Sunday, February 10, 2013

ပါတီများ အင်အား လိုအပ်ပါလျှင်.......


ပါတီများ အင်အား လိုအပ်ပါလျှင်.......

ကမ္ဘာ့နိုင်ငံတိုင်းတွင် ၀န်ထမ်းများရှိပါသည်.....။
ဝန်ထမ်းများဆိုရာတွင် အင်းအားအကြီးဆုံး စည်းစနစ်အကျဆုံးနှင့် အသက်ပေး၍တာဝန်ထမ်းဆောင်သည် အထိ အမိန့်အတိုင်းဆောင် ရွက်တတ်သော ၀န်ထမ်းများသည် စစ်သားများ ဖြစ်ပါသည်...။
နိုင်ငံတိုင်းတွင် တပ်မတော်ရှိပါသည်.....။
တစ်ချို့နိုင်ငံများတွင် အချိန်ပြည့်စစ်မှုထမ်း၊ တစ်ချို့နိုင်ငံများတွင် အချိန်ပိုင်း စစ်မှုထမ်း... တစ်ချို့နိုင်ငံများတွင် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ရပြီး အချို့နိုင်ငံများတွင် ဥပဒေအရ စစ်မှုထမ်းကြရပါသည်....။
စစ်တပ်အင်အားအကြီးအသေးနှင့် ခေတ်မီခြင်း မမီခြင်း.....၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုများ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုများသည် ထိုစစ်တပ်ကို ပိုင်ဆိုင်သော နိုင်ငံကို ကိုယ်စားပြုပါသည်.....။
တစ်နည်းအားဖြင့် စစ်တပ်၏အရှိန်အ၀ါသည် တိုင်းပြည်၏ အရှိန်အ၀ါပင်ဖြစ်ပါသည်။
စစ်သားသည်လည်း နိုင်ငံသားတစ်ဦးသာ ဖြစ်ပါသည်...။
စစ်သားများလည်း မိမိဆန္ဒအလျောက် မဲပေးပိုင်ခွင့်ရှိပါသည်....။ တစ်ခုထူးခြားသည်မှာ စစ်သားများကိုတော့ဖြင့် အရပ်သားကဲ့သို့ လွယ်လွယ်ကူကူ မဲဆွယ်ခွင့်(ပါတီ၏ရည်မှန်းချက်များကို ဃဂဏနရှင်းပြခွင့်)
နည်းပါး ပါသည်။ အောက်ခြေအဆင့် စစ်သားများသည် စစ်တပ်အတွင်းမှ အထက်လူကြီးများပြောသမျှကိုသာ နားလည်နိုင်သော
အခြေအနေတွင် ရှိနေပါသည်....။
ယနေ့ခေတ် မြန်မာနိုင်ငံ၏ စစ်တပ်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
အရပ်သားအစိုးရ၏ အမိန့်အတိုင်း လိုက်ပါဆောင်ရွက်နေသော စစ်တပ်
ဖြစ်လာပါသည်..... (ကာချုပ်၏ မိန့်ခွန်းများကိုလေ့လာပါ.....)။
သို့သော်....
ယနေ့နိုင်ငံရေးလောကတွင် စစ်တပ်၏ အခန်းကဏ္ဍကို စစ်တပ်မှ
သွားသော လွှတ်တော်ကိုယ်စားလှယ်များပင် မျက်ကွယ်ပြုလာကြပါသည်။
စစ်အစိုးရနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပါတီများ နိုင်ငံရေးသမားများဆိုလျှင်
ဆိုဖွယ်ရာပင် မရှိပါ......။ အလွန်ပင် မုန်းတီးကြပါသည်....။
ယနေ့ခေတ်ကာလတွင် စစ်တပ်၌ နောက်ခံပါတီမရှိပါ....။
မည်သည့်အကြီးအကဲမှလည်း စစ်မှုထမ်းနှင့် မိသားစုဝင်များကို မည်သည့်ပါတီသို့ မဲပေးရမည်.... မည်သူ့ကို တိုက်ခိုက်ရမည်ဟု ညွှန်ကြားခြင်းမရှိပါ...။
