လနရေတံခွန်ရှိ သံမဏိစက်သီးကြိုးပုခတ်ပြတ်ကျအမျိုးသမီး ၂ ဦးရေစီးနှင့်မျောပါ
ဆဒုံး၊ ကန်ပိုက်တီးလမ်းကြောင်းပေါ်မှာရှိတဲ့ လနရေတံခွန်အနီး
တံတားကိုအသုံးပြုလို့မရအောင် KIA (ကချင်) လက်နက်ကိုင်အဖွဲ့မှ
ဖျက်ဆီးပြီးနောက် ဒေသခံများမှ သံမဏိကြိုးပုခတ်နဲ့ သံမဏိ
ကြိုးတံတားပြုလုပ်ပြီး အန္တရာယ်ကြားကနေ အသက်နဲ့ရင်းပြီး သွားလာလို့ရအောင်
ပြုလုပ်ထား ကြောင်း သိရှိရပါတယ်။ ဒါကို KIA က စစ်ရေးအရဖောက်ခွဲ ဖျက်ဆီးထား
တာဖြစ်လို့ လုံးဝမဖြတ်ကူးဘို့ တားမြစ်စာတွေပို့၊ တံတားဟောင်း အနီးနားမှာ
မိုင်းခွဲတာတွေလုပ်ခဲ့လို့ သွားလာမှုတွေ အနည်းငယ် ရပ်တန့်သွားခဲ့ကြောင်း၊
မဖြစ်မနေ သေရေးရှင်ရေး အရသွားလာရမဲ့သူများက ဆက်လက်ဖြတ်ကူးနေဆဲဖြစ် ကြောင်း
သိရှိရပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့မှာ သံမဏိကြိုးပုခတ်နဲ့ဆိုင်ကယ် ၂ စီး၊ ယောက်ျား ၂
ယောက်၊ မိန်းမ ၂ ယောက်ဖြတ်ကူးတာ ကြိုးပြတ်ကျလို့ချောင်းထဲမှာ မိန်းမ ၂
ယောက်ရေစီးနဲ့ မျောပါပျောက်ဆုံး နေကြောင်း သတင်းပေးလာပါတယ်။
စုံစမ်းကြည့်တော့ KIA က လုံးဝမဖြတ်ကူးဘို့သတိပေးထားရက်နဲ့
ဆက်ပြီးဖြတ်ကူးနေလို့ ပုခတ် ကိုင် သံကြိုးကိုဖြတ်ပစ်ဖို့
ကူးတို့ကူးပေးနေတဲ့ အဖွဲ့ထဲက ရွာသားတစ်ယောက်နဲ့ပေါင်းပြီး ဖျက်ဆီး
ခိုင်းတာဖြစ်ကြောင်းနဲ့။ အဲဒီရွာသားလည်းထွက်ပြေးသွားပြီဖြစ်ကြောင်း
ဆဒုံးမြို့နယ်ခွဲမှ ဒေသခံ တစ်ဦးက ပြောပြလာပါတယ်။
No comments:
Post a Comment