သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ သြစတြေးလျ ရုပ်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၌ စစ်သံမှူး ထားရှိသွားမည်
- Created on Monday, 18 March 2013 16:46
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်တို့အား သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပါလီမန်တွင် မတ် ၁၈ ရက်က တွေ့ရစဉ် (Photo:AFP)
သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၌ စစ်သံမှူး ထားရှိသွားမည်ဖြစ်ကြောင်း အေပီ၊ အေအက်ဖ်ပီ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုကြောင်း၊ သြစတြေးလျနိုင်ငံ အနေနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတွင် စစ်သံမှူး ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတွင် စစ်သံမှူးအပြင် ကုန်သွယ်ရေးနှင့် စီးပွားရေးသံမှူး ခန့်ထားမည်ဖြစ်သည်။
သြစတြေးလျနိုင်ငံသည် လူသားချင်း စာနာထောက်ထားမှု၊ ဘေးဒုက္ခအန္တရာယ် ကယ်ဆယ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အပါအ၀င် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်ထားမှုများကို ရုပ်သိမ်းခဲ့သည်။
သို့ရာတွင် သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော လက်နက်ရောင်းဝယ်ဖောက်ကားမှု တားမြစ်မိန့်ကိုမူ ဆက်လက်ထားရှိသွားမည် ဖြစ်သည်။
"သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ခေတ်မီပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ စစ်တပ် ဖွံ့ဖြိုးတိုးတက်လာရေး ကို အားပေးချင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ဆက်လက် ထောက်ခံသွားပါမယ်" ဟု သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်က ပြောကြားသည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍများတွင် အားကောင်းလာစေရေးအတွက် နှစ်နှစ်တာ ကာလအတွင်း ဒေါ်လာ ၂၀ ဒသမ ၇ သန်း ထောက်ပံ့သွားမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် ၁၉၇၄ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံသို့ သွားရောက်လည်ပတ်သော ပထမဆုံး မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး ၎င်း၏ သြစတြေးလျနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် သုံးရက်ကြာမြင့်မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျဘုရင်ခံချုပ် မစ္စကွင်တင်းဘရိုက်စ်၏ ဖိတ်ကြားချက်အရ သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ပြီးနောက် ဆက်လက်သွားရောက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နေသောကြောင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဘဏ္ဍာရေးနှင့် ခရီးသွားလာခွင့် အရေးယူ ပိတ်ဆို့ထားမှုကို ပြီးခဲ့သည့်နှစ်က ရုပ်သိမ်းခဲ့သည်။
Comments
+9
#
THU THU
2013-03-19 08:21
သင်ပေးမယ် ထင်ဘူးနော့။
လူမျိုး တိုင်း လက်လန် မွတ်တား တွေ ကိုပေါချောင် ဗမာပြည် ကလ္ပဲ ရင်နေရာမရှိ
ပာ။ အဓိက က သန်းရွှေ၊ ကုလားငယ် ကြောက်။ ပုထွေး က ကုလား ၊ အဲဒီ က ကြောက်ပြီး
တပ်ထဲ ဝင်သွားတာ။ သန်းရွှေ ကို ကုလား မ ကြောက်တရား များများဟော ပေးပါ
+32
#
2013-03-19 07:08
အဲဒီ မိန်းမကြီးဆီက ဟိုဝက်ဖင်နီ ဘင်္ဂလီတွေကို ဘယ်လို တုန့်ပြန်နှင်ထုတ်ရလဲ ဆိုတာပါ သင်ခဲ့ပါဗျာ။