Wednesday, September 26, 2012

စာနယ်ဇင်းကောင်စီ (ယာယီ) ပထမအကြိမ် အစည်းအဝေးပြုလုပ်ပြီး ကော်မတီလေးခု ဖွဲ့စည်း

စာနယ်ဇင်းကောင်စီ (ယာယီ) ပထမအကြိမ် အစည်းအဝေးပြုလုပ်ပြီး ကော်မတီလေးခု ဖွဲ့စည်း  PDF Print
Thursday, 27 September 2012 01:26
AddThis Social Bookmark Button
စာနယ်ဇင်းကောင်စီ (ယာယီ)၏ ပထမအကြိမ် အစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ၈ မိုင်ရှိ ကုန်းမြင့်သာ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးက ကော်မတီလေးခု ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းကော်မတီလေးခုမှာ စီမံရေးနှင့် ဘဏ္ဍာရေးကော်မတီ၊ ကျင့်ဝတ်နှင့် ဥပဒေရေးဆွဲရေးကော်မတီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီများ ဖြစ်သည်။
ကျင့်ဝတ်နှင့်ဥပဒေရေးရာ ကော်မတီတာဝန်ခံအဖြစ် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေကို ခန့်အပ်ခဲ့ပြီး ကောင်စီအဖွဲ့ဝင်များအားလုံးက ကော်မတီဝင်အဖြစ် ပါဝင်ခဲ့သည်။ ကျန်ကော်မတီသုံးခုကို တာဝန်ခံတစ်ဦး နှင့် အဖွဲ့ဝင်ရှစ်ဦးစီဖြင့် ဖွဲ့စည်းခဲ့ပြီး တာဝန်ခံများအဖြစ် စီမံရေးနှင့် ဘဏ္ဍာရေးကော်မတီတွင် ဦးသောင်းစုငြိမ်း၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီတွင် ဦးကိုကိုကြီး (ဟန်ဂေရီ)နှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေး ကော်မတီတွင် တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်းတို့ကို ခန့်အပ်ခဲ့သည်။
အစည်းအဝေးတွင် စာနယ်ဇင်းကောင်စီ(ယာယီ)၏ လုပ်ငန်းစဉ်များအတွက် ငွေကြေးလှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ပြီး Eleven Media Group မှ ကျပ် ၂၅ သိန်း၊ 7 Days News Journal မှ ကျပ်၂၅ သိန်း၊ ပေါ်ပြူလာဂျာနယ်မှ ကျပ် ၂၅ သိန်း၊ စွယ်စုံမီဒီယာမှ ကျပ် ၁၅ သိန်းနှင့် Forever Group  မှ ကျပ် ၁၀ သိန်းတို့ကို လှူဒါန်းခဲ့သည်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။