Wednesday, August 1, 2012

တရားဝင် ထိုင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား နှစ်လအတွင်း ထုတ်ပြန်သတ်မှတ်ပေးသွားမည်


တရားဝင် ထိုင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား နှစ်လအတွင်း ထုတ်ပြန်သတ်မှတ်ပေးသွားမည် 

Thursday, 02 August 2012 02:26
ထိုင်းနိုင်ငံသို့ အလုပ်သမားများ သွားရောက်ရာတွင် အဆင်ပြေမှုရှိစေရန် တရားဝင် ထိုင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား အမြန်ဆုံး သတ်မှတ်ချထားပေးမည်ဖြစ်ကြောင်း၊ နှစ်လအတွင်း ထုတ်ပြန်ပေးနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။
ထိုင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ တရားဝင်ချထားပေးမှုနှင့်ပတ်သက်၍ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား ဇူလိုင်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ တင်ဒါခေါ်ယူခဲ့ပြီး၊ အေဂျင်စီပေါင်း ၅၁ ခုတင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါအေဂျင်စီများထဲမှ အေဂျင်စီ၏ ခိုင်မာမှု၊ ဌာနမှချမှတ်သည့် ကတိဝန်ခံချက်များအား လိုက်နာနိုင်မှု၊ အလုပ်သမားများအား ဈေးအနည်းဆုံးနှင့် အဆင်ပြေအချောမွေ့ဆုံး ဆောင်ရွက်နိုင်မှု တင်ပြခဲ့သည့် အစီအစဉ်များအပေါ် မူတည်၍ ထိုင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအဖြစ် တရားဝင် စီစစ်ချထားပေးမည်ဖြစ်ကြောင်း၊ အေဂျင်စီပေါင်း(၂၀)ခန့် ချထားပေးရန် လျာထားကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြော ကြားခဲ့သည်။
''ရှေ့လဆန်း ၉ လပိုင်း၊ ၁၀ လ ပိုင်းကျရင် အေဂျင်စီတွေကို ပြန်ချပေး မယ်ပြောတယ်။ ဇူလိုင် ၁၅ ရက်တုန်းက ထိုင်းတရားဝင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ခွင့်ပြုပေးမယ်။ လာတင်လို့ ပြောတယ်။ တင်တဲ့အေဂျင်စီက ၉၀ ကျော်တယ်။ အခု ၂၉ ရက်နေ့ ကျတော့ တင်ဒါခေါ်လိုက်တာ ၅၁ ခု လာတင်တယ်။ ဒါတွေကို အမြန်ဆုံး ပြန်ချပေးမယ်၊ အလွန်ဆုံးကြာရင် နှစ်လပဲလို့ပြောတယ်''ဟု Thai-Myan mar Goal ကုမ္ပဏီမှ ဒါရိုက်တာ ဦးအေးမြင့်က ပြောပြခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။