Wednesday, August 1, 2012

ဗန်းမော်မြို့၊ မြို့မရပ်ကွက်မှာ ၀တ်ပြုဆုတောင်းပွဲပြုလုပ်

ဗန်းမော်မြို့၊ မြို့မရပ်ကွက်မှာ ၀တ်ပြုဆုတောင်းပွဲပြုလုပ် 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဗန်းမော်မြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်းမှာရှိတဲ့ ရှပ်ပြေး အမြန် ရေယာဉ်ဆိပ်မှာ ကန်ဦး သာရေး/နာရေးအသင်းမှ တာဝန်ရှိသူတွေဦးစီးပြီး ၀တ်ပြုစုတောင်းပွဲပြလုပ် ခဲ့တယ်လို့ သိရပါတယ်။
အခုလိုဝတ်ပြုဆုတောင်းပွဲပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့
ဇူလိုင်လ (၂၀)ရက်နေ့က ဧရာဝတီ မြစ်အတွင်း ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ် နစ်မြုတ်ရာတွင် ကွယ်လွန်သွား ကြတဲ့သူတွေကို ရည်စူးပြီးဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့တာပါ။
အခမ်းအနားအစီအစဉ်တွေကတော့ ဗုဒ္ဓဘာသာထုံးစံအတိုင်း ပရိတ်ရွတ်ဖတ်ပူဇော်၍ အမျှပေးဝေခြင်း၊ ခရစ်ယာန်ဘာသာထုံးစံအတိုင်း ဆုတောင်းမေတ္တာပို့သခြင်း၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒိုဘာသာရေး ထုံးစံအတိုင်း ၀တ်ပြုဆုတောင်းခြင်းများနှင့် နှင်းဆီပန်းများရေမျှောကာ မေတ္တာပို့ခြင်း များ ပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားကို NLD ပါတီမှ ပါတီဝင် (၁၀)ဦး ၊ ပြည်ခိုင်းဖြိုးပါတီမှ ပါတီဝင် (၃၀)ဦး၊ တစညပါတီမှ (၃)ဦး၊ ဗန်းမော်ခရိုင်ကျောင်းသားသမဂ္ဂမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးနဲ့ ကွယ်လွန်သွားသူ တွေရဲ့ မိသားစုတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။