အီရန်နိုင်ငံ၌ တာလီဘန် အကြမ်းဖက် အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့်ပေး
ကဘူး၊ သြဂုတ် ၁။အီရန်နိုင်ငံတွင်း၌ တာလီဘန် အကြမ်းဖက်အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့် ပေးလိုက်ပြီး ယင်းအဖွဲ့ ကိုလည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အမေရိကန် နှင့် အာဖဂန် ထောက်လှမ်းရေး အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal တွင် ဖော်ပြထားသည်။
အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်နိုင်ငံ၌ ရေရည် တပ်စွဲခွင့်ပေးမည့် အမေရိကန်-အာဖဂန် မဟာမိတ် စာချုပ်ခဲ့ခြင်းကို တုံပြန်သည့် အနေဖြင့် တာလီဘန် အကြမ်းဖက်အဖွဲ့ကို တရားဝင်ရုံးခန်း ဖွင့်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားသွားသည်။
ထို့ အပြင် အီရန်နိုင်ငံ၏ နူကလီးယား စွမ်းအင် အစီအစဉ်ကို အနောက်နိုင်ငံများ တိုက်ခိုက်လာပါက လက်စားချေ တုံပြန်နိုင်ရန် တာလီဘန် အကြမ်းဖက်အဖွဲ့ကို မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ ပေးအပ်ရန် စီစဉ်လျက်ရှိ ကြောင်း အီရန် ကွက်( Quat ) အထူးတပ်ဖွဲ့ သတင်း ပေးပို့ ချက်များတွင် ဖော်ပြ ထားသည်။
“ ရှီးယားအီရန် နဲ့ ဆွန်နီ တာလီဘန်ကြားမှာ အယူအဆ ရေးရာ၊ ဘာသာရေးရာ ခြားနားမူတွေရှိခဲ့ပေမယ့်လည်း ဘုံရန်သူ အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက် လိုတာကြောင့် ပူးပေါင်း ဆောင်ရွက်လာခြင်းဖြစ်တယ် ” ဟု ကဘူးမြို့ ရှိ အနောက်တိုင်း သံမတန် တစ်ဦးက မှတ်ချက်ပြုသွားသည်။
အာဖဂန်နိုင်ငံအပေါ် အိမ်နီးချင်း အီရန်နိုင်ငံက တင်းမာသော သဘောထားများ ထားရှိသော်လည်း မိမိတို့ ကမူ အီရန်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မျိုးကိုသာ ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း အာဖဂန် သမ္မတကာဇိုင်း၏ အနီးကပ် အကြံပေး တစ်ဦးက ပြောကြားသွားသည်။
The Voice Weekly
http://feeds.feedburner.com/thithtoolwin/yIWV


No comments:
Post a Comment