စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်
- Created on Thursday, 14 March 2013 03:48
ရန်ကုန် ပြည်သူ့ဆးရုံကြီးသို့ လာရောက်ဆေးကုသသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာ တစ်ပါးအား ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့အနေနဲ့ အသက်ပါ ရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါတယ်" ဟု မိန့်ကြားခဲ့ သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြု ထားပြီး ယင်းနည်းလမ်းအား ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင်ကြား တောရ စင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ရှောင်ကွင်းပြီး ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိက အဆောက် အအုံ များကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာ သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။
"မြန်မာနိုင်ငံရဲ့ တောင်ပေါ်မှာရှိတဲ့ ဘုရားတွေစေတီတွေရွှေ့ပြီး သယံဇာတ ထုတ်ယူမယ် ဆို ရင် ပြည်သူတွေ က လက်ခံမှာလား။ ဦးဇင်းတို့အနေနဲ့ ဒါကို လုံးဝလက်မခံသလို အစီရင်ခံစာမှာ သာသနိကအဆောက်အအုံတွေ ရွှေ့ဖို့ အကြံပြုထားတာကိုလည်း စိတ်မကောင်းဘူး။ သံဃာတော်တွေ အများကြီး မီးလောင်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တင်ပြချက်တွေ မပါတာဟာလည်း မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ပစ်ပယ်ထားတာလို့ ခံစားရတယ်" ဟု လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူ လျက်ရှိသည့် ဒဏ်ရာရသံဃာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။
ဒဏ်ရာရ သံဃာများ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလကလည်း "ဦးဇင်းတို့အနေနဲ့ အစီရင်ခံစာပါ အချက်အချို့ကိုသာ ကန့်ကွက်တာပါ။ အချို့အချက်တွေကို သဘောကျပါ တယ်။ ကြေးနီ စီမံကိန်း ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ဒေသခံတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားက အရေး ကြီးပါတယ်။ ဦးဇင်းတို့အနေနဲ့ ပြည်သူလူထုရဲ့ သဘောထားအပေါ်မှာပဲ ရပ်တည်သွားမှာပါ။ ဦးဇင်းတို့အနေနဲ့ သာသနိက အဆောက်အအုံတွေ ပျောက်ပျက်မယ့် ဘယ်ကိစ္စကိုမဆို ကန့်ကွက်မှာပါ။ သံဃာတော်တွေကို မီးလောင်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်သူတွေကို ဖော်ထုတ် အရေးယူပေးစေချင် ပါတယ်" ဟု မိန့်ကြားခဲ့သည်။
Comments
+21
#
aungsantway.1915
2013-03-14 09:24
Quoting radar:
ထေရဝါဒ
ဗုဒ္ဒသာသနာသည် စေတီနှင့် ကျောင်းကန်အဆောက်အဦး ပေါ်တွင် မူတည်သလား ။
သစ္စာတရားလေးပါးပေါ်တွင် မူတည်ပါသလား။ ပုဂံမှာ ဘုရားငုတ်တိုတွေရှိတယ်.
လှည်းဝင်ရိုးသံ တညံညံတဲ့.။ ပုဂံက တောင်သူတွေ ဘယ်လိုလုပ်စားနေရသလဲ..
စဉ်းစားပါ။ စေတီငုတ်ဘေးနားမှာ ထွန်ယက်စားနေတာပဲ.။ လယ်တီဆရာတော်ရဲ့
ဆန္ဒကိုသာမေးကြည့်။ သူ့ရဲ့ အဆုံးအမတွေနဲ့ ညီညွှတ်စွာနေခြင်း က ကျွန်ုပ်တို့
လူမှုသာသနာအတွက် ပိုကောင်းသလား။ သူရဲ့အဆောက်အဦးကို
