Wednesday, September 26, 2012

ပထမအကြိမ် ပဉ္စမပုံမှန် လွှတ်တော်အစည်းအဝေးများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်


ပထမအကြိမ် ပဉ္စမပုံမှန် လွှတ်တော်အစည်းအဝေးများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်   PDF Print
Wednesday, 26 September 2012 21:01
AddThis Social Bookmark Button
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန်အစည်းအဝေးများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်နှစ်ရပ်လုံးမှ ကြေညာချက်ထုတ်ပြန်မှုအား နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းဌာနများတွင် စက်တင်ဘာလ ၂၆ ရက်နေ့၌ ထုတ်လွှင့်သွားမှုများအရ သိရသည်။
လွှတ်တော်ပုံမှန်အစည်းအဝေးများကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များအား ဖိတ်စာပေးပို့ထားသော်လည်း ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အောက်တိုဘာလ  ၁၆ ရက်နေ့ထက် မစောဘဲ ၁၇ ရက်နေ့ထက် နောက်မကျဘဲ လွှတ်တော်ရုံးအမှတ် ၂၀ သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးများအား  စက်တင်ဘာလ ၇ ရက်နေ့တွင် ရပ်နားခဲ့ပြီး ဥပေးကြမ်းငါးခု အတည်ပြုခြင်း နိုင်ငံတော်ဒုတိယသမ္မတတစ်ဦးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ၁၃ ဦးအား ခန့်အပ်ခြင်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments 
 +2 #2 kodemo 2012-09-26 23:34
လွှတ်တော်မှာ လွှတ်အော်နေလို့မရတော့ပါဘူး။အောက်ကိုလဲပြန်ကြည့်ပါအုံး။ ပြည်သူတွေဂျောက်ပဲရှိတော့တယ်။
တကယ်လုပ်ကြပါဗျာ။တိုင်ပင်တုန်းဆွေးနွေးတုန်းဆိုရင်တော့ဘာမှဖြစ်မလာပါဘူး။အခုလဲဖုန်းတွေကို
တရားဝင်ကြေငြာလိုက်ပီဆိုတော့အင်မတန်ရှက်ဖို့ကောင်းပါတယ်။ဘယ်နှယ့်သူများနိုင်ငံတွေကဖြင့်
ဆင်းကတ်ကိုအလကားပေးပီးတော့တောင်သုံးခိုင်းနေပီ။မြန်မာနိုင်ငံမှာတော့ဈေးနှုန်းလျှော့ချဖို့တောင်
အစီအစဉ်မရှိဘူးဆိုတော့နဲနဲတော့တရားလွန်လာပီနဲ့တူတယ်။အလကားမပေးရင်နေပါ။ဈေးနှုန်းတော့လျှော့
ချပေးသင့်ပါပီ။ဘာလဲ ခရိုနီတွေအတွက်အမြတ်နဲနေသေးလို့လား။အခုလာမယ့်အစည်းဝေးပွဲမှာဖုန်းအကြောင်းပါမယ်လို့မျှော်
လင့်ပါတယ်။
 
+7 #1 NyanHtet 2012-09-26 21:39
ဒီတစ်ခေါက် လွှတ်တော်ကြီးအတွက် ထမင်းဘိုး ဘယ်လောက်
ခန့်မှန်းထားပါသလဲ??ဆန်တွေ ဆီတွေ စုဆောင်းထားပြီးပါပြီလား??
တိုင်းပြည်အနှံ့ရေကြီး လို့ ဆန်ရေ စပါးတွေ ရှားပါးနေပါသည်။
ကချင်ဒေသတွင် စစ်ပွဲများ ဖြစ်နေသဖြင့် စပါးမစိုက်နိုင်၊
လွှတ်တော်က ဟန်ပြ.............
ဆင်းရဲသားများကို မြို့တော်ဝန်က တိုက်ဖျက်........
ငြိမ်းချမ်းရေး သမားတွေကို ရဲက ဖမ်း.........
တ လွဲ တ ချော် တွေ ကြည့်နေရပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။