Wednesday, August 1, 2012

အစိုးရတပ်တွေကို တိုက်ခိုက်ဖို့ KIA တပ်ဖွဲ့များ အဖွဲ့ဝင်သစ် စုဆောင်းလျက်ရှိ

အစိုးရတပ်တွေကို တိုက်ခိုက်ဖို့ KIA တပ်ဖွဲ့များ အဖွဲ့ဝင်သစ် စုဆောင်းလျက်ရှိ 


ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ (၁၈) ရွာမှာ တစ်ရွာကို လူတစ်ယောက်နုန်း ကချင်ပြည်လွတ်လပ်ရေးတပ်မတော်KIA တပ်ဖွဲ့ထံ တပ်သားသစ် ပို့ပေးနေရပါတယ်။ မန်ဝိန်းကြီးကျေးရွာ
အုပ်စုအတွင်းကလူငယ် (၁၈)ဦးကို KIA တပ်ဖွဲ့ဝင်တွေ အခြေစိုက်တဲ့ ပန်ခမ်းကျေးရွာသို့ ဇူလိုင်လ (၃၀)
ရက်နေ့ကရပ်ရွာလူကြီးများကိုယ်တိုင်သွားရောက်ပေးပို့ခဲ့ရပါတယ်။ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့
မန်ဝိန်း ကြီးဒေသခံလူကြီးတစ်ဦးက အခုလိုမျိုးပြောပါတယ်။
“ကျွန်တော်တို့နယ်မြေကနေ တစ်ရွာတယောက်ခွဲတမ်းကျပေးရမယ်။ မပေးလို့ကို မရဘူး KIA ခေါင်းဆောင်က ပြောပါတယ်။မပေးမဖြစ်ပေးရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရွာက လူ ငယ်တွေကို ပိုက်ဆံ တွေအများကြီးပေးပြီး ရွာလူကြီးတွေကနေ ရှာဖွေရပါတယ်။ မပေးရင် ရပ်ထဲ ရွာထဲဝင်ပြီး သေနတ်နဲ့ပစ်သတ် အနိုင်ကျင့်တာတွေလုပ်မှာကိုလဲကြောက်ရပါတယ်။ အဲဒါနဲ့ ဒီလ (၃၀) ရက်နေ့၊ မနေ့ကပေါ့ ရွာလူကြီးတွေ စုပြီး သွားပို့ပေးလိုက်ရပြီ။ အားလုံး (၁၈) ယောက်။”
မြန်မာ-တရုတ်နယ်စပ်နောင်တောင်းမြို့သို့ ၀င်ထွက်သွားလာတဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့နောင် မွန်း ကျေးရွာမှာလည်းKIAတပ်တွေကလူသစ်အတင်းအဓမ္မစုဆောင်းနေလို့နောင်မွန်းလမ်းဆုံမှာ လူငယ် (၆၅)ဦးအား ဖမ်းဆီးထားပါတယ်။ ဒီတစ်ခါဖမ်းဆီးထားတဲ့အရေအတွက်နဲနဲများတော့ သူတို့တွေရဲ့ ကိုယ်ရေး ရာဇ၀င်အကျဉ်းတွေကောက်ယူခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ကသူလျှိုတွေမပါရှိဖို့အတွက် ခုလိုမျိုး ကိုယ်ရေးရာဇ၀င်ကောက်ရခြင်းဖြစ်တယ်လို့ KIA ဗိုလ်ကြီးဘရန်အောင်ကပြောပါတယ်။ တစ်ချို့ဒေသခံတွေ ကတော့ သေမထူးနေမထူးဘ၀မို့ ထွက်ပြေးကြပါတယ်။ အဲလိုထွက်ပြေးသွားတဲ့ သူတွေအတွက် သူတို့ရဲ့ နဂို ကျေးရွာတွေကနေ အစားထိုးပြန်လည်ဖြည့်ပေးဖို့ KIA  တောင်းဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အခြေ အနေအသေးစိတ်ကို မန်ဝိန်းကျေးရွာလူကြီးဦးအိုက်မောင်းက ခုလိုမျိုးပြောဆိုထားပါတယ်။
“ရွာလူကြီးတွေကို လာပြောတယ်။ ထွက်ပြေးသွားတဲ့သူတွေကို ပြန်ခေါ်ပေးပါ။ မခေါ်ပေး ရင် သူတို့ မိဘတွေကို ခေါ်ထားရမယ် ဘာညာဆိုပြီး ပြောလာတယ်။ ရွာလူကြီးတွေက လည်း ခေါ်လို့မရဘူးထင်တယ်။ သူတို့ဘယ်ကိုထွက်ပြေးမှန်း ကျနော်တို့လည်း မသိဘူးလေ။ အိမ်ကိုလည်း ပြန်မလာဘူးလို့ ပြောပြတာပေါ့။ နောက်ဆုံး တစ်ရွာတစ်ယောက် ပေးရမယ်တဲ့။ မပေးလို့မရဘူးပေါ့။ တစ်ရွာတစ်ယောက် ပေးပြီးမှပဲ အဲဒီ ထွက်ပြေးသွားတဲ့ သူတွေ သူ့ရွာကိုယ့် ရွာ ပြန်လာနေလို့ရမယ်လို့ ပြောပါတယ်။”
