Google ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ရောက်ရှိရန် ရက်ပိုင်းအလိုတွင် Google ၀က်ဘ်ဆိုက်ကို မြန်မာဒိုမိန်းဖြင့် စတင်အသုံးပြုနိုင်
- Created on Thursday, 21 March 2013 15:09
Google ၀က်ဘ်ဆိုက်မှာ www.google.com.mm ဟူသော မြန်မာဒိုမိန်းဖြင့် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။
"Google အနေနဲ့ နိုင်ငံအလိုက် ဒိုမိန်းတွေနဲ့ရှိရာမှာ User Interface ကွာခြားတာ၊ Search ရှာတဲ့အခါမှာ ကွာခြားတာမျိုးတွေ ရှိပါတယ်။ ထိုင်းမှာဆိုရင် Search မှာ ဘုရင်မကောင်းကြောင်း ရှာလို့မရဘူး။ ဒီမှာအခုလောလာဆယ်တော့ www.google.com.mm က ဘာမှထူးခြားတာ မတွေ့ရသေးပါဘူး။ အရင်အတိုင်းပါပဲ။ စစချင်းကြာင့်လည်း ဖြစ်နိုင်ပါတယ်။ Google Play လည်း မနက်ဖြန်မှာ လုံးဝပွင့်လာမယ်လို့ မျှော်လင့်ရတာပဲ" ဟု Technomation မှ ကိုထူးမြင့်နောင်က ပြောပြခဲ့သည်။
"Google အနေနဲ့ Local Service တွေ ပေးလာနိုင်ပြီး မြန်မာပြည်အတွက် လုပ်ပေးမှာတွေလည်း ရှိပါတယ်။ .mm နဲ့ ဒိုမိန်းရှိလာတာက Google က မြန်မာနိုင်ငံအတွက် သီးခားဒိုမိန်းတစ်ခု ယူလိုက်တာဖြစ်နိုင်ပါတယ်"ဟု MCC မှ ဒေါ်ချောခင်ခင်က ပြောပြသည်။
"Google Play က နောက်ဆုံး ဗားရှင်းနဲ့ ၀င်လို့ရနေတာ တစ်လကျော်လောက် ရှိပါပြီ။ ဒါပေမယ့် မတည်ငြိမ်ဘဲ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေတာမျိုးပါ။ တချက်တချက်တော့ Download ၀င်ဆွဲလို့ ရနေပါတယ်"ဟု Giga Gates မှ ကိုမိုးသန့် ဦးကပြောသည်။
Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး မတ်လ ၂၂ ရက်တွင် MICT Park ၌ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ရန်ရှိနေသည်။ အဲရစ်ရှမစ် လာရောက်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ Google ၏ ၀န်ဆောင်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ကြောင်း မျှော်လင့်ကြသည်။
Comments
0
#
myanmahero
2013-03-22 09:05
it's good news. Welcome, google!
+3
#
2013-03-22 03:00
Facebook message နဲ့ facebook notifications တွေလဲ ဖုန်းထဲ msg ၀င်တဲ့ service သုံးလို့ရအောင် မပုတု(MPT) က လုပ်ပေးစေချင်ပါသေးတယ်။
+21
#
2013-03-21 22:07
တို့ဗမာတွေလူရာဝင်တော့မှာပေါ့ google အနေနဲ့ မြန်မာ့ပြောင်းလဲရေးကိုအသိအမှတ်ပြုတဲ့သဘောပေါ့ HTC လဲပါတာပဲ