ပဋိပက္ခများကို တားဆီးပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ၀ိုင်းဝန်း ကာကွယ်တားဆီးကြရန် ၈၈ မျိုးဆက် ကျောင်းသားများ မေတ္တာရပ်ခံ
- Created on Thursday, 21 March 2013 00:33
မတ်လ ၂၀ ရက်က မိတ္ထီလာမြို့ တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ယင်းနေ့ညပိုင်းက ၎င်းတို့ရုံးခန်း၌ ၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထားကို ပြောကြားရာတွင် ယင်းကဲ့သို့ ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ပြည်ထောင်စုဟာ အများကြီး အရင်းအနှီးတွေနဲ့ ပေးဆပ်ပြီးတော့ အခုမှ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ သက်တမ်းနုနယ်လှတဲ့ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလကို အဲဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး။ ချောက်ထဲကျရင် လက်တစ်လုံးအလိုမှာ ကယ်ချင်နေတဲ့သူတွေက အသင့်စောင့်နေပါတယ်။ ထပ်ပြီးတော့လည်း ကျွန်တော်တို့ အကယ်ခံလို့လည်း မရတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို တားဆီးပြီးတော့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ၀ိုင်းပြီး ကာကွယ်တားဆီးကြဖို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ပြောသည်။
ပြဿနာကို ဖြေရှင်းရာတွင် တရားဥပဒေစိုးမိုးရေး နည်း လမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်သည့် အပြုအမူမျိုးကိုမူ လုံးဝခွင့်မပြုနိုင်ကြောင်း၊ ယနေ့ ဖြစ်နေသည်များမှာ မည်ကဲ့သို့ အုပ်စုဖွဲ့တိုက်ခိုက်မှုများ ဖြစ်နေစေကာမူ ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်များတပ်ကာ နှစ်ဖက် အကြမ်းဖက်မည့်ပုံစံ တိုက်ခိုက်နေသည်ကိုတောင်မှ ယင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားက လုံခြုံရေးတပ်ဖွဲ့များ၏ တုန့်ပြန်မှုက အလွန် သံသယဖြစ်စရာကောင်းကြောင်းလည်း ၎င်းက ပြောသည်။
ကိုမင်းကိုနိုင်က '' ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေက အခြေခံခဲ့ပါစေ၊ ရာဇ၀တ်မှုတစ်ခု ဖြစ်ပြီဆိုရင် ရာဇ၀တ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့ လိုပါတယ်။ အဲဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် ၀ိုင်းကူညီကြဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရ မယ့် တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း အဲဒါကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ကိုင်တွယ်ဖို့လိုတယ်။ အဲဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းပုံစံကို အသွင်ပြောင်းလိုက်မယ့် ပယောဂ၊ လှုံ့ဆော်မှုတွေက ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတယ်'' ဟု ဆိုသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ (မတ်လ၂၀ ရက်) ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိတ္ထီလာမြို့သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
Comments
+11
#
2013-03-21 15:26
အဲဒါမင်းတို. လျှောက်ဖွ
ခဲ.တဲ. မကြောက်တရားလေ ခေတ်တစ်ခေတ်နဲ. တစ်ခေတ် အပြောင်းအလဲမှာ
ပြည်သူပြည်သားတွေဟာ ဘယ်လို ကျင်.ကြံနေ ထိုင်သင်.တယ် တရားဥပဒေ စိုးမိုးရေးဟာ
ဘယ်လိုအရေးပါ တယ် ရဲဝန်ထမ်းတွေ အာဏါပိုင်တွေသာမ ကပြည်သူပြည်သားတွေ ပါ
ဘယ်လိုပူးပေါင်းပါဝင်သင်.တယ် ဒီမိုကရေစီ စနစ်ကို
ဖန်တီးတည်ဆောက်နေတဲ.အချိန်မှာ ပြည်သူပြည်သားတွေ ဘယ်လိုပြုမှု
နေထိုင်သင်.တယ် ဘာသာ မရွေး လူမျိုး တိုင်းရင်းသား မရွေး ညီညွတ်မှ
တိုင်းပြည်နဲ. လူမျိုး ဘယ်လို ကောင်းစား နိုင်မယ်ဆိုတာ လမ်းညွှန်ပြသ
ခြင်းမရှိဘဲ ကိုယ်.ရဲ.အာဃာတ တရား တွေနဲ. အာဏာပိုင်တွေလဲ ကြောက်စရာ မလိုဘူး
ဆန်.ကျင်သင်.ရင် ဆန်.ကျင်ရမယ် ဆိုပြီး ကိုယ်ပြောချင်ရာ တွေ
လျှောက်ပြောနေတဲ. မင်း ကိုနိုင်ရေ ခု လက်တွေ.ပါဘဲ တိုင်းဝန်ကြီး ချုပ်နဲ.