``၀န်ထမ်းဟူသမျှ ပါတီနိုင်ငံရေးကင်းရှင်းရမည်...´´ ဟုသာ ဖော်ပြထား
ပါသည်...။
ပရဟိတ ကင်းရှင်းရန် မလိုပါ.....။
မျက်မှောက်ကာလတွင် စစ်တပ်အတွင်း၌
ပါတီစွဲ ဂိုဏ်းဂဏစွဲလည်း မရှိပါ...။
တစ်ခုတော့ ရှိပါသည်..... စစ်တပ်အတွင်း မိသားစုများ အမှန်တကယ်
စားဝတ်နေရေး ကြပ်တည်းပြီး ခေတ်မီသော အတွေ့အကြုံများ ကျဉ်းမြောင်း ကြပါသည်....။
ယခင် မဆလ လက်ကျန် စစ်မှုထမ်းများ မရှိသလောက်နည်းပါးနေပြီ ဖြစ်ပါသည်...။
ကွန်မြူနစ်လက်ကျန် စစ်မှုထမ်းများ ရှိပင်မရှိတော့ပါ....။
၈၈ အရေးအခင်းနောက်ပိုင်းမှ စစ်တပ်အတွင်း ၀င်ရောက်
စစ်မှုထမ်းသူများပင် အသက်(၄၀)ကျော်ပါပြီ.... အရာရှိအဆင့် စစ်ဦးစီးမှူး ပထမတန်း အဆင့်များသို့ ရောက်ရှိနေပြီဖြစ်ပါသည်...။
အခြားအဆင့်များတွင်လည်း အရာခံဗိုလ်အဆင့်အထိ ရောက်ရှိနေပြီ
ဖြစ်ပါသည်။ ဆိုလိုသည်မှာ စစ်တပ်အတွင်းတွင်လည်း ဒီမိုကရေစီ အနှစ်သာရကို နားလည်မျှော်လင့်သူများ ရှိနေကြောင်း ထင်ဟပ် စေလိုခြင်း ဖြစ်ပါသည်။
စားဝတ်နေရေးပြေလည်စေရန် အနာဂတ်အာမခံချက်ဖြစ်စေမည့်
ဆောင်ရွက်ပေးမည့် မည်သည့် ပါတီမည်သည့် ပုဂ္ဂိုလ်ကို မဆို စစ်တပ်အတွင်းမှ စစ်မှုထမ်းများနှင့် မိသားစုများ
ထောက်ခံ ရွေးချယ်ကြပါမည်....။
ယနေ့ခေတ်အခါတွင်.... တပ်မတော် နယ်လှည့်ဆေးတပ်ဖွဲ့များ ကျေးရွာများတွင် ဆေးကုသပေးနေမှုများ
ဆောင်ရွက်နေပါသည်..... ဤသို့ ယခင်က(လွန်ခဲ့သည့် ၂နှစ်ခန့်က)
ဆောင်ရွက်ခြင်းမရှိပါ.....။
ပါတီများ အနေဖြင့် ဤနယ်လှည့်ဆေးတပ်ဖွဲ့များနှင့်အတူ (လုပ်အားဖြင့်
ဖြစ်စေ...) ပူးပေါင်းပါဝင်မည်ဆိုပါက စစ်တပ်က ကန့်ကွက်မည်
မဟုတ်ပါ....။
ဤသို့ ဆောင်ရွက်နိုင်လျှင် ပြည်သူတို့ ကြည့်မြင်ချင်သော
သတင်းများကို တင်ပြနိုင်ပြီ ဖြစ်ပါသည်...။ တရားဝင်မဟုတ်သော်လည်း
စစ်မှုထမ်းများ၏ နှလုံးသားထဲတွင် ဤကား ဒို့ပါတီ... ဟု အလိုအလျောက်
သတ်မှတ်ပြီး ဖြစ်ပါမည်....။ ရုပ်ဝတ္ထုကို ပိုင်ဆိုင်ခြင်းထက် သာလွန်သော
စိတ်ကို လွှမ်းမိုးနိုင်ခြင်း ဆောင်ရွက်ချက်ဖြစ်ပါမည်....။
စစ်ဆင်ရေးကိစ္စများတွင်လည်း အရပ်သားသမ္မတ၏ အမိန့်အတိုင်းသာ
ဆောင်ရွက်နေပါသည်...
သာဓကအားဖြင့် ရခိုင်ပြည်နယ်အရေးအခင်းကိစ္စ... တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကိစ္စ... အမေရိကန်သမ္မတခရီးစဉ်တွင် ဂုဏ်ပြု
တပ်ဖွဲ့အား အမေရိကန်ထောက်လှမ်းရေးများမှ ခန္ဓာကိုယ်စစ်ဆေးခြင်း
ကိစ္စနှင့် ကချင်ပြည်နယ် စစ်ဆင်ရေး ကိစ္စများတွင် ကြည့်လျှင် မြင်နိုင်
ပါသည်....။
မည်သည့်နိုင်ငံတွင်မဆို ပါတီတစ်ခု၏ ခိုင်မာသော အင်အားကို ရယူလိုလျှင်
