မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်
Photo:RFA/Win
Naung Toe တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊
ဇမ္ဗူသီရိမြို့နယ်အတွင်းကတရားရုံးတွေကိုဝင်ရောက်စစ်ဆေးနေစဉ်
ဇမ္ဗူသီရိမြို့နယ်အတွင်းကတရားရုံးတွေကိုဝင်ရောက်စစ်ဆေးနေစဉ်
RFA News, 26 November 2012 —- တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
ကော်မတီအဖွဲ့ဟာ နေပြည်တော်မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့ ၊
မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။ ကနေ့ စစ်ဆေးမှု အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတွေ ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံးတွေကို ၀င်ရောက် စစ်ဆေးအပြီးမှာ နေပြည်တော်က နေအိမ်ကို ပြန်လည် ထွက်ခွာသွားပြီး ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်းမနား မြို့နယ် တရားရုံးကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။
အခုလို ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တရားရုံးတွေကို ရှောင်တခင် သွားရောက် စစ်ဆေးတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

No comments:
Post a Comment