Monday, July 30, 2012

လက်ခစား ရေထွက်ကုန်ထုတ်လုပ်မည့် စက်ရုံတည်ထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု


လက်ခစား ရေထွက်ကုန်ထုတ်လုပ်မည့် စက်ရုံတည်ထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု 

လက်ခစား CMP စနစ်ဖြင့် ရေထွက်ကုန်များ ပြုပြင်ထုတ်လုပ်မည့် စက်ရုံတည်ထောင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ ယခုအပတ်အတွင်းက ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများ ထံမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ(Myanmar Citizens Investment Law)အရ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဖြစ်ကြောင်း၊ ဦးနီ ဒေါ်ဖြူကုမ္ပဏီအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေထွက်ကုန်များအား လက်ခစားစနစ်ဖြင့် ပြုပြင်ထုပ်ပိုးသည့်စက်ရုံ မရှိသလောက်နည်းပါးကြောင်း၊ အအေးခန်းစက်ရုံများသာ အများအပြား တည်ထောင်ထားကြောင်း သိရသည်။
''ဦးနီ-ဒေါ်ဖြူ အနေနဲ့လျှောက်တာ CMP စနစ်နဲ့ လုပ်မယ့်စက်ရုံထောင်ဖို့ပါ။ အဲဒါ ဒီအပတ်ထဲမှာ ချထားပေးခဲ့တယ်။ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့တာပါ''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဇူလိုင်လဆန်းပိုင်းကလည်း CMP အနေဖြင့် စီးကရက်၊ ဘီယာနှင့် အချိုရည်စက်ရုံတစ်ခုကို ချထားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။