သွားမတွေ. နေပါနဲ. အဲဒီ ဆူပူနေတဲ. လူအုပ်ကြီး ရှေ. သွားပြီး ရှေ. ဆက်
အကြမ်း ဖက်မှုတွေ မဖြစ်အောင် မင်း ကိုတိုင် သွားပြီး တားတာ ပိုကောင်းမယ်
ထင်တယ် မင်းမှာ တကယ်အစွမ်းအစရှိမယ် ပြည်သူတွေ ကို တကယ်ချစ်တယ်ဆိုရင် ၊ခုလဲ
သူပြောတဲ. စကားထဲ မှာ ချောက်ထဲ ကျရင် လက်တစ်လုံး အလိုမှာ ကယ်ချင်တဲ. သူတွေ
အများကြီးပါ ဆိုပြီး မဆိုင်ရာ ဆီလူး သွားပါသေးတယ် မင်းဘဲ
တိုင်းပြည်ချစ်တာမဟုတ်ဘူး တိုင်းပြည်နဲ. လူမျိုး ချစ်တဲ. သူတွေ အများကြီး
ရှိသေးတယ်
+43
#
2013-03-21 07:44
ပြည်ထဲရေးဝန်ကြီးရေ...။ ဒီတစ်ခါ ခင်ဗျားအလှည့်၊ ခင်ဗျားတာဝန်နော်...။
မီးအရမ်းလောင်တတ်တဲ့ မီးခိုးဗုံးလို့ခေါ်တဲ့ ဗုံးတွေလည်း အဆင်သင့်ပြင်ထားဗျာ..။
နေ့ခင်းကြောင်တောင် အတင့်ရဲတဲ့ အကြမ်းဖက်သမားတွေကို ဒီအတိုင်း လွှတ်မထားပါနဲ့..။
အဓိကလက်သည်တရားခံတွေကို ဖမ်းဆီးဖို့ပျက်ကွက် ရင်တော့ ပြည်ထဲရေးဝန်ကြီးရာထူးကို လုပ်နိုင်တဲ့ အရပ်သားတစ်ယောက်ကို လွှဲပေးလိုက်ပါဗျာ...။ နို့မို့ ဒီအဆင်အကွက်တွေ ခဏခဏ မြင်နေရမှာ..။

+1
#
2013-03-22 09:02
Nyo Mya
မသိလို့မေးတာလား သိရက်နဲ့ မေးတာလား အကွက်တွေကဆင်လွန်းတော့ .. သူတို့ တာဝန်ယူပြီး ဖန်တီးလို့ လေပင့်လို့ ဖြစ်တာလေ......
ရခိုင်အဆင်
သာကေတအဆင်
အခု မိထီလာ အဆင် အို တူချက်...... စမှာတာတော့ ကုလားတွေပါ... ဒါကို ဥပဒေဘက်တော်သားကြီးတွေက အဲဒီလိုမျိုး မဖြစ်ဖြစ်အောင်များ ဖန်တီးပြီး အချိန်ဆွဲနေသလားလို့ ဆူးနဲ့ ထွင်ရမယ့် အနာကို ပုဆိန်နဲ့ ပေါက်ချင်တဲ့သူတွေ

+20
#
2013-03-21 06:57
Quote:
ဒီလို ပွဲလန့်အောင် လှုံ့ဆော်တတ်သူတွေ ကတော့
အချိုအချောင် ဖြတ်လမ်း မင်းသား မဖြစ်လိုက်ရလို့
အချိုအချောင် ဖြတ်လမ်း မင်းသား မဖြစ်ရမှာကို စိုးရိမ်လို့
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် ကုလားသူဌေးတွေ ......
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် တရုတ်သူဌေးတွေ......
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် ဗမာသူဌေးတွေ......
ပါဘဲ....
သွေး ပွက်ပွက် ထွက်အောင် မှန်ပါတယ်........... လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းပုံစံကို အသွင်ပြောင်းလိုက်မယ့် ပယောဂ၊ လှုံ့ဆော်မှုတွေက ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတယ်..........
ဒီလို ပွဲလန့်အောင် လှုံ့ဆော်တတ်သူတွေ ကတော့
အချိုအချောင် ဖြတ်လမ်း မင်းသား မဖြစ်လိုက်ရလို့
အချိုအချောင် ဖြတ်လမ်း မင်းသား မဖြစ်ရမှာကို စိုးရိမ်လို့
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် ကုလားသူဌေးတွေ ......
