Thursday, December 20, 2012

မီးလောင် ဒဏ်ရာရ သံဃာတစ်ပါး ဘန်ကောက် ဆေးရုံသို့ ထပ်မံ ပို့မည်ဟုဆို


မီးလောင် ဒဏ်ရာရ သံဃာတစ်ပါး ဘန်ကောက် ဆေးရုံသို့ ထပ်မံ ပို့မည်ဟုဆို 


The Voice Weekly , 20 December 2012  —-  ရန်ကုန်၊ ဒီဇင်ဘာ၁၈
မန္တလေး ပြည်သူ့ ဆေးရုံကြီးက ပြောင်းရွေ့ လာသည့် မီးလောင်ဒဏ်ရာ ပြင်းထန်သည့် သံဃာ လေးပါးအနက် အခြေအနေ အဆိုးဆုံး ဖြစ်သည့် အရှင် သဇ္ဖေန ကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆေးရုံကြီးသို့ ပို့ဆောင်ရန် နိုင်ငံကူး လက်မှတ်များ စီစဉ် နေကြောင်း မီးလောင် ဒဏ်ခံ သံဃာတော် များ အား ပြုစု စောင့်ရှောက် နေ သည့် အရှင် ဦးသုက The Voice Weekly သို့ မိန့်ကြားသည်။

“ကျန်းမာရေး အခြေအနေ ကို အတိအကျ ပြောလို့ မရသေးဘူး။ ဒီနေ့ကျမှ အရှင် သဇ္ဇေနက ပေါင်ကိုက်တယ် ဆိုပြီး ဖြစ်တယ်” ဟု ဆရာတော်က ထပ်လောင်း ပြောကြားသည်။
ယင်းဖြစ်ရပ်နှင့် ပက်သက်ပြီး တစ်ဘက် တွင်လည်း အရှင် သဇ္ဖေနသည် အခြားသော သံဃာတော် တို့နှင့် ယှဉ်လျှင် အနာပိုး ဝင်ခြင်းမှာ ပိုမို ဆိုးရွားကြောင်း၊ သံဃာတော် များ၏ ကျန်းမာရေး အတွက် ယခု အချိန် အထိ နိုင်ငံတော်က ဘန်ကောက် ဆေးရုံသို့ ပို့ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန် ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ ကျော်ကျော် က The Voice Weekly ၏ မေးမြန်းချက်ကို ဖြေကြားသည်။
အဆိုပါ သံဃာတော် လေးပါးမှာ ရန်ကုန် ဆေးရုံကြီးသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရောက်ရှိ ခဲ့ပြီး၊ ရောဂါ အခြေအနေ ပေါ် မူတည်ကာ ဘန်ကောက် ဆေးရုံကြီးသို့ နိုင်ငံတော် ထောက်ပံ့မှု ဖြင့် ပို့ဆောင် ကုသရန် ရှိကြောင်း အရှင် ဦးသုက ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ထုတ်ဖော် ပွဲတွင် အင်အားသုံး ဖြိုခွင်း ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့် သံဃာများ အနက် သံဃာ ငါးပါးသည် ထိခိုက်မှု ပြင်းထန်ပြီး၊ အပြင်းထန်ဆုံး သံဃာ တစ်ပါးကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဘန်ကောက် ဆေးရုံကြီးသို့ ပထမဆုံး ပို့ဆောင် ခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။