Monday, March 25, 2013

သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်


 သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်
Monday, 25 March 2013 17:22 သျှမ်းသံတော်ဆင့်
E-mail    Print   

altသျှမ်းပြည်ထွက် သယံဇာတများဖြစ်သော သစ်တော၊ သတ္တုတွင်းထွက်ပစ္စည်းများတူးဖော်ခြင်း နှင့် လူထုအတွက် အကျိုးယုတ်စေသည့် စီမံကိန်းများအား RCSS ထံခွင့်ပြုချက်ရယူခြင်းမရှိ က အားလုံးပိတ်ပင်တော့ မည်ဟုဆိုသည်။

 “ကျနော်တို့ သျှမ်းပြည်မှာသစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္တုတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြောင့် လူထုဘဝ ရှင်သန်ရပ်တည်ဖို့ အနှောင့်အယှက်ဖြစ်တယ်။ သောက်ရေထွက်ရာကိုသစ်တောတွေ ခုတ်လိုက်တော့ နွေဘက်ဆို ရေက သုံးဖို့မရှိဘူး။ တာချီလိတ် တာလေဘက်ဆိုလဲ ရွှေတူးဖေါ် ရေး ကုမ္ပဏီတွေကြောင့် လယ်သမားတွေ လယ်လုပ်လို့မရဘူး၊ အဲဒါကြောင့် ကျနော်တို့က ဟန့်တားသွားမှာဖြစ်ပါတယ်” - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြော ပါသည်။
altသျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်း ပြည်အတွင်း သစ်၊ တွင်းထွက်နှင့်အခြားသော သယံဇာတများအား သျှမ်းပြည်လူထုအကျိုး ခံစားခွင့်ရရှိသကဲ့သို့ ထိန်းသိမ်းကာကွယ်ဖို့ရန်လည်းတာဝန်ရှိသည်၊ ထို့ကြောင့် လူထုနှင့်လက် တွဲပြီး RCSS/SSA က သျှမ်းပြည်သဘာဝအရင်းအမြစ်များနှင့် သယံဇာတများအားထိန်းသိမ်း ကာကွယ်သွားမည်ဟု ကြေငြာချက် ချက် သုံးချက်ဖြင့် မတ်ခ်ျ ၂၁ ရက်နေ့ကထုတ်ပြန်ကြေငြာ ခဲ့ပါသည်။“အခု အခြေအနေက နေပြည်တော်အစိုးရဆီကနေဘဲ သူတို့ ပါမစ်ယူပြီး သစ်တွေ၊ သယံဇာတ တွေတူးဖေါ် နေကြတယ်လေ။ နောက်ဆို ကျနော်တို့ဆီကပါ ခွင့်ပြုချက်ယူရမယ်။လုပ်ကိုင်ခွင့် ပေးဖို့ မပေးဖို့ ကျနော်တို့ကွင်းဆင်းစစ်ဆေးမယ်။ လူထုကိုထိတွေ့မေးမြန်းမယ်။လူထုအကျိုး မထိခိုက်ရင်တော့ တမျိုး။ မြစ်ဖျား ချောင်းဖျား၊ ကျွဲနွားစားကျက်လိုနေရာများဆိုရင်တော့ ခွင့်ပြုမှာမဟုတ်ဘူး” - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက ဆက်ပြော၏။
အဆိုပါကြေငြာချက်တွင် လာမည့် ၂၀၁၄ ဂျန္နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားကာ လုပ်ကိုင် ခွင့် ပေးထားမည်ဟုပါရှိသည်။

ထို့နောက်ပိုင်း၌နေပြည်တော်အစိုးရထံခွင့်ပြုချက်ရခဲ့ပြီးဖြစ်သော်လည်း သျှမ်းပြည်တပ်မ တော်ထံခွင့်ပြုချက်မရယူပါက လုပ်ကိုင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ လုံခြုံရေးအတွက်လည်း တာဝန်ယူမည်မဟုတ် ကြောင်းပါရှိသည်။
သျှမ်းပြည်အနှံ့သစ်ထုတ်နေသော ကုမ္ပဏီ၊ သတ္တုတူးဖေါ်နေသော ကုမ္ပဏီကြီးအခု ၂၀ ထက် မနည်းရှိနေကြောင်း၊ ထိုကုမ္ပဏီကြီးများမှ ကုမ္ပဏီခွဲလည်း အများအပြားရှိကြောင်း၊တာချီလိတ် ခရိုင်တာလေမြို့နယ်ခွဲ တခုတည်း၌ ရွှေ၊ ရွှေဖြူနှင့် အခြားတွင်းထွက်ပစ္စည်းများ တူးဖေါ်နေ သည့် ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း ထိုကုမ္ပဏီများမှစွန့်ပစ်သောအညစ်ကြေးများကြောင့် စိုက်ပျိုးလယ်မြေနှင့် ကျွဲနွားများအား ပျက်စီသေကြေစေကြောင်း  RCSS ပြောခွင့်ရကပြော သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။