Monday, July 30, 2012

ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မှာ ဂုဏ်ပြုကြိုဆိုရန် စီစဉ်ညှိနိုင်းကြပြီ


ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မှာ ဂုဏ်ပြုကြိုဆိုရန် စီစဉ်ညှိနိုင်းကြပြီ:



07/30/2012



ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မှာ ဂုဏ်ပြုကြိုဆိုရန် စီစဉ်ညှိနိုင်းကြပြီ







 










လာမည့် စက်တင်ဘာလ တတိယအပတ်တွင် အမေရိကပြည်ထောင်စုသို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လာရောက်မည်ဖြစ်ရာ အမေရိကပြည်ထောင်စု၌ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီအင်အားစုများက သိုက်သိုက်ဝန်းဝန်း

ဂုဏ်ပြုကြိုဆိုကြမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည် ။ ၄င်းကိစ္စနှင့်ပတ်သက်၍ မနေ့ က ( ၂၈-၇-၂၀၁၂ ) နေ့ ၌
နယူးယောက်မြို့ တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဂုဏ်ပြုကြိုဆိုနိုင်ရန် ကြိုတင်ညှိနိုင်းအစည်းအဝေးတရပ်ကို ကျင်းပခဲ့ ကြသည် ။
ယင်အစည်းအဝေးသို့ နယူးယောက်မြို့  စာပေနှင့် ယဉ်ကျေးမှူအဖွဲ့  နာယက - ကဗျာဆရာကြီး မောင်စွမ်းရည်
၊ ရွှေဝါရောင်တော်လှန်ရေးကျောင်း -ဆရာတော် ဦးပညာဇေါတ ၊ နယူးယောက်မြို့  စာပေနှင့် ယဉ်ကျေးမှူအဖွဲ့  -အတွင်းရေးမှူး
ဦးခိုင်အောင်ကျော် ၊  မိုးသီးဇွန်တို့  တက်ရောက် ခဲ့ ကြသည် ။
     အစည်းအဝေးတွင် အခန်းအနားမှူးအဖြစ် ကိုနေတင်မြင့်က ဆောင်ရွက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ကိုဆိုရန်အစီအစဉ်များ
ကို ဆွေးနွေးတင်ပြသည် ။ ကိုအောင်မှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းနှင့် ဆက်သွယ်ထားခြင်းမှအစ
ဂုဏ်ပြုကြိုဆိုရေးအတွက် ကော်မီတီများ ဖွဲ့ စည်းနိုင်ရေးကို တင်ပြသည် ။ ကဗျာဆရာကြီး ဦးမောင်စွမ်းရည်မှ ဒေါ်အောင်ဆန်းစုကြည်၏
နိုင်ငံခြားခရီးစဉ်များမှာ အကအခုန်တွေနှင့် ဖြစ်နေသည်သာများပြီး နိုင်ငံရေးအနှစ်သာရ ပါအောင် ပြုလုပ်ကြစေ လိုကြောင်း တင်ပြသည် ။
ဆရာတော် ဦးပညာဇေါတမှ ကြိုဆိုပွဲတွင် မိမိတို့ ကိုယ်ကျိုး အတွက် ဒေါ်စုနှင့် အတူ ဓါတ်ပုံအရိုက်ခံကာ ပြုလုပ်ခြင်းများကို
ရှောင်ရှားပေးကြရန် မိန့် မြွတ်သည် ။ ဦးခိုင်အောင်ကျော်မှ ကော်မီတီများဖွဲ့ ပြီး အကန့် လိုက် မိမိတို့ ကော်မီတီ အနေဖြင့် ဆောင်ရွက်စရာ
များကို ဆောင်ရွက်ကြပေးရန် တင်ပြသွားသည် ။ ၈၈-ကျောင်းသား မိုးသီးဇွန်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ နိုင်ငံရေးအနှစ်သာရ
ပီပြင်စေရန်အတွက် မေးခွန်းများကို တိတိကျကျ သေသေချာချာ လက်ခံစုဆောင်းပြီး မေးသင့်သောမေးခွန်းများ ကို ညှိနိုင်းကာ
စစ်ဆေးထားရန် လိုကြောင်း တင်ပြသွားသည် ။
       အစည်းအဝေးတွင် တက်ရောက်လာသော သူများ၏ ဆန္ဒသဘောအရ ဂုဏ်ပြုကြိုဆိုပွဲကို ချို့ ယွင်းချက် အနည်းဆုံးနှင့်အမှားအနည်ဆုံး
ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်များကို သင်ခဏးစာယူပြီး ပြုလုပ်ကြရန် ကိုနေတင်မြင့်က တင်ပြသွားသည်။
မနေ့ က ဖွဲ့ စည်းလိုက်သော ဆပ်ကော်မီတီ၌ ဘဏ္ဍာရေးကော်မီတီ ၊ သတင်းနှင့် ပြန်ကြားရေးကော်မီတီ  ၊နေရာအစီအစဉ်နှင့် အခန်းအနား
ပြင်ဆင်ရေးကော်မီတီတို့ ကို ဖွဲ့ စည်းခဲ့ ပြီး မိမိတို့  ဆန္ဒအရ တာဝန်ယူ လက်ခံသဘောတူကြခဲ့ သည် ။
      ယခုဖွဲ့ စည်းလိုက်သော ကော်မီတီများတွင် မပါဝင်လိုက်ရသော သူများကို နောက်လာမည့် တနင်းဂနွေ နေ့ တွင် ပြုလုပ်မည့်
အစည်းအဝေး၌ ထပ်မံလက်ခံမည်ဖြစ်သည် ။ နယူးယောက်မြို့ သို့  ဒေါ်အောင်ဆန်းစုကြည်မှ စက်တင်ဘာလ တတိယအပတ်တွင်
ရောက်ရှိလာမည်ဖြစ်ရာ မြန်မာ့ ဒီမိုကရေစီအင်အားစု တိုင်းရင်းသားလူမျိုးပေါင်းစုံမှ လုံခြုံရေးနှင့် စနစ်တကျ ကောင်းမွန်တွေ့ ဆုံ
နိုင်ရေးအတွက် အဖက်ဖက်မှ ကြိုတင်ညှိနိုင်းကြခြင်းဖြစ်သည် ။ အခန်းအနားမှူး အဖြစ် ဆောင်ရွက်သူ ကိုနေတင်မြင့်၏ အစည်းအဝေးတွင်
ထုတ်ပြန်ချက်အရ ပြည်နယ်ပေါင်းစုံမှ တိုင်းရင်းသားညီနောင် ဒီမိုကရေစီအင်အားစုများမှ လာရောက်ကြမည်ဖြစ်ရာ ယခုအချိန်ထိ

မည်သည့်အချိန် မည်သည့်နေ့ ရက်ကို တိကျစွာ အချိန်ဇယား မထွက်သေး၍ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသော်လည်း လူဦးရေ
-၃၀၀၀- ကျော်လောက် နယူးယောက်မြို့  ဂုဏ်ပြုကြိုဆိုပွဲသို့  တက်ရောက်လာကြမည်ဟု ခန့် မှန်းပြောဆိုနိုင်ကြောင်း တင်ပြသွားပါသည် ။။ 
ခိုင်အောင်ကျော်
သတင်းနှင့်ပြန်ကြားရေး ကော်မီတီ
ဂုဏ်ပြုကြိုဆိုပွဲ ကော်မီတီ - နယူးယောက်မြို့ 
အမေရိကပြည်ထောင်စု  



No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။