ရှမ်းတိုင်းရင်းသား ကျေးရွာများဖြစ်တဲ့ ကွတ်လုံ၊ ကွန်းခမ်း၊ ပန်ခမ်း၊ နောင်မွန်း၊ မန့်လယ်တိုက်၊ နမ့်မဟီး၊ ဆွန်ဖား၊ နောင်ကျွန်း၊ ၀မ့်စန့်၊ ဟိုဟင်၊ ဖာစန့်၊ နောင်နွမ်၊ နောင်နုတ်၊ နားလုံ၊ မန်ဝိန်းကြီး၊ မန့်မွမ်း၊ မန့်ဟွေ့၊ မန့်မိုင် စသည့် ကျေးရွာများမှ ပို့ပေးရခြင်း ဖြစ်ပါတယ်။ အဲဒီရွာတွေအနက် ဖာစန့်၊ နောင်နုတ်နှင့် မန်ဝိန်းကြီး ကျေးရွာတွေမှာ အစိုးရတပ်တွေ ရှိနေပေမယ့် မကြာခန ဆိုသလို KIA တပ်ဖွဲ့ဝင်တွေ ၀င်ထွက်သွားလာ မှုရှိနေပါတယ်။
ဒီရက်ပိုင်းအတွင်း KIAတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ပန်ခမ်းဂိတ်ကို ဖြတ်သန်းသွားလာတဲ့ ခရီး သည်တွေကို KIA က ဖမ်းဆီးပြီး အင်အားသစ် စုဆောင်းနေကြောင်း မူဆယ် ဒေသခံများက ပြောပါ တယ်။ ဒါပေမဲ့ တရုတ်လူမျိုးတွေကိုတော့ ဖမ်းဆီးခြင်း မရှပါဘူး။အဲဒီကိစ္စအတွက် KIA တပ်ဖွဲ့၏ ဦးဆောင် ပါတီဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကဦးလနန်က``သူတို့အနေနဲ့ ဒီလိုမျိုးလူသစ် စုဆောင်း နေတာဟာ အစိုးရတပ်တွေကို အပြတ်တိုက်ထုတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အစိုးရ ဘက်က ဘယ်လိုပဲ အလျော့ပေးပေး KIA ကတော့ ငြိမ်းချမ်းရေးလုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ခုလိုမျိုး လူသစ်တွေ မဖြစ်မနေစုနေရတာဖြစ်ပါတယ်´´ လို့ ပြောဆိုခဲ့ ပါတယ်။
KIA နှင့် အစိုးရတို့ (၁၇) နှစ်ကျော် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ရာမှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လဆန်းကစပြီးတိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ခုဆိုရင် အချိန် (၁) နှစ်ကျော်ကာလ အတွင်း နှစ်ဖက် ကိုယ်စားလှယ်တွေအကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့အထိပြေလည်မှု မရသေး ပါဘူး။ နှစ်ဖက်တိုက်ပွဲတွေအတွင်း အစိုးရတပ်နှင့် KIAတို့ အင်အားသစ် စုဆောင်းမှုအပါအ၀င် လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပြုလုပ်နေကြောင်း တဖက်နှင့်တဖက် အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိနေပါ တယ်။ကချင် ပြည်နယ်လူထုရဲ့အမြင်သဘောထားကတော့ KIA တယူသန်ဝါဒစွဲကြောင့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တွေ ပျက်နေရတဲ့အကြောင်း သိမြင်လာနေကြတာမို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ကနေတစ်ဆင့် နိုင်ငံတော် သမ္မတကြီးထံ စာရေးတိုင်ကြားမှုတွေရှိနေတယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။