၂၀၀၅ မှ၂၀၁၁ ခုနှစ်ကုန်အထိ တရားမ၀င် ကုန်စည် ၄၇ ဘီလျံကျော်ဖိုး ဖမ်းမိ |
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ နယ်စပ်စခန်းများနှင့်
ကန့်သတ်ကုန်စစ်ဆေးရေးစခန်းများမှ ဖမ်းဆီးရမိသည့် တရားမ၀င်
ကုန်ပစ္စည်းဝင်ရောက်မှု အမှုတွဲပေါင်း ၁၁၄၅၇ ရှိပြီး ခန့်မှန်းတန်ဖိုးကျပ်
၄၇.၅၃၂ ဘီလျံခန့် တားဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က
ပြောကြားခဲ့သည်။ ''နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကနေ တရားမ၀င် ကုန်ပစ္စည်းဝင်ရောက်မှုကို တားဆီးနိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ တိုးတက်လာတဲ့အပြင် ပြည်သူလူထုအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ စားအုန်းဆီ၊ဆေးဝါးများ၊ မူးယစ်ဆေးဝါးနဲ့ ကျောက်မျက်ရတနာများကို တားဆီးနိုင်ခဲ့ပါတယ်။ နောင်တွင်လည်း စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို နယ်စပ် ကုန်သွယ်ရေး စခန်းများနဲ့ ပင်လယ်ရေကြောင်း ဆိပ်ကမ်းကုန်ပစ္စည်းဝင်ရောက်နိုင်တဲ့ ၀င်ပေါက်နေရာတွေကို ပိုမိုကြပ်မတ်ဆောင် ရွက်သွားမှာပါ''ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်းတွင် ပြည်တွင်းသို့ တရားမ၀င် ကုန်ပစ္စည်းများနှင့် ဆိုင်ကယ်၊ လူသုံးကုန်၊ စားသောက်ကုန်၊ စားသုံးရန်မသင့်သည့် ဆီနှင့်ဆေးဝါးများအပြင် ပြည်သူလူထု အန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်လာသည့်အတွက် စနစ်တကျ တားဆီးနိုင်ရန် သက် ဆိုင်ရာ အဖွဲ့အစည်းများဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကလည်း နယ်စပ်ဝင်ပေါက်မြို့များနှင့် တရားမ၀င် မှောင်ခိုတင်သွင်းရာ လမ်းကြောင်းများတွင် အကောက်ခွန်ရုံးများ ဖွင့်လှစ်ပြီး တရားမ၀င်မှောင်ခိုတင်သွင်း၊ တင်ပို့ခြင်းများကို တားဆီးလျက်ရှိကြောင်း သိရသည်။ |
No comments:
Post a Comment