ကွက်ကြားမိုး ရွာသော မြန်မာနိုင်ငံ ဥပဒေ
ကျနော်တို့သည် အားလပ်နေကြသူများ မဟုတ်ကြောင်း တရားရုံး တခုက တရက် ဆင့်ခေါ်နေသရွေ့
မိမိတို့ ရက်ပေါင်းများစွာ အားလပ်ချိန် ရတော့မည် မဟုတ်ကြောင်း ၊ အမှန်တကယ် ဒီ ဖြစ်စဉ် တခု သီချင်းသီဆိုမှု အတွက် ဆယ်မြို့နယ် သော တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်တိုင်း ကြောက်လန့်ပြီး လိုက်နာနေရမည်ဆိုလျှင် ကျနော်တို့ လုပ်ဆောင်နေသော အကျိုးပြုလုပ်ငန်းများ အလွန်ထိခိုက် နစ်နာပါသောကြောင့် သက်ဆိုင်ရာ စခန်းမှူးများကို ပြန်လည် တင်ပြလိုက်ရန်၊ ဆယ်မြို့နယ် စလုံးမှ စွဲဆိုသော ဒီပုဒ် မ တခုထဲ အတွက် ရုံး တရုံးထဲတွင် တချိန် ထဲ သတ်မှတ်ပြီး တခါ ထဲ စွဲဆို ရင်ဆိုင်ရန် စီစဉ်ပေးပါရန်။
ယခု ကဲ့သို့ အလီလီ ဟိုကခေါ် သည်ကခေါ် နှင့် မိမိတို့ မလာနိုင်ကြောင်း။ ဘာမဟုတ်သည်ကို အဆမတန် ပုံကြီးချဲ့ပြီး အစားပြန်မရနိုင်သည့် မိမိတို့ အချိန်ကို အစတေး မခံနိုင်ပါ။ ယခုပင် ကျောက်တံတား ရဲစခန်းမှူး ရဲအုပ်သိန်းနိုင် ထံ ဖုန်းဆက် အကြောင်းကြားလိုက်သည်။
တလက်စတည်း ကျောက်တံတား စခန်း အပိုင် ဆူးလေတွင်ဖြစ်ပွားခဲ့သော ဘာသာခြား။ လူမျိုးခြားများ ရုန်းရင်းဆန်ခတ် အော်ဟစ် ဆန္ဒ ပြခဲ့စဉ်က ယခု ပုဒ်မနှင့် တရားစွဲဆို အရေးယူခြင်းမျိုး ရှိခဲ့ပါသလား ဟု မေးသည့် အခါ မဖြေနိုင်ခဲ့ပါ။ မြန်မာပြည် တွင် ဥပဒေသည် ကွက်ကျားမိုး အဖြစ် ရွာနေပါသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်
No comments:
Post a Comment