Thursday, March 7, 2013

ပုံနှိပ် ဥပဒေကို လွှတ်တော်မှာ ပြန်ကြားရေး ဝန်ကြီးတင်သွင်း


ပုံနှိပ် ဥပဒေကို လွှတ်တော်မှာ ပြန်ကြားရေး ဝန်ကြီးတင်သွင်း 

သတင်း မီဒီယာတွေ လု့ခြုံ စိတ်ချမှု ရှိစေမယ့် ဥပဒေလို့ ဝန်ကြီးပြော
BBC News, 7March 2013  —-  ပုံနှိပ် ထုတ်ဝေ ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို စာနယ်ဇင်း သမားတွေ ဝိုင်းဝန်း ကန့်ကွက် နေတဲ့ ကြားက ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်မှာ တင်သွင်းလိုက် ပါတယ်။
ကြာသပတေး နေ့က လွှတ်တော်မှာ တင်သွင်း ခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးရဲ့ ပုံနှိပ် ထုတ်ဝေရေး ဥပဒေကြမ်း ကြောင့် မြန်မာ့ သတင်း မီဒီယာ လောကမှာ အတော်လေး ပွက်လောရိုက် သွားခဲ့ ပါတယ်။
ဒါကို ဘယ်လို တုံ့ပြန်ကြ မလဲဆိုတဲ့ သဘောထား ရနိုင်ဖို့ မီဒီယာ သမားတွေ အရေးပေါ် ဆွေးနွေးကြဖို့ စီစဉ်နေ ပါတယ်။ မတ်လ ၁၂ ရက် မှာ တွေ့ဆုံ ဆွေးနွေးကြမှာပါ။


ဝန်ကြီး ဦးအောင်ကြည်ကတော့ စာနယ်ဇင်းကြောင့် ဆိုးကျိုးတွေ ဖြစ်လာရင် ကာကွယ် စရာ ရှိဖို့ လိုတဲ့ အတွက် ဒီလို လုပ်ရတာလို့ သူကဆိုပါတယ်။
ဒီဥပဒေဟာ လုံခြုံ စိတ်ချရမှုနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လွယ်ကူ စေဖို့ ဖြစ်ပြီး မီဒီယာ လောကမှာ မလိုလား အပ်တာတွေ ပေါ်ပေါက် လာရင် ကိုင်တွယ် နိုင်အောင် ဒီဥပဒေ ပြဌာန်းဖို့အ ရေးကြီးတယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ပြောသွား ပါတယ်။
ဒါပေမဲ့ အခု ရေးဆွဲ ထားတဲ့ ဥပဒေကြမ်း ထဲမှာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အပြစ်ပေး နိုင်တဲ့ ပုဒ်မတွေ ထည့်သွင်း ထားတာကြောင့် သတင်း မီဒီယာ သမားတွေ အတွက် လုံခြုံ စိတ်ချ ရမှု ရှိတယ် လို့ ပြောနေတာ အပေါ် မီဒီယာ သမားတွေက မယုံနိုင်အောင် ဖြစ်နေ တယ်လို့ ပြောကြ ပါတယ်။
လွှတ်တော် ဥပဒေကြမ်း ကော်မီတီ ကလည်း ဒါကို ထောက်ပြ ခဲ့ပြီး ထောင်ဒဏ် အစား ငွေဒဏ်ကိုသာ ထည့်သွင်း သင့်တယ်လို့ မှတ်ချက် ပေးထားပါတယ်။
မြန်မာ သတင်းသမားတွေ ပါဝင် ဖွဲ့စည်းထားတဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ) ကတော့ စာနယ်ဇင်းနဲ့ ပတ်သက်တာ တွေကို သီးခြား ဥပဒေ မပြဌာန်းဘဲ၊ အခု သူတို့ အဖွဲ့ကို မူကြမ်း ရေးဆွဲဖို့ တာဝန်ပေး ထားတဲ့ မီဒီယာ ဥပဒေ မှာသာ ထည့်သွင်း ပြဌာန်း သင့်တယ်လို့ ဆိုပါတယ်။
စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ အတွင်းရေမှူး ကိုကျော်မင်းဆွေက ဒီပုံနှိပ် ထုတ်ဝေရေး ဥပဒေကြမ်းဟာ ၁၉၆၂ ခုနှစ်က ဥပဒေကို စကားလုံးတွေ ပြင်ဆင် ပြောင်းလဲ ထားတာလို့ ပြော ပါတယ်။
ပြည်သူ့ လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုဖို့ သင့်မသင့် ဆွေးနွေး ချင်တဲ့ သူတွေကို အမည် စာရင်း ပေးဖို့ ဖိတ်ခေါ်ထား ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။