တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ
VOA News, 19 December 2012 —- ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ Conservative ပါတီ သမ္မတလောင်း ပတ်ဂင်ဟဲ (박근혜/Park Geun-hye) က အနိုင်ရသွားပါပြီ။
တောင်ကိုးရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာတဲ့ အသက် ၆၀ အရွယ် ပက်ကွန်ဟဲလ် က မဲအရေ အတွက် ၅၀.၁% နဲ့ ပြိုင်ဘက် Liberal သမ္မတလောင်း မွန်ဂျဲအင် (문재인/Moon Jae-in) က ၄၈.၉% အသီးသီး ရရှိနေကြတယ်လို့ မဲပေးပြီးသူတွေဆီ က ကောက်ယူ တဲ့ စစ်တမ်းမှာဖော်ပြလိုက်ပါတယ်။
နိုင်ငံကို ၁၈ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံကို ဆင်းရဲတွင်းက ကယ်တင်နိုင်ခဲ့သူ ၁၉၇၉ ခုနှစ်က လုပ်ကြံ ခံခဲ့ ရတဲ့ အာဏာရှင်ဟောင်း သမ္မတပတ်ချုံဟီးရဲ့ သမီးဖြစ်သူ မစ္စပက် ဟာ အာဏာရ New Frontier Party ရဲ့ လွှတ်တော်အမတ်ဖြစ်ပြီး လွှတ်တော်သက်တမ်း ၅ ကြိမ်ဆက်တိုက် တာဝန် ထမ်း ဆောင်ခဲ့ သူဖြစ်ပါတယ်။ သူက ဒီကနေ့ ဆိုးလ်မြို့တော်မှာမဲပေးရင်း သူအနိုင်ရလိမ့်မယ် လို့ မျှော်လင့်တဲ့ အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ပြိုင်ဘက် Democratic United Party ရဲ့ သမ္မတလောင်း အသက် ၅၉ နှစ်အရွယ် Moon Jae-in ကတော့ တောင်ပိုင်းက Busan ဆိပ်ကမ်းမြို့မှာ မဲပေးခဲ့ပါတယ်။ မစ္စပက်ရဲ့ ဖခင် သမ္မတပတ်ချုံဟီး လက်ထက်မှာ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Mr. Moon အကျဉ်းကျခံခဲ့ရဖူး ပါတယ်။ တောင် ကိုရီးယားနိုင်ငံမှာ မဲပေးနိုင်သူ သန်း ၄၀ ရှိပြီး အနည်းဆုံး ၇၀% ကမဲပေးကြမှာသာ Mr. Moon နိုင်ခြေ ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
No comments:
Post a Comment