ကာကွယ်စောင့်ရှောက်နေပြီး မြန်မာလူမျိုးဗုဒွဘာသာတွေ တောင်းစားနေရတာတွေ၊
လူသတ်နေရတာတွေ၊ ကျွန်အဖြစ်ရောင်းစားခံနေရတာတွေ၊
အကျင့်စာရိတ္တတွေယိုယွင်းနေရတာတွေ
(ဗမာလူမျိုးတွေနေထိုင်တဲ့မြို့နယ်တိုင်းရဲ့ ရဲစခန်းတွေမှာ လူသတ်မှုနဲ့
မုဒိမ်းမှု မရှိတဲ့မြို့နယ် မရှိ) ပြုပြင်ပြီး ထေရဝါဒ ဗုဒ္ဒဘာသာဝင်ပီသစွာ
သီလစောင့်ထိန်းနေထိုင်တာက ပိုပြီးတော့ လယ်တီဆရာတော်ရဲ့
စွန့်လွှတ်အနစ်နာခံခဲ့ရကျိုး နပ်စေမလားဆိုတာ စဉ်းစားသင့်ပါတယ်။
-23
#
2013-03-14 08:48
အရှင်ဝီရသူဘုရား
လက်ပံတောင်းစီမံကိန်းအစီရင်ခံစာ ထွက်လာလို့ အများမကြိုက်တာပါရင်အရှင်ဘုရားကိုယ်တိုင် လမ်းပေါ်ထွက်ဦးဆောင်ဆန္ဒ္ဒ္ဒပြပါ့မယ် မိန့်ကြားခဲ့လို့အရှင့်ကို ရှာနေပါတယ်ဘုရား။
ဝမ်ပေါင်မို့လို့ မကြောက်ပါနဲ့ဘုရား။
လက်ပံတောင်းစီမံကိန်းအစီရင်ခံစာ ထွက်လာလို့ အများမကြိုက်တာပါရင်အရှင်ဘုရားကိုယ်တိုင် လမ်းပေါ်ထွက်ဦးဆောင်ဆန္ဒ္ဒ္ဒပြပါ့မယ် မိန့်ကြားခဲ့လို့အရှင့်ကို ရှာနေပါတယ်ဘုရား။
ဝမ်ပေါင်မို့လို့ မကြောက်ပါနဲ့ဘုရား။
-17
#
2013-03-14 08:15
Quote:
မယ်မယ်ဖျား မိန့်တော်မူတာကတော့ သင့်မြတ်တော်မူပါပေတယ်...
နို့်ပေမဲ့ မယ်မယ့် မောင်တော်...
ဟို နှခေါင်းထိပ်မှာ ဂျိုပေါက်နေတဲ့ ကိုယ်တော်ကြီး တွေရဲ့ ဥပဒေက လိုတမျိုး မလိုတမျိုး ဆိုတော့လဲ ....
ခက်သားကလား.... ဖျာ့...
ဘာဘဲပြောပြော ဒီ လက်ပံတောင်း အရေးအခင်းကြီးမှာ မယ်မယ်ဖျား ကျပ်ခိုး အသုတ်ခံလိုက်ရတာ ဟာဖြင့် ဂျို တစ်ချောင်းမောင်တွေ တွက်ချေကိုက်လှပီး ဒင်းတို့ ကျောကုန်းပေါ်ကို ကုန်ရထားကြီး ဖြတ်မောင်းသွားသလို လှိုက်လှဲမြူးထူး ရှိလှပါသောကြောင့် အူတက်၍ မသေစေရန် အိမ်သူအိမ်သားတွေက အထူးဂရုစိုက်နေရကြောင်းပါ...
မယ်မယ်ဖျား.....
မယ်မယ်ဖျား.....ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများအနေဖြင့် ၎င်းတို့၏ မကျေနပ်မှုများအတွက် ဆန္ဒပြနိုင်ကြောင်း၊ သို့သော် ဥပဒေနှင့်အညီ ဆန္ဒပြရန်လိုကြောင်း၊ နစ်နာမှုများရှိပါက သူမနေပြည်တော်တွင် ရှိနေစဉ်အချိန်တွင်လည်းကောင်း၊ ရန်ကုန်တွင် ရှိနေသည့်အချိန်တွင် လည်းကောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနိုင်ကြောင်း၊ ခွင့်ပြုချက်မရ ဘဲ ဆန္ဒပြခဲ့မည်ဆိုပါက သူမအနေဖြင့်လည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မယ်မယ်ဖျား မိန့်တော်မူတာကတော့ သင့်မြတ်တော်မူပါပေတယ်...
နို့်ပေမဲ့ မယ်မယ့် မောင်တော်...
ဟို နှခေါင်းထိပ်မှာ ဂျိုပေါက်နေတဲ့ ကိုယ်တော်ကြီး တွေရဲ့ ဥပဒေက လိုတမျိုး မလိုတမျိုး ဆိုတော့လဲ ....
ခက်သားကလား.... ဖျာ့...
ဘာဘဲပြောပြော ဒီ လက်ပံတောင်း အရေးအခင်းကြီးမှာ မယ်မယ်ဖျား ကျပ်ခိုး အသုတ်ခံလိုက်ရတာ ဟာဖြင့် ဂျို တစ်ချောင်းမောင်တွေ တွက်ချေကိုက်လှပီး ဒင်းတို့ ကျောကုန်းပေါ်ကို ကုန်ရထားကြီး ဖြတ်မောင်းသွားသလို လှိုက်လှဲမြူးထူး ရှိလှပါသောကြောင့် အူတက်၍ မသေစေရန် အိမ်သူအိမ်သားတွေက အထူးဂရုစိုက်နေရကြောင်းပါ...
မယ်မယ်ဖျား.....