Wednesday, March 13, 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသားအများစု လွယ်ကူစွာဖြေဆိုနိုင်ခဲ့


၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသားအများစု လွယ်ကူစွာဖြေဆိုနိုင်ခဲ့  

AddThis Social Bookmark Button
3.13.1
ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုအပြီး တွေ့ရစဉ်
၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား တစ်နိုင်ငံလုံးရှိ ကျောင်းသားအများစုမှာ လွယ်ကူစွာ ဖြေဆိုနိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဓိကအားဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ကျောင်းသားများမှာ မြန်မာစာဘာသာရပ်အား အနိမ့်ဆုံး အောင်မှတ်အပြင် ဂုဏ်ထူးမှတ် ရရှိရန်ပင် မျှော်မှန်းနိုင်သည့် အခြေအနေအထိ ရှိသည် ဟု ကျောင်းသားများနှင့် ကျောင်းသား မိဘများက ပြောကြားခဲ့သည်။
ယခု ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် မေးခွန်းမှာ ဖြေဆို သူ ကျောင်းသားများအတွက် ယခင်နှစ် မြန်မာစာဘာသာရပ် ဖြေဆိုခဲ့သူများထက် ပိုမိုလွယ်ကူ စွာ ဖြေဆိုနိုင်ခဲ့ကြသည် ဟုလည်း အထက်တန်းပြ ကျောင်းဆရာ ဆရာမများက ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့၊ အထက(သုဝဏ္ဏ)တွင် ဖြေဆိုသည့် ကျောင်းသူတစ်ဦးက “ဒီနေ့စာမေးပွဲဖြေရ တာ ပျော် ဖို့ကောင်း တယ်။ မေးခွန်းတွေက လွယ်တယ်။ ကျက်ထားတာတွေနဲ့ တိုးတော့ ပိုဖြေနိုင်တယ်” ဟု ပြောပြခဲ့သည်။
3.13.1
မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုအပြီး တွေ့ရစဉ်
နေပြည်တော်၊ ပျဉ်းမနားမြို့၊ အထက(၃)တွင် ဖြေဆိုနေသည့် ကျောင်းသူ မအိအိငြိမ်းကလည်း “ကျက်ထားတာနဲ့ တိုက်လို့ အကုန်ဖြေနိုင်တယ်။ ဒီနှစ် မနှစ်ကထက် လွယ်တယ်” ဟု ပြောပြခဲ့သည်။
ကျောင်းသူ ကျောင်းသားများ အများဆုံး ကျက်မှတ်ထားသည့် သင်ရိုးညွှန်း၏ ရှေ့ဆုံးမှ စကားပြေ၊ ကဗျာအမျိုးအစားများ ဖြစ်သောကြောင့် ရာခိုင်နှုန်းပြည့် ဖြေဆိုနိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကျောင်းသား ကျောင်းသူများက ပြောပြခဲ့သည်။
မန္တလေးမြို့ရှိ ပုဂ္ဂလိကကျောင်း တစ်ခုမှ မြန်မာစာဆရာ တစ်ဦးက “ဒီနှစ်မေးခွန်းက လွယ်တယ်လို့ ပြောရမယ်။ ဒီမေးခွန်းကို ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ အနေနဲ့ အားလုံးနီးပါး ဖြေဆိုနိုင်ခဲ့ကြတယ်” ဟု ပြောပြခဲ့သည်။
3.13.1
နေပြည်တော်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုအပြီး တွေ့ရစဉ်
“ရှေ့ဆုံး ၇ ပုဒ်ထဲကပဲ မေးသွားတာမို့ အားလုံးဖြေနိုင်ကြတယ်။ ဒီနှစ် မြန်မာစာ ဂုဏ်ထူးမှန်းတဲ့သူတွေ များတယ်။ ပြင်ဆင် ကျက်မှတ်ထားတာတွေအပြင် စာစီစာကုံးပါတိုးလို့ ၁၁ နာရီကျော်လောက် ကတည်းက အားလုံးဖြေဆိုပြီး သွားတယ်။ ဂုဏ်ထူးတော့ မမှန်းဘူး” ဟု မနလေးမြို့ အထက ၄ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ မောင်ကျော်စွာလွင်က ပြောပါသည်။
“မေးသမျှအားလုံးကို အပုဒ်စေ့ ဖြေဆိုနိုင်ခဲ့တယ်။ မြန်မာစာမို့ ဂုဏ်ထူးမမှန်းပါဘူး။ အမှတ် ၆၀ ကျော်လောက်တော့ ရမယ်ထင်တာပဲ” ဟု မန္တလေးမြို့ အထက ၄ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ မလင်းလက်က ပြောပါသည်။

Comments  

+20 # singel 2013-03-13 19:23
ကောင်းပါတယ်ဗျာ။ညီလေးတွေ ညီမလေးတွေ ဘာသာရပ် အားလုံးလွယ်လွယ် ကူကူဖြေနိုင်ကြပါစေလို. ဆုတောင်းပေးပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။