စစ်တပ်အား ခါးပိုက်ဆောင်တပ်အဖြစ် သိမ်းသွင်းထားနိုင်ရပါမည်....။
အပြောနှင့် မဟုတ်ပဲ.... စစ်မှန်သော စိတ်နှလုံးဖြင့် အနာဂတ်ကို ကြိုတင်စီမံ
နိုင်သော ဆောင်ရွက်ချက်များဖြင့် သိမ်းသွင်းရပါမည်....။
စစ်တပ်ကို အမြင်မကြည်သူများမှ တောက်လျှောက်တိုက်ခိုက်လျှက်ရှိပြီး
စစ်တပ်မှ နိုင်ငံရေးလောကသို့ ၀င်ရောက်သွားသူများမှလည်း လျစ်လျူရှု
ထားသော ယနေ့ခေတ်ကာလတွင် စစ်တပ်ကို ယုံကြည်မှုဖြင့် စည်းရုံးသိမ်း
သွင်းနိုင်လျှင် စစ်မှုထမ်း အင်အားသာမက စစ်မှုထမ်းမိသားစုများ၏ အင်အားကိုလည်း ရရှိမည်ဖြစ်ပါသည်။
ဤသို့ စည်းရုံးသိမ်းသွင်းရန်လည်း မြန်မာနိုင်ငံတွင် အခြေအနေများစွာ ပေးလျှက်ရှိပါသည်။
ဥပမာ...... တပ်မတော်ဆေးရုံတစ်ခုခုကို ဘယ်ပါတီက ဘာတွေ လှူဒါန်းချင်ပါသည်...ဟု မီဒီယာတွေကိုအသိပေးကာ ကမ်းလှမ်းရပါမည်...။
လက်မခံပဲ နေမည် မဟုတ်ပါ... ထိုသို့ လက်ခံခဲ့သော် အခမ်းအနားဖြင့်
လှူဒါန်းပေးရပါမည်...။
ဤဆောင်ရွက်ချက်ကိုလည်း သတင်းအဖြစ် မီဒီယာတွင် ဖော်ပြရပါမည်။
နိုင်ငံနှင့် ပြည်သူများ၏ အကျိုးအတွက် အတူပူးပေါင်း ဆောင်ရွက်မည်ဆိုပါက
စစ်တပ်မှ မလိုက်ပါစရာ အကြောင်း မရှိပါ..... (ကာချုပ်၏ မိန့်ခွန်းများအား လေ့လာကြည့်လျှင် သိနိုင်ပါသည်)။
စစ်သားများသည် လူစင်စစ်များ ဖြစ်ပါသည်။
မိမိ၏ စားဝတ်နေရေးအတွက်
ဘယ်သူကောင်းအောင်ပိုလုပ်ပေးနိုင်မလဲ...
ဘယ်သူက ပိုပြီးကြင်နာမလဲ....
ဘယ်သူက အနာဂတ်ကို သာယာအောင် ဖန်တီးပေးနိုင်မလဲ......
စဉ်းစားတတ်ပါသည်.....
နောက်တစ်ခု အကြံပြုလိုသည်မှာ စစ်တပ်ကို စည်းရုံး သိမ်းသွင်းပြီးပါကလည်း
ပါတီ၏ ကန့်လန့်ကာနောက်ကွယ်တွင်
စစ်တပ်က အသိအမြင် ကြွယ်တဲ့ စစ်မှုထမ်းတွေကိုအလွတ်သဘော ဆွေးနွေးခြင်းဖြင့်
ထည့်ထားသင့်ပါသည်...။
မည်သည့်အတွက်ကြောင့်ဆိုသော်....
ဝန်ထမ်းအားလုံးထဲတွင် အုပ်ချုပ်မှု အတတ်ပညာနှင့်
ကာကွယ်ရေးစီမံချက်အကောင်းဆုံးအဖွဲ့အစည်း ဖြစ်ခြင်းကြောင့်ပင်
ဖြစ်ပါသည်.... (သို့သော် ဤကိစ္စသည် အရေးမကြီးဟုလည်း သတ်မှတ်နိုင်ပါသည်...)
နိုင်ငံတော်၏ ကောင်းကျိုးအား နိုင်ငံသားတိုင်းမှ စောင့်စားမျှော်လင့်လျှက်
ရှိပါကြောင်းနှင့် ဦးဆောင်ဦးရွက်ပြုမည့် ပါတီများ အနေဖြင့် နိုင်ငံရေး
လောကအတွင်းအလကားရနိုင်သော အင်အားကြီးတစ်ခုအား အကျိုးရှိရှိရယူပိုင်ဆိုင်နိုင်သော
နိုင်ငံရေး ပါတီများ ဖြစ်ကြပါစေခင်ဗျာ....

(ကွန်ဆူးမား)(၁၀-၂-၂၀၁၃)

ဘကြီးသက်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။