတွေဆိုတာ ပြည်သူကို အနည်းနဲ့အများ ထိခိုက်မှုဖြစ်မှာပဲ။ ပြည်သူတွေအနေနဲ့ ကန့်ကွက်တာကို လည်း အစိုးရအနေနဲ့ လက်ခံပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အနေနဲ့လည်း ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းတွေကို ဖော်ဆောင် ဖို့အတွက်ဆိုရင် အခုလို စီမံကိန်း တွေကို လုပ်ဆောင်ရတာပါလို့ သမ္မတ အနေနဲ့ မေတ္တာရပ်ခံစကား ပြောသင့် ပါတယ်”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦးက The Messenger ဂျာနယ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် လုပ်ကိုင်နေသော စီမံ ကိန်းလုပ်ငန်းကြီးများဖြစ်ကြသည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်၍ တရုတ်နိုင်ငံအထိ သယ်ယူ မည့် Gasပိုက်လိုင်းစီမံကိန်း၊ ဇော တိက သဘာဝဓာတ်ငွေ့စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ရေအားလျှပ်စစ် ထုတ်လုပ်သော စီမံ ကိန်းများနှင့် ပတ်သက်၍ ပြည်သူ များ၏ ဆန့်ကျင်ကန့်ကွက်မှုများ ရှိ လာနိုင်ခြင်းကြောင့် ယခုကဲ့သို့ အကြံ ပေး ပြောဆိုမှုများ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။
”အရင်လူတွေ အရင်ပုံစံတွေ နဲ့ သွားလို့တော့ မရဘူး။ အရေးပေါ် ကိစ္စ စီမံခန့်ခွဲရေး ကျွမ်းကျင်သူ တွေနဲ့ တိုင်ပင်ဖို့တော့ လိုတယ်။ ပြည်သူကို မေတ္တာရပ်ခံစကား ပြော တာက နိုင်ငံတကာမှာတော့ အလေ့ အကျင့်ရှိနေပေမယ့် ဒီမှာက ဒီအလေ့ အထအားနည်းတယ်။ အခုလို အခြေ အနေမှာ ပြည်သူကို သမ္မတအနေနဲ့ စကားပြောရင်တော့ ပိုကောင်းတာ ပေါ့။ အစိုးရအဖွဲ့နဲ့ သမ္မတမှာ အား နည်းချက်တွေ ရှိနေရင်တော့ မပြောသင့်ဘူး”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြော သည်။
လက်ရှိအချိန် မြန်မာနိုင်ငံတွင် ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက် ၍ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်နေ ပြီး ကြေးနီတောင် သပိတ်စခန်းကို လူအင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒ ထုတ်ဖော်မှုများ နေ့စဉ်နီးပါး ဖြစ် ပေါ်နေသည်။
သမ္မတနှင့် အစိုးရအဖွဲ့အနေ ဖြင့် ပြည်သူကို မေတ္တာရပ်ခံ ပန် ကြားပါကလည်း ဆန္ဒထုတ်ဖော် သည့် ပြည်သူများကို စာနာထောက် ထားကြောင်းနှင့် သွေးထိုးလှုံ့ဆော်မှု များ ရှိကြောင်း၊ ယခင်ကကဲ့သို့ လုပ် ထုံးလုပ်နည်းများနှင့် ပြုလုပ်လာပါ က အဆင်ပြေနိုင်မည် မဟုတ်ကြောင်း သုံးသပ်ဝေဖန် ပြောကြားမှုများ ရှိ ကြောင်း သိရသည်။
သမ္မတနှင့် အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက် ချက်များသည် သမ္မတအကြံပေး အဖွဲ့၏ အရည်အချင်းအပေါ်တွင် လည်း မှီတည်နေသေးကြောင်း ဦး ကြည်မြင့်က ထပ်ပြောသည်။ ယခု ကဲ့သို့ လက်ပံတောင်းတောင် ကြေး နီစီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒ ထုတ်ဖော်မှုများ ဖြစ်ပေါ်လာရခြင်း မှာ စီမံကိန်းနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှု မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က လယ်ပံတောင်း တောင် ဒေသခံများနှင့် တွေ့ဆုံစဉ် က ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။