မိုဘိုင်းလ်ငွေပေးချေမှုနှင့် အီလက်ထရောနစ် ငွေပေးချေမှုကို VISA ကုမ္ပဏီမှစတင်ပြုလုပ်သွားမည်
Yangon Media Group, 10 December 2012 —- မိုဘိုင်းလ်ငွေပေးချေမှုနှင့် အီလက်ထရောနစ် ငွေပေးချေမှုကို VISA ကုမ္ပဏီမှစတင် တည်ထောင်သွား မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မိုးဘိုင်းလ်ဖုန်းအသုံးပြုမှုတွင်ကျယ် လာသည့်အတွက်
ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း VISA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်
သည့် ပီတာမေဟာ ပြောသည်။
ယင်းက ”မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ ၂ လောက်သာ
မိုဘိုင်းလ်ဖုန်းတွေ ကို သုံးစွဲနိုင်ပေ မဲ့ လာမည့် ၂ နှစ် အတွင်းမှာ
မိုဘိုင်းလ် ဖုန်း သိသိသာ သာကြီး တိုးပွားလာမယ် လို့ ကျွန်တော်တို့
မျှော်လင့်ပါတယ်။ အဲ့ဒီအခါမှာ လုံလည်း လုံခြုံ၊ အဆင်လည်းပြေ၊ အကုန်အကျလည်း
သိပ်မများလှ တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု တွေ ကို ပေးအပ်နိုင် တော့မှာပါ” ဟု
ဆိုသည်။
ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရှင်းလင်း ပွဲကို နေပြည်တော် ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗက်ရှင်းစင်တာ၌ ယခုလ ၁၁ ရက်နေတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင်လည်း မိုဘိုင်းလ်ငွေပေးချေမှုစနစ်များနှင့် ဘဏ်ခွဲမဲ့ ဘဏ်စနစ်အကြောင်းများ ကိုရှင်းလင်း ဆွေးနွေး သွားမည်ဖြစ်ပြီး အစိုးရတာဝန်ရှိသူများ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ပြည်တွင်း ဘဏ်များ၊ နိုင်ငံတကာမှ တာဝန်ရှိသူများ၊ တတ်ရောက်ကြမည်ဖြစ်ပြီး ယင်းတို့ အားလုံး မှဝင်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
VISA ကုမ္ပဏီနှင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်သုံးဘဏ်တို့ အကြား VISA ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် အတွက် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ ကြောင်း သိရသည်။
နိုင်ငံတကာတွင် အသုံးတွင် ကျယ်နေသော ငွေပေးချေမှု ကဒ်များဖြစ်သည့် VISA ကတ်၊ မာစတာကတ် များကို မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် ခေတ်မတိုင်မီက သုံးစွဲခဲ့ဖူးသော်လည်း နောက်ပိုင်းသုံး စွဲတော့ခြင်း မရှိဘဲ ယခု အခါမှ တကျော့ပြန် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

No comments:
Post a Comment