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် တရုတ်သူဌေးတွေ......
ပတ်မကြီး ထိုးဖေါက်ချင်သူ မသူတော် ဗမာသူဌေးတွေ......
ပါဘဲ....
+42
#
2013-03-21 06:47
မြန်မာနိုင်ငံအတွင်း
မြန်မာတိုင်းရင်းသားများနှင့် အေးချမ်းစွာ အတူယှဉ်တွဲ၍ သဟဇာတ ညီမျှစွာ
နေထိုင်ခဲ့ကြကုန်သော အစ္စလမ်ဘာသာ သက်ဝင်ယုံကြည်သူ မွတ်စလင်ဘာသာဝင်
မိတ်ဆွေများ အနေနှင့်
၁.) လတ်တလောဖြစ်ပေါ်လျှက်ရှိသော ဘင်္ဂါလီကိစ္စ တွင် လက်ဝင်မလျှို မိစေရန် နှင့် ဘင်္ဂါလီများ၏ အသုံးချခံ မဖြစ်စေရန် ပါးနပ်စွာ ရှောင်ကြဉ်နိုင်ပါမည့် အကြောင်း ကို၎င်း
၂.) မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်လှည့်လိုသူအချို့ ၏ ဘာသာရေးပဋိပက္ခ ဖန်တီးရာတွင် အသုံးချခံ မဖြစ်စေရန် ပါးနပ်စွာ ရှောင်ကြဉ်နိုင်ပါမည့် အကြောင်း ကို၎င်း
ခင်မင်စွာ အကြံပေးပါသည်။
ထိုနည်းတူစွာ
မြန်မာနိုင်ငံအတွင်း မြန်မာတိုင်းရင်းသားများနှင့် အေးချမ်းစွာ အတူယှဉ်တွဲ၍ သဟဇာတ ညီမျှစွာ နေထိုင်ခဲ့ကြကုန်သော တရုတ်အမျိုးသား မိတ်ဆွေများ အနေနှင့် လက်ရှိမြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသော တရုတ်ဆန့်ကျင်ရေး အတွေးအခေါ်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ လက်ရှိချမှတ် ကျင့်သုံးနေသည့် ဒေသတွင်း နိုင့်ထက်စီးနင်း ရန်လိုဗိုလ်ကျသည့် မူဝါကိုသာ ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း ကောင်းစွာ နားလည် သဘောပေါက်ပြီး
၁.) လတ်တလောဖြစ်ပေါ်လျှက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအတွင်းဆောင်ရွက်လျှက်ရှိသော အချောင်နှိုက် စီမံကိန်း ကိစ္စများတွင် လက်ဝင်မလျှို မိစေရန် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အသုံးချခံ မဖြစ်စေရန် ပါးနပ်စွာ ရှောင်ကြဉ်နိုင်ပါမည့် အကြောင်း ကို၎င်း
၂.) မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်လှည့်လိုသူအချို့ ၏ လူမျိုးရေးပဋိပက္ခ ဖန်တီးရာတွင် အသုံးချခံ မဖြစ်စေရန် ပါးနပ်စွာ ရှောင်ကြဉ်နိုင်ပါမည့် အကြောင်း ကို၎င်း
ခင်မင်စွာ အကြံပေးပါသည်။
တိုင်းပြည်ကို ချစ်မြတ်နိုးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို
ဆာလောင်မွတ်သိပ်နေကြသော တိုင်းရင်းသား ညီအကို မောင်နှမများ အနေနှင့်လည်း
အခု မြန်မာနိုင်ငံ ပြောင်းလဲ တိုးတက်မှာကိုလဲ မလိုလားသူတွေ ပြည်တွင်းမှာရော ပြည်ပမှာပါရှိနေတာကို
သဘောပေါက် နားလည်ပြီး ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်လည်သွားအောင် နည်းမျိုးစုံနဲ့ ကြံစည် အားထုတ် နေသူတွေ
လွယ်လွယ်ကူကူလုပ်တတ်တဲ့ လူမျိုးရေး နဲ့ ဘာသာရေး ပဋိပက္ခ ထောင်ချောက် ထဲကို မကျရောက် မိစေဘို့
ပါးနပ်မှု နဲ့ သဘောထားကြီးမှု တွေ လိုအပ်ပါတယ်...ဒါကြောင့်
၁.) ရှေးကာလများကတဲက ဌာနေ မြန်မာတိုင်းရင်းသားများနှင့် အေးချမ်းစွာ အတူယှဉ်တွဲ၍ နေထိုင်ခဲ့ကြသော မွတ်စလင်ဘာသာဝင်မိတ်ဆွေများ နှင့် ဘင်္ဂါလီကုလားဆိုးများ ကိုသော်၎င်း
၂.) မြန်မာတိုင်းရင်းသားများနှင့် အေးချမ်းစွာ အတူယှဉ်တွဲ၍ နေထိုင်ခဲ့ကြသော တရုတ်အမျိုးသား မိတ်ဆွေများ နှင့် လောလောလတ်လတ် ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ကွန်မြူနစ် များကိုသော်၎င်း
ကွဲပြားစွာ ခွဲခြားမြင် နိုင်ဘို့ အထူး လိုအပ်လှကြောင်းပါခင်ဗျား...

