ရွှေမှော်များသို့ပြေးဆွဲနေသော စက်လှေများကို တိုက်နယ်မှူးမှ အခွန်ကောက်
ဇူလိုင် ၂၉ရက်
တဗျီးချောင်းရွှေမှော်၊ အောင်လော့ဒ်ရွှေမှော်နဲ့ ကတွဒ်ရွှေမှော်တို့မှာ
ပြေးဆွဲနေသော စက်လှေများကို တနိုင်း တိုက်နယ် မှူးရုံးမှ တန်ဂျီး မှ
တစ်နှစ်စာအတွက် စက်လှေအသေးကို ၁၀၀၀၀၀ကျပ်နဲ့ စက်လှေအကြီးကို ၁၅၀၀၀၀ကျပ် ကို
သြဂုတ်လ နောက်ဆုံးထားပြီး ပေးရန်ပြောကြားခဲ့တယ်လို့ စက်လှေသမားများက
ပြောကြပါတယ်။
တောင်းတဲ့အခွန်ငွေကို မပေးရင် စက်လှေကို ပစ်မြုပ်မယ်။လူကိုလဲ အသက်နဲ့ခန္ဓာ အိုးစားကွဲအောင်လုပ်မယ်လို့လဲ ခြိမ်းခြောက်သွားခဲ့ပါသေးတယ်။ အခုတလော ရွှေမှော်တွေက KIA ရဲ့ အခွန်ငွေတွေကြောင့် လုပ်တဲ့သူလည်းနည်းပါးလားလို့ စက်လှေတွေကို ငှားရမ်းမှုလဲနည်းလာတယ်လေ။ ပိုက်ဆံတွေလဲသိပ်မရပေမယ့် အခုလို သူတို့ကအခွန်ငွေတွေအဆမတန် တောင်းတော့ စားစရိတ်၊ နေစရိတ်နဲ့ မလောက်မငှဘဲသူတို့အတွက်ဘဲပေးနေရတယ်လို့ စက်လှေသမားတစ်ဦးက ပြောပါသည်။

No comments:
Post a Comment