မြန်မာနိုင်ငံကို ဒေါ်လာသန်း ၁၇၀ အမေရိကန် ကူညီမည်ဟု ကမ်းလှမ်း
Thailand, Sunday, Nov. 18, 2012. (AP Photo/Carolyn Kaster)
The Voice Weekly , 19 November 2012 — ဖနွမ်းပင်၊ နိုဝင်ဘာ ၁၉
ဒီမိုကရက်တစ်အဖွဲ့အစည်းများ ထူထောင်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများကို
အကူအညီပေးရန်နှင့် ပညာရေး ပိုင်း မြှင့်တင်နိုင် ရန်တို့အတွက် အမေရိကန်သမ္မတ
အိုဘားမားက မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ သန်း ၁၇၀ အကူအညီပေးရန်
ကမ်းလှမ်းမည်ဟု အမေရိကန်အစိုးရအဖွဲ့ဝင်အရာရှိအချို့က ပြောကြားကြောင်း AFP
သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ ကမ်းလှမ်းမှုကို သမ္မတအိုဘားမားအနေဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိပါက
သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးဖွယ်ရှိကြောင်းလည်း ယင်းသတင်းတွင်
ဖော်ပြထားသည်။
ကန် သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦးစလုံးသည် ယနေ့
ညနေတွင် ကျင်းပမည့် ဖနွမ်းပင် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်
မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အထူးလေယာဉ် များဖြင့်
ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
အိုဘားမားသည် မြန်မာနိုင်ငံရန်ကုန်မြို့တော်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိနေပြီဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

No comments:
Post a Comment