+40
#
2013-03-21 06:37
ကျွန်တော် က ၉၆၉ပါ ... ဘာသာရေး အဓိကရုန်းမှာ ဝင်မပါမှာသေချာပါတယ်... ဆူဆူပူပူလုပ်တဲ့သူတွေ ကိုမကြိုက်ပါ မထောက်ခံပါ
-9
#
2013-03-22 05:24
Quoting ၂မောင်:
မူဆလင်တွေကလည်းမင်းတို့  နဲ့ အနွယ်တူ ကုလားမျိုးတွေအချင်းချင်းဆိုတော့ မင်းလည်းနာမှာပေါ့ကွာ ချီးကျုံးကုလားရာ။ကျွန်တော် က ၉၆၉ပါ ... ဘာသာရေး အဓိကရုန်းမှာ ဝင်မပါမှာသေချာပါတယ်... ဆူဆူပူပူလုပ်တဲ့သူတွေ ကိုမကြိုက်ပါ မထောက်ခံပါ
-50
#
2013-03-21 05:20
မင်းတို
့၈၈ကုလားတွေကတော့ မင်းတို့ ကုလားတွေအတွက်ဆို အဲ့ လို ပဲ အရမ်းစိတ်ပူတတ်တာ။
ချက်ချင်းကို လိုက်သွားတယ်။ မြအေးလည်းပါတယ်မဟုတ်လား။
+73
#
2013-03-21 01:02
ည၁၂နာရီခွဲလောက်
သတင်းတင်နိုင်တာ EMG အဖွဲ့သားတွေကို ချီးကျူးရပါလိမ့်မယ်။ အမြန်ဆုံး
မိတ္တီလာ update သတင်းတွေ အတွက် စောင့်မျှော်နေပါတယ်။
အုပ်စုနှစ်ခုခွဲပြီးပြန်လည်စီစစ်ရပါမယ်
မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာပညာသင်ပြီး ပညာတတ်တဲ့ မွတ်ဆလင် မြန်မာနိုင်ငံသားစစ်စစ်တွေနဲ့ 
ဘင်္ဂးလာဒေ့ရှကခိုးဝင်လာဘ်ထိုးပြီး မြန်မာနိုင်ငံသားဖြစ်လာ အတုတွေ အုပ်စုနှစ်ခုခွဲပြီးပြန်လည်စီစစ်ရပါမယ်
ဘင်္ဂးလာဒေ့ရှကခိုးဝင်လာဘ်ထိုးပြီး မြန်မာနိုင်ငံသားဖြစ်လာတဲ့ နိုင်ငံသားအတုတွေ ကြတော့
ပညာလဲမတတ် မြန်မာစကားလဲ မပြောနိုင်လို့အလုပ်အကိုင်အခွင့်အလမ်းမရှိတော့
ပြဿနာရှာအိမ်၊မြို့မီးရှိ့ 
ကယ်ဆယ်ရေးစခန်းမှနေပြီးအလုပ်လုပ်စရာမလိုဘဲ
UN နဲ့ မွတ်ဆလင်နိုင်ငံတွေကပေးတဲ့ ထောက်ပံ့ကြေးထိုင်စားဖို့ တမင်ပြဿနာဖန်တီးနေကြတာပါ
မွတ်ဆလင်မြန်မာနိုင်ငံသားစစ်စစ်တွေ အနေနဲ့ 
မျက်ကန်းဘာသာရေးစိတ်မမွေးဘဲ
ဘင်္ဂးလာဒေ့ရှ်ကခိုးဝင် လာဘ်ထိုးပြီး ဖြစ်လာတဲ့ပြဿနာကောင်မြန်မာနိုင်ငံသား အတုတွေကို
သက်ဆိုင်ရာသတင်းပေးပြီးကူညီမယ်ဆိုရင်
အားလုံးအေးအေးချမ်းချမ်းနေနိုင်ကြမယ်လို့ တိုက်တွန်းလိုပါတယ်