Wednesday, October 24, 2012

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ ဝပ်ဖနုံ ဘုရားကို သွားရောက်ဖူးမြော်ကြည်ညိုပြီး အမျိုးသားပြတိုက်နှင့် Tuol Sleng Genocide Museum တို့ကို ကြည့်ရှုလေ့လာ

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ ဝပ်ဖနုံ ဘုရားကို သွားရောက်ဖူးမြော်ကြည်ညိုပြီး အမျိုးသားပြတိုက်နှင့် Tuol Sleng Genocide Museum တို့ကို ကြည့်ရှုလေ့လာ

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး Mr.Thong Khom၊ ကမ္ဘောဒီးယားဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ (၂၂) ရက် နံနက် (၈) နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ ဝပ်ဖနုံ (Wat Phonm) ဘုရားသို့ ရောက်ရှိကြရာ အုပ်ချုပ်ရေးမှူး Mr. Sok Sambath နှင့် တာဝန် ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဝပ်ဖနုံဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီးနှင့် နံ့သာတိုင်များ ထွန်းညှိပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။
ဆက်လက် ဘုရားအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး သာသနိက အဆောက်အအုံ များနှင့် ဝပ်ဖနုံအနုပညာပြတိုက်တို့ကို လှည့်လည် လေ့လာသည်။
အဆိုပါ ဝပ်ဖနုံဘုရားမှာ ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပြီး ခရစ် သက္ကရာဇ် ၁၃၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်တွင် ခင်းကျင်းပြသထားသည့် အန်ကောဝပ်ဒေသမှ ရှေးဟောင်း ပစ္စည်းများနှင့် နိုင်ငံတစ်ဝန်း တူးဖော်တွေ့ရှိခဲ့သည့် ရှေးခေတ် လက်ရာပစ္စည်းများ၊ ရှေးခေတ် ခမာလူမျိုးတို့၏ နေထိုင်မှု၊ အသုံးအဆောင်ပစ္စည်းများနှင့် ကိုးကွယ်မှုဆိုင်ရာ ရုပ်တုများ၊ ရှေးဘုရင် များ၏ နန်းသုံးပစ္စည်း များနှင့် အဆောင်အယောင်များကို လှည့်လည် ကြည့်ရှုကြသည်။
ထိုမှတစ်ဆင့် Tuol Sleng Genocide Museum သို့ ရောက်ရှိကြရာ ပြတိုက် အုပ်ချုပ်မှု ရုံး အကြီးအကဲ  Mr. KE Soponnaka နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ပြတိုက်မှာ ခမာနီအစိုးရလက်ထက်က အကျဉ်းစခန်းအဖြစ် အသုံးပြု၍ လူပေါင်း များစွာကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် နေရာအား ပြတိုက်အဖြစ် ပြသထားခြင်း ဖြစ်သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။