မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်
မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်
မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ် နေသောသတင်းများမဟုတ်မှန် ရန်ကုန်၊ မတ် ၂၅ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ေ နပြီး ယင်းသတင်းများမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ်နေခြင်းကို
မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို
ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The
Voice Weekly သို့ ပြေကြားသည်။
“မြို့နယ်မှုးရော၊
ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ့  အဖွဲ့တွေပါ လူစုလူဝေးဖြစ်တဲ့နေရာတွေကို လိုက်ပြီး ရှင်းပြနေပါတယ်။ ဘာပဋိပက္ခမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြ င် ရပ်ကွက်အလိုက် လူမျိုး/ဘာသာ မရွေး စုပေါင်း၍ လုံခြံရေးဆောင်ရွက်သည့် အစီအမံကို အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ/ ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြော င်း
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကိုးကား၍
သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
တာမွေမြို့နယ်၊
မအူကုန်းရပ်ကွက် ၁၃၈လမ်းရှိ ဓမ္မာရုံတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များ
လာရောက်ဖျက်ဆီးမည်ဆိုသော သတင်းကြောင့် ဗုဒ္ဓဘာသာဝင်များ လူစုလူဝေးဖြင့်
စောင့်ဆိုင်းနေကြပြီး အခြား တစ်ဘက်ကလည်း ယင်းသတင်းများကြောင့် လက်နက်အချို့
ကိုင်ဆောင်ကာ စောင့်ကြည့်မှုများရှိခဲ့ကာ ယခုအခါ အခြေနေကို
ထိန်းသိမ်းနိုင်ပြီဖြစ်ကြော င်းရဲတပ်ဖွဲဝင်များထံမှ
သိရသည်။ ယခုဖြစ်စဉ်များမှာ အဖွဲ့အစည်း တစ်ခုခုက မြန်မာနိုင်ငံတွင် ဘာသာရေး
ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း
ဖြစ်ရန်သေချာကြောင်း၊ အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့်
သည်မျိုးဆောင်ရွက် သင့်ကြောင်း၊ နှစ်ဘက်ဘာသာရေး အဖွဲ့အစည်းများကလည်း
သတင်းအမှားများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းသင့်ပြီး
သံသယစိတ်များနှင့် စောင့်ကြည်သည်မျိုး မလုပ်သင့်ကြောင်း၊ အစိုးရကလည်း
ပြည်သူများ ထိတ်လန့်မှုမရှိစေရန် မီဒီယာများမှတစ်ဆင့် ဖြစ်ရပ်မှန်များကို
အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေသင့်ကြောင်း နိုင်ငံရေးသမားများနှင့်
လေ့လာသူများက ပြောကြားသည်။
The
Voice Weekly
No comments:
Post a Comment