Wednesday, September 26, 2012

စင်ကာပူ သွားမည့် သူများ သတိထားပါ


စင်ကာပူ သွားမည့် သူများ သတိထားပါ  

Singerpore_ee3ရန်ကုန် လေဆိပ်မှာ လူကြုံ ထည့်ပေး လိုက်ပါရစေ ဆိုပြီး လာအကူအညီ တောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ် အကင်းဆုံး ဖြစ်ပါလိမ့်မယ်။
ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင်ကာပူ လေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။
ကျွန်တော့ အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ် ခတ်ခံရပြီး ရဲစခန်း ရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။
စင်ကာပူ အထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်

လူကြုံ ထည့်ပေး လိုက်ပါရစေ ဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာ ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီး ထည့်ပေး လိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာ တက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။
ရန်ကုန် လေဆိပ်မှာ အဲ့လို လူကြုံ ထည့်ပေး လိုက်ပါရစေ ဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီး တစ်ယောက် ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေး ၀န်ထမ်းများ အဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့ အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီ တောင်းပြီး ထည့်ပေး လိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။
ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီး ထည့်ပေးလိုက်တာကို တရားမ၀င် လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူ သွားမယ့် လူများကသာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။
ရန်ကုန် ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င် ပစ္စည်း မဟုတ်တဲ့ အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူး လို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့ လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။
စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်

ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

News from : Myanmar Online News
Post by ; အေးချမ်းမွန်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။