Thursday, October 18, 2012

အောင်မင်္ဂလာကားဝင်းအတွင်း လုံခြုံရေးကင်မရာများ တိုးချဲ့တပ်ဆင်

အောင်မင်္ဂလာကားဝင်းအတွင်း လုံခြုံရေးကင်မရာများ တိုးချဲ့တပ်ဆင်

Wednesday, October 17, 2012
ရန်ကုန်မြို့အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစ ခန်းဝင်းအတွင်း လုံခြုံရေးကင်မရာများ ထပ်မံတိုး ချဲ့တပ် ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော် မ တီအ ခွန်ဌာနမှ သိရှိရသည်။“အောင်မင်္ဂလာ အဝေးပြေး ၀င်းအတွင်း အခုလို လုံခြုံရေး ကင်မရာတွေ တပ်ဆင် ထားရတာဟာ ယာဉ်ရပ်နားစခန်းအတွင်း ခရီး သွား ပြည်သူတွေနေ့စဉ် ၀င်ထွက် သွားလာမှုမှာ လုံခြုံစိတ်ချရစေဖို့နဲ့ ယာဉ်မျိုးစုံဝင်ထွက် သွားလာမှုကို စစ်ဆေးနိုင်ဖို့အတွက် ဖြစ်တယ်” ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအခွန်ဌာနခွဲမူးဦးဇော်မင်းက ပြောသည်။ယခုလိုကင်မရာတပ်ဆင်မှုကို အောင် မင်္ဂ လာ ကားဝင်း အတွင်းရှိ ဂိတ် (၁၅)ခု အတွင်း လုံခြုံရေး ကင်မရာ (၅၇)လုံး တပ်ဆင်ပြီး သတ် မှတ်နေ ရာ အသီးသီးတွင် အသုံးပြုစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ထို့အပြင် အမှုအခင်းနှင့်ပတ်သက်သည့် ကိစ္စများ ၊ ပစ္စည်း ပျောက်ရှမှုများအား အလွယ်တကူ ပြန်လည် ကြည့်နိုင်ရန် အတွက် တပ် ဆင်ထားခြင်း ဖြစ်ကြောင်း သိ ရှိရသည်။ ရန်ကုန်တိုင်းဒေသညွှန်ကြားချက်အရ တပ်ဆင်ထားတာပါ။ အစစအရာ ရာ လုံခြုံရေး အ တွက် ပါ။´ ဟု ဦးဇော်မင်းက ဆက်ပြောသည်။ ကားဝင်း အတွင်းရှိ တက္ကစီကွင်း(၁)၊(၂) နှင့် အခြား သတ်မှ တ်နေရာ အသီးသီးမှာလည်း တပ်ဆင် ထားပြီးဖြစ်သည် ။ ကင်မရာ စတင် တပ်ဆင် အသုံးပြုမှု ကို အောက်တိုဘာ (၅) ရက်နေ့မှ စတင်ကာ လုံခြုံရေး မှတ်တမ်း များ ထားရှိဆောင်ရွက်နေပြီး ထပ်မံ တိုးချဲ့မှုများကို လိုအပ်ချက် ရှိေ သာ နေ ရာအပေါ် မူတည်ကာစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ‘’အခု လို လုံခြုံရေး ကင် မရာ တပ် ထားတော့ တစ်ခုခုဖြစ်ရင် သက်သေ ကျန်တာပေါ့၊ ကောင်းပါတယ်”ဟု အဝေးပြေး ယာဉ်ရပ်နားစ ခန်းအတွင်းမှ ဂိတ်မှူးတစ်ဦးက ပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။