နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေသစ် မကြာမီ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရ |
နိုင်ငံခြားသုံးငွေဆိုင်ရာ
ကန့်သတ်ချက်များအား ပိုမိုဖြေလျော့ပေးနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေ
စီမံခန့်ခွဲမှု ဥပဒေသစ်(Foreign Exchange Management Law)ကို မကြာမီပြ
ဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေသစ် အတည်ပြုပေးနိုင်ပါက နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေများ သယ်ယူခြင်းနှင့် ထုတ်ယူခြင်းများတွင် မြန်ဆန် လွယ်ကူလာမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ယနေ့အထိ လိုင်စင်ထုတ်ပေးထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ ၂၁ ခုနှင့် ငွေရေးကြေးရေးကုမ္ပဏီ ကိုယ်စားလှယ်ရုံးခွဲတစ်ခု၊ စုစုပေါင်း ၂၂ ခုရှိကြောင်း သိရှိရပြီး ငွေရေး ကြေးရေးကဏ္ဍအပေါ် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများအား အကန့်အသတ်ဖြင့် ဆောင်ရွက်နေရခြင်းမှာ ပြည်တွင်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်မှုအပေါ် အခြေခံ၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ''ဒီနိုင်ငံခြားသုံးငွေဥပဒေက ၁၉၄၇ ခုနှစ်ကတည်းကဆိုတော့ ခေတ်မမီတော့ဘူး။ ပြင်သင့်တာလည်း ကြာပါပြီ။ အခုချိန်မှာ ခေတ်မမီတော့တဲ့ ဥပဒေဟောင်းတွေပြင်တယ်ဆိုတာ ကောင်းတဲ့အလုပ်ချည်းပါပဲ''ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကြံပေး-၂နှင့် ကမ္ဘောဇဘဏ်၊ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။ |
Comments