အငြင်းပွားရေပိုင်နက်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ထားရှိရန် ဖိလစ်ပိုင်ဥပဒေပြုအမတ် အကြုံပြု |
Sunday, 29 July 2012 15:26 |
အငြင်းပွားရေပိုင်နက်တွင်
နှစ်နိုင်ငံလက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားမှုကို တားဆီးရန်အတွက် ကုလသမဂ္ဂ
ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များထားရှိရေး တောင်းဆိုရန် ဖိလစ်ပိုင်အတွက်
အချိန်ကျရောက်လာပြီဟု ဖိလစ်ပိုင် ဥပဒေပြုအမတ်တစ်ဦးက အကြံပြုခဲ့သည်။ ဖိလစ်ပိုင်ဘက်ပိုင်း Spratly ကျွန်းစုရှိ Pagasa ကျွန်းအနီးတွင် တရုတ်ငါးဖမ်းသင်္ဘောများစွာပါဝင်သည့် သင်္ဘောစြုကီးတစ်ခုကို မြင်တွေ့ရသည်ဆိုသော အစီရင်ခံစာများ ထွက်ပေါ်ချိန်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို အကူအညီ တောင်းခံရန် အမျိုးသားကာကွယ်ရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ Rodolfo Biazon က အကြံပြုခဲ့ခြင်း ဖြစ်သည်။ တရုတ် ငါးဖမ်းသင်္ဘောအစီး ၂၀ ပါဝင်သော သင်္ဘောအစုသည် Pagasaကျွန်းအနီးသို့ ချဉ်းကပ်လာမှုကို မြင်တွေ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်ပိုက်နက်ထဲသို့ ၀င်ရောက်လာမည့် တရုတ်ငါးဖမ်းသင်္ဘောများကို ဟန့်တားရန် မိမိတို့ရေယာဉ်များက အသင့်ဖြစ်နေပြီဟု ဖိလစ်ပိုင်လေတပ်က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင်တို့၏ ပိုင်နက်အငြင်းပွားမှုကို ငြိမ်းချမ်းသည့် ဖြေရှင်းချက်တစ်ခု ရရှိရန်အတွက် အစိုးရအဖွဲ့က မျှော်လင့်ထားသည်ဟု ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ပြောကြားခဲ့ပြီး တည်တည်ငြိမ်ငြိမ် ဖြေရှင်းရန် အတွက် တိုက်တွန်းခဲ့သည်။ စစ်ပွဲဖြစ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံက အသင့်ဖြစ်နေပြီလားဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင်''ကျွန်တော်တို့က အမြဲအသင့်ပါပဲ''ဟု သမ္မတ အကွီနိုက ဖြေကြားခဲ့သည်။ ငါးဖမ်းသင်္ဘောများနှင့်အတူ စစ်သင်္ဘောနှစ်စီး ပါဝင်သည် ဆိုသောသတင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန်ကိုမူ သမ္မတက ငြင်းဆိုခဲ့သည်။ ဗီယက်နမ်နိုင်ငံက ရေကြောင်း ဥပဒေသစ်တစ်ခုကို အတည်ပြုခဲ့ခြင်းနှင့် Paracel ကျွန်းကို ၎င်း၏ အချုပ်အခြာ အာဏာအောက်တွင် ထားရှိမည်ဟု ထုတ်ပြန်ခဲ့ပြီး တစ်လအကြာတွင် တရုတ်နိုင်ငံက ငါးဖမ်းသင်္ဘောအစီး ၃၀ ပါဝင်သည့် သင်္ဘောအစုကို Spratlys ကျွန်းစုသို့ စေလွှတ်ခဲ့သည်။ Ref: AFP |
No comments:
Post a Comment