ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၂/၂ဝ၁၂) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
Wed, 10/24/2012 - 19:29
နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်
(၂/၂ဝ၁၂) အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီ (၁၅) မိနစ်တွင်
နိုင်ငံတော်သမ္မတ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့်
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေ ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့်
ပတ်သက်၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့် အဖွဲ့အစည်းများ အလိုက် ဆောင်ရွက်ရန် အချက်များကို အသေး စိတ်
ဆွေးနွေးမှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့်
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဒုတိယသမ္မတဦးဥာဏ်ထွန်းတို့က
ဘဏ္ဍာငွေသုံးစွဲမှုအပေါ် စိစစ် ဆောင်ရွက်ခဲ့မှုများ ကို ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို စာရင်း ဇယားများဖြင့် အသေးစိတ် ရှင်းလင်းတင်ပြ
ကြသည်။
ထိုတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက
လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ
အစည်းအဝေးကို ညနေ (၄) နာရီ (၄၅) မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
No comments:
